ရာသီအချိန်မှန် သွေးလွန်တုပ်ကွေးရန်
သွေးလွန်တုပ်ကွေး ရာသီသို့ရောက်ရှိလာတာနှင့် အမျှ ကလေး၊လူကြီး ကအစ သက်ကြီးရွယ်အို တွေအထိတိုင်အောင် ရောဂါပိုး ကူးစက် ခြင်း အန္တရာယ်မှ ကင်းဝေးစေဖို့ အတွက်အထူးဂရုစိုက်လာကြပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဆိုတာကတော့ တုပ်ကွေး ဗိုင်းရပ်စ်တွေထဲက မှ ခြင်းကျား မှတစ်ဆင့် ကူစက်နိုင်ပြီး နာကျင်မှု တွေ၊ အာအင်ကုန်ခမ်းခြင်းစတဲ့ဝေဒနာတွေ ကို ခံစားရသော ရောဂါတစ်မျိုးဖြစ်ပါတယ်။ အသက် ၁၂ နှစ်အောက်ကလေးငယ် လေးတွေမှာ အဖြစ်များပြီး ကလေးတွေဟာ အပြင်ဖျား နေကာ မှိန်းနေတယ်၊ အန်နေတယ် ၊ ဗိုက်နာတယ် ဆိုရင် တော့ သွေးလွန်တုပ်ကွေးဝေဒနာခံစားရနိုင်ခြေရှိပြီး ဆေးရုံ၊ဆေးခန်း ကို အမြန်သွားပြဖို့ မမေ့သင့်ပါဘူး။ ကမ္ဘာပေါ်တွင် နှစ်တိုင်း ခန့်မှန်းခြေ
လူသန်း ၄၀၀ လောက်ဟာ တုပ်ကွေးရောဂါ ကူးစက်ခံရပြီး ၉၆ သန်းသောလူတွေဟာ ဖျားနာခြင်းကို ခံစားကြရပါတယ်။ သွေးလွန်တုပ်ကွေး ရောဂါ လက္ခဏာတွေဟာ ရောဂါပိုး ကူးစက်ခံပြီး နောက် ၄ရက်မှ ၆ ရက် အတွင်း ရောဂါလက္ခဏာ ပြပြီး ၁၀ ရက်လောက် ထိ ကြာကြာ ရောဂါလက္ခဏာပြတာကြောင့် သိသိချင်း ဆေးရုံ/ဆေးခန်း သို့သွားပြသင့်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါလက္ခဏာတွေကတော့-
⭕ ရုတ်တရက်အပြင်းဖျားခြင်း။
⭕ ခေါင်းကိုက်ဝေဒနာခံစားရခြင်း။
⭕ မျက်လုံးနာ/အောင့်ခြင်း။
⭕ အရိုးအဆစ်နှင့်ကြွက်သားများရောင်ရမ်းခြင်း။
⭕ မောပန်းခြင်း။
⭕ နှာစေးခြင်း။
⭕ အော့အန်ခြင်း။
⭕ မိတ်၊အင်ပျဉ်ကဲ့သို့ အရေပြားပေါ်တွင် အဖုအပိမ့် အနီကွက်ထခြင်း။
⭕ နှာခေါင်းသွေးလျှံခြင်း။
⭕ ပင်ပန်းလွယ်ခြင်း တို့ပဲဖြစ်ပါတယ်။
ရောဂါလက္ခဏာတွေက သာမာန်တုပ်ကွေးရောဂါ ဒါမှမဟုတ် အခြား ကူးစက်ရောဂါ တွေနှင့် ဆင်တူ နိုင်ပြီး ရောဂါလက္ခဏာကို သေချာ ဂရုပြု ဖို့ လိုအိပ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါပိုးတသ်ခါမှ မကူးစက်ဖူးသော ကလေးနှင့် လူကြီး ထက် သက်ကြီးရွယ်တွေနှင့် လူငယ်တွေဟာ ကူးစက်နိုင်ခြေ ပိုမို ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ရောဂါလက္ခဏာပြနေချိန် ဆေးရုံ/ဆေးခန်းအချိန်မှီမပြပါက အခြေအနေပိုမို ဆိုးရွာလာဖို့ပဲရှိပါတယ်။ အပျင်းဖျားခြင်း၊ သွေးဖြူ ဥဆဲလ်းလေးများ နှင့် သွေကြောလေးများထိခိုက်လာခြင်း၊ နှာခေါင်းနှင့် သွားဖုံး မှသွေး ယိုခြင်း ၊အသည်းကြီးခြင်း၊ သွေးလည်ပတ်မှု ပုံမှန် မဖြစ်ခြင်း စသော ပိုမို ဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်လာနိုင်ပြီး သွေးလွန်တုပ်ကွေး၏ရောဂါလက္ခဏာစု (DSS- Dengue Shock Syndrome) လို့ခေါ်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါပိုးဟာ ဗိုင်းရပ်စ်ပါသော ခြင်ကျား ကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ခံရတာဖြစ်ပြီး ခြင်မကိုက်ခံရအောင် လိုက်နာသင့်တာတွေလိုက်နာပြီး မိမိကိုယ်ကို ကာကွယ်နိုင်ပါတယ်။
💠 ခြင်ကိုက်မခံရအောင် အင်္ကျီလက်ရှည်၊ဘောင်းဘီရှည် အမြဲဝတ်ဆင်ပါ။
💠 နေပိုင်း၊ ညပိုင်း အချိန်အခါမရွေးအိပ်တဲ့အခါ ခြင်ထောင်ဖြင့်အိပ်စက်ပါ။
💠 ခြင်မလာနိုင်ရန် ဆေးစိမ်ထားသောခြင်ထောင်ကို အသုံးပြုပါ။
💠 ခြင်နိုင်ဆေးလိမ်းထားပါ။
💠 ခြင်ပွားနိုင်သောနေရာများ (အိမ်တွင်း၊အိမ်ပြင်ရှိ ရေသိုလှောင်ထားသည့် ရေစည်၊ရေအိုး၊သောက်ရေအိုး) တို့ကို အဖုံးဖုံးထားပါ။
💠 ပိုးလောက်လန်းများရှသောဘယ်ရေမဆိုသွန်ပစ်ပါ။
💠 ဘုရားပန်းအိုး၊နတ်စင်အိုး၊အိမ်တွင်းအလှပန်းအိုးတို့ကို ၃ ရက်တစ်ကြိမ် အနည်းဆုံးလဲလှယ်ပေးပါ။
💠 အိုးအတွင်း၊အပြင်နံရံတွေကို သေချာ ပွတ်တိုက်ဆေးကြောပေးပါ။
💠 ပတ်ဝန်းကျင်ရှိ မိုးရေနှင် ရေကျန်ရှိနေနိုင်သော အိုး၊ခွက်၊တယောဟောင်း၊ဘက်ထရီအိုးစသည့် တို့ကို မြေမြုပ်ပစ်ပါ။
💠 ရေအောင်းပြီးခြင်ပေါက်ပွားနိုင်သော ဝါးငုတ်၊သစ်ခေါင်းများကို ဝိုင်းဝန်းမြေဖို့ပါ။
❗ခြင်ပေါက်ပွားနိုင်သောနေရာများကို ခြင်များ မျိုးမပွားနိုင်အောင်တာမြစ် ရှင်းလင်းခြင်းဖြင့် မိမိပတ်ဝန်းကျင်နှင့် မိမိချစ်သော မိသားစု၊ချစ်သူ၊သူငယ်ချင်းများကို သွေးလွန်တုပ်ကွေးရန်မှကင်းဝေးအောင် ကာကွယ်စောင့်ရှောက်နိုက်ပါတယ်။ 🥰
(Zawgyi)ရာသီအခ်ိန္မွန္ ေသြးလြန္တုပ္ေကြးရန္
ေသြးလြန္တုပ္ေကြး ရာသီသို႔ေရာက္ရွိလာတာႏွင့္ အမွ် ကေလး၊လူႀကီး ကအစ သက္ႀကီး႐ြယ္အို ေတြအထိတိုင္ေအာင္ ေရာဂါပိုး ကူးစက္ ျခင္း အႏၲရာယ္မွ ကင္းေဝးေစဖို႔ အတြက္အထူးဂ႐ုစိုက္လာၾကပါတယ္။ ေသြးလြန္တုပ္ေကြးေရာဂါဆိုတာကေတာ့ တုပ္ေကြး ဗိုင္းရပ္စ္ေတြထဲက မွ ျခင္းက်ား မွတစ္ဆင့္ ကူစက္ႏိုင္ၿပီး နာက်င္မႈ ေတြ၊ အာအင္ကုန္ခမ္းျခင္းစတဲ့ေဝဒနာေတြ ကို ခံစားရေသာ ေရာဂါတစ္မ်ိဳးျဖစ္ပါတယ္။ အသက္ ၁၂ ႏွစ္ေအာက္ကေလးငယ္ ေလးေတြမွာ အျဖစ္မ်ားၿပီး ကေလးေတြဟာ အျပင္ဖ်ား ေနကာ မွိန္းေနတယ္၊ အန္ေနတယ္ ၊ ဗိုက္နာတယ္ ဆိုရင္ ေတာ့ ေသြးလြန္တုပ္ေကြးေဝဒနာခံစားရႏိုင္ေျခရွိၿပီး ေဆး႐ုံ၊ေဆးခန္း ကို အျမန္သြားျပဖို႔ မေမ့သင့္ပါဘူး။ ကမာၻေပၚတြင္ ႏွစ္တိုင္း ခန႔္မွန္းေျခ
လူသန္း ၄၀၀ ေလာက္ဟာ တုပ္ေကြးေရာဂါ ကူးစက္ခံရၿပီး ၉၆ သန္းေသာလူေတြဟာ ဖ်ားနာျခင္းကို ခံစားၾကရပါတယ္။ ေသြးလြန္တုပ္ေကြး ေရာဂါ လကၡဏာေတြဟာ ေရာဂါပိုး ကူးစက္ခံၿပီး ေနာက္ ၄ရက္မွ ၆ ရက္ အတြင္း ေရာဂါလကၡဏာ ျပၿပီး ၁၀ ရက္ေလာက္ ထိ ၾကာၾကာ ေရာဂါလကၡဏာျပတာေၾကာင့္ သိသိခ်င္း ေဆး႐ုံ/ေဆးခန္း သို႔သြားျပသင့္ပါတယ္။
ေသြးလြန္တုပ္ေကြးေရာဂါလကၡဏာေတြကေတာ့-
⭕ ႐ုတ္တရက္အျပင္းဖ်ားျခင္း။
⭕ ေခါင္းကိုက္ေဝဒနာခံစားရျခင္း။
⭕ မ်က္လုံးနာ/ေအာင့္ျခင္း။
⭕ အ႐ိုးအဆစ္ႏွင့္ႂကြက္သားမ်ားေရာင္ရမ္းျခင္း။
⭕ ေမာပန္းျခင္း။
⭕ ႏွာေစးျခင္း။
⭕ ေအာ့အန္ျခင္း။
⭕ မိတ္၊အင္ပ်ဥ္ကဲ့သို႔ အေရျပားေပၚတြင္ အဖုအပိမ့္ အနီကြက္ထျခင္း။
⭕ ႏွာေခါင္းေသြးလွ်ံျခင္း။
⭕ ပင္ပန္းလြယ္ျခင္း တို႔ပဲျဖစ္ပါတယ္။
ေရာဂါလကၡဏာေတြက သာမာန္တုပ္ေကြးေရာဂါ ဒါမွမဟုတ္ အျခား ကူးစက္ေရာဂါ ေတြႏွင့္ ဆင္တူ ႏိုင္ၿပီး ေရာဂါလကၡဏာကို ေသခ်ာ ဂ႐ုျပဳ ဖို႔ လိုအိပ္ပါတယ္။ ေသြးလြန္တုပ္ေကြးေရာဂါပိုးတသ္ခါမွ မကူးစက္ဖူးေသာ ကေလးႏွင့္ လူႀကီး ထက္ သက္ႀကီး႐ြယ္ေတြႏွင့္ လူငယ္ေတြဟာ ကူးစက္ႏိုင္ေျခ ပိုမို ျဖစ္ႏိုင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ေရာဂါလကၡဏာျပေနခ်ိန္ ေဆး႐ုံ/ေဆးခန္းအခ်ိန္မွီမျပပါက အေျခအေနပိုမို ဆိုး႐ြာလာဖို႔ပဲရွိပါတယ္။ အပ်င္းဖ်ားျခင္း၊ ေသြးျဖဴ ဥဆဲလ္းေလးမ်ား ႏွင့္ ေသြေၾကာေလးမ်ားထိခိုက္လာျခင္း၊ ႏွာေခါင္းႏွင့္ သြားဖုံး မွေသြး ယိုျခင္း ၊အသည္းႀကီးျခင္း၊ ေသြးလည္ပတ္မႈ ပုံမွန္ မျဖစ္ျခင္း စေသာ ပိုမို ဆိုး႐ြားတဲ့အက်ိဳးဆက္ေတြျဖစ္လာႏိုင္ၿပီး ေသြးလြန္တုပ္ေကြး၏ေရာဂါလကၡဏာစု (DSS- Dengue Shock Syndrome) လို႔ေခၚပါတယ္။
ေသြးလြန္တုပ္ေကြးေရာဂါပိုးဟာ ဗိုင္းရပ္စ္ပါေသာ ျခင္က်ား ကိုက္ခံရျခင္းမွတစ္ဆင့္ ကူးစက္ခံရတာျဖစ္ၿပီး ျခင္မကိုက္ခံရေအာင္ လိုက္နာသင့္တာေတြလိုက္နာၿပီး မိမိကိုယ္ကို ကာကြယ္ႏိုင္ပါတယ္။
💠 ျခင္ကိုက္မခံရေအာင္ အက်ႌလက္ရွည္၊ေဘာင္းဘီရွည္ အၿမဲဝတ္ဆင္ပါ။
💠 ေနပိုင္း၊ ညပိုင္း အခ်ိန္အခါမေ႐ြးအိပ္တဲ့အခါ ျခင္ေထာင္ျဖင့္အိပ္စက္ပါ။
💠 ျခင္မလာႏိုင္ရန္ ေဆးစိမ္ထားေသာျခင္ေထာင္ကို အသုံးျပဳပါ။
💠 ျခင္ႏိုင္ေဆးလိမ္းထားပါ။
💠 ျခင္ပြားႏိုင္ေသာေနရာမ်ား (အိမ္တြင္း၊အိမ္ျပင္ရွိ ေရသိုေလွာင္ထားသည့္ ေရစည္၊ေရအိုး၊ေသာက္ေရအိုး) တို႔ကို အဖုံးဖုံးထားပါ။
💠 ပိုးေလာက္လန္းမ်ားရွေသာဘယ္ေရမဆိုသြန္ပစ္ပါ။
💠 ဘုရားပန္းအိုး၊နတ္စင္အိုး၊အိမ္တြင္းအလွပန္းအိုးတို႔ကို ၃ ရက္တစ္ႀကိမ္ အနည္းဆုံးလဲလွယ္ေပးပါ။
💠 အိုးအတြင္း၊အျပင္နံရံေတြကို ေသခ်ာ ပြတ္တိုက္ေဆးေၾကာေပးပါ။
💠 ပတ္ဝန္းက်င္ရွိ မိုးေရႏွင္ ေရက်န္ရွိေနႏိုင္ေသာ အိုး၊ခြက္၊တေယာေဟာင္း၊ဘက္ထရီအိုးစသည့္ တို႔ကို ေျမျမဳပ္ပစ္ပါ။
💠 ေရေအာင္းၿပီးျခင္ေပါက္ပြားႏိုင္ေသာ ဝါးငုတ္၊သစ္ေခါင္းမ်ားကို ဝိုင္းဝန္းေျမဖို႔ပါ။
❗ျခင္ေပါက္ပြားႏိုင္ေသာေနရာမ်ားကို ျခင္မ်ား မ်ိဳးမပြားႏိုင္ေအာင္တာျမစ္ ရွင္းလင္းျခင္းျဖင့္ မိမိပတ္ဝန္းက်င္ႏွင့္ မိမိခ်စ္ေသာ မိသားစု၊ခ်စ္သူ၊သူငယ္ခ်င္းမ်ားကို ေသြးလြန္တုပ္ေကြးရန္မွကင္းေဝးေအာင္ ကာကြယ္ေစာင့္ေရွာက္ႏိုက္ပါတယ္။ 🥰