သင်၏လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကိုတိုးတက်စေနိုင်သည့်အစားအစာများရှိသည်ကိုသင်သိပါသလား။ 😳 လိင်ပိုင်းဆိုင်ရာဆိုတာ လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်တဲ့ စိတ်ခံစားချက်ရော မျိုးပွားအင်္ဂါတွေရဲ့ ကျန်းမာရေး ကောင်းမွန်မှုရော ပါဝင်ပါတယ်။ အချို့က ဒီကိစ္စအတွက် သဘာဝနည်းနဲ့ ဆန့်ကျင်တဲ့ ဆေးဝါးတွေကို သုံးစွဲကာ ပြုမူလုပ်ဆောင်ကြပါတယ်။ဒီဆေးဝါးတွေကြောင့်ပဲ အရွယ်မတိုင်မီ လိင်စိတ်ကုန်ခမ်းခြင်း၊ ပန်းသေပန်းညှိုးဖြစ်ခြင်း၊ မကျန်းမာသော ကလေး (သို့) ကလေးအသေ မွေးဖွားမှုနှုန်း မြင့်မားစေခြင်း စတဲ့ ဆိုးကျိုးတွေကိုလည်း ခံစားရနိုင်ပါတယ်။ ဒါကြောင့် အိမ်ထောင်ရေး သာယာဖို့ သဘာဝအစားအစာတွေကို မှီဝဲခြင်းဖြင့်လည်း ရယူနိုင်တယ်ဆိုတာ သတိချပ်စေချင်ပါတယ်။ စွမ်းဆောင်ရည်တွေ မြင့်တက်စေဖို့အတွက်တော့ အစားအစာတွေက တဖက်တလမ်းကနေ ကူညီနိုင်ပါတယ်။ 🤗
သဖန်းသီး 🚩
မြစ်ကမ်းစပ်စပ် ဒေသအချို့မှာ ပေါက်ရောက်တတ်တဲ့ သဖန်းပင်ဟာလည်း အိမ်ထောင်မှုဥ သာယာရေးအတွက် အလွန်ဆေးဘက်ဝင်ပါတယ်။ သဖန်းသီးမှာ လိင်စိတ်ကို နှိုးကြွစေတဲ့ ပိုတက်စီယံနဲ့ ကာဘိုဟိုက်ဒြိပ်ဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် လန်းဆန်းခြင်းကို ဖြည့်တင်းပေးနိုင်တဲ့ ဗီတာမင်အုပ်စုလည်း ပါဝင်လို့ အိမ်ထောင်သည်တွေအတွက်တော့ အထူးသင့်တော်ပါတယ်။
မက်မွန်သီး 🚩
မက်မွန်သီးရှိဗီတာမင်စီသည်သုက်ပိုးအရေအတွက်နှင့်သုက်ပိုးအရည်အသွေးကိုတိုးတက်စေသည်။
ထောပတ်သီး 🚩
တချို့ကတော့ အစားအစာတွေထဲမှာ အလှအနေနဲ့ ပုံဖော်စားလေ့ရှိပါတယ်။ ထာပတ်သီးက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ကူညီမြှင့်တင်ပေးနိုင်ပါတယ်။ ကောင်းမွန်တဲ့ အဆီဓာတ်တွေကြွယ်ဝစွာ ပါဝင်ပါတယ်။ထောပတ်သီးဟာ လိင်အားကို တိုးစေတဲ့ အစားအစာတခုဖြစ်ရုံသာမက နှလုံးအတွက်လည်း ကောင်းမွန်စေပါသေးတယ်။
ဗာဒံစေ့ 🚩
ပုံမှန်အားဖြင့်တော့ ဗန်ဒါစေ့ဟာ သွားရေစာ တစ်မျိုးပါပဲ။ တကယ့်တော့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အတွက်တော့ အားဆေး တစ်မျိုးဖြစ်တဲ့ စားစရာပါနော်။ ဗန်ဒါစေ့ဟာ အာဟာရဓါတ်ကြွယ်ဝပြီး သတ္တုဓါတ်တွေလည်း ပါဝင်တာကြောင့် မျိုးပွားခြင်းအကြောင်းအရာတွေကို အထောက်အကူပြုပါတယ်။
နွားနို့ 🚩
ကယ်လိုရီ၊ ဆိုဒီယံ၊ ပိုတက်စီယမ်ဓာတ်တွေ ကြွယ်ဝလှတဲ့ နွားနို့ဟာ ကယ်လ်စီယံဓာတ်လည်း များပြားစွာ ပါဝင်ပါတယ်။ သွေးအားနည်းမှုနဲ့ အားအင်ကုန်ခမ်းမှုကို အမြန်ဖြည့်တင်းပေးနိုင်ပြီး၊ ကျား/မတို့ရဲ့ လိင်စိတ်ကို ပျော်ရွှင်စေနိုင်ပါတယ်။
ချောကလက် 🚩
ချောကလက်စားတာက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ချောကလက် အမည်းတွေရဲ့ (၇၀)ရာခိုင်နှုန်းမှာ ကိုကာ ပါဝင်ပါတယ်။ ကိုကာထဲမှာ ဒိုပါမင်းဓါတ်တွေ ပါဝင်ပြီး သာယာမှုကို ပေးနိုင်ပါတယ်။ စိတ်တက်ကြွစေ၊စိတ်လက်သက်တောင့်သက်သာရှိစေပြီးခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကို မြင့်မားစေပါတယ်။
ခရုကမာ 🚩
သဘာဝကယ်လိုရီဓာတ် 175 ဂရမ်ထိ ပါဝင်တဲ့ ခရုကမာ ပင်လယ်အစားအစာဟာ အိမ်ထောင်ရေးသုခကို အထူးပြည့်ဝစေနိုင်ပါတယ်။ ဆိုဒီယမ်၊ ပိုတက်စီယံ၊ ကာဘိုဟိုက်ဒြိပ်ဓာတ်တွေကလည်း အချစ်ဟိုမုန်းကို ဖြစ်ပေါ်စေတဲ့ နေရာမှာ ထောက်ပံ့ပေးပြီး လိင်ကိစ္စပြီးနောက် ပင်ပန်းနွမ်းနယ်ခြင်းကိုလည်း မဖြစ်စေအောင် ထိန်းသိမ်းနိုင်ပါတယ်။
#Sex_Drive_Foods
#Yat_Chain_You
#Zawgyi
အိမ်ထောင်ရေးသုခ ပြည့်ဝစေမယ့်အစားအစာများ
++++++++++++++++++++++++++++++++++++
သဖန်းသီး 🚩
မက်မွန်သီး 🚩
ထောပတ်သီး 🚩
ဗာဒံစေ့ 🚩
နွားနို့ 🚩
ချောကလက် 🚩
ခရုကမာ 🚩
#Sex_Drive_Foods
#Yat_Chain_You