မိသားစုတစ်ခု အလုပ်လုပ်ကြတဲ့အခါ အဖွဲ့အစည်းစိတ်ဓာတ်နဲ့ တစ်ယောက်နဲ့ တစ်ယောက် ဖေးမကူညီရင်း လုပ်ကြရင် အချင်းချင်း နားလည်မှု၊ မျှော်လင့်ချက်တွေ၊ အတားအဆီးတွေကို ပိုမိုသဘောပေါက် လွယ်ကူလာနိုင်ပါတယ်။
ဒီလိုအဖွဲ့အစည်းစိတ်ဓာတ်နဲ့ အလုပ်လုပ်နိုင်ဖို့ ...
● အိမ်အလုပ်တွေကို ခွဲဝေလုပ်ပါ။ ကလေးငယ်ငယ်လေးတွေတောင်မှ မိသားစုထဲ တစ်ခုခု တာဝန်ပေးရင် မိသားစုထဲ အရေးပါ အရာရောက်တယ်လို့ ခံစားရပြီး ပျော်ရွှင်တတ်ပါတယ်။
● မိသားစု ပျော်ပွဲရွှင်ပွဲတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ အားလပ်ရက် ခရီးသွားတာတွေ တိုင်ပင်ရာမှာ ကလေးသေးသေးလေးတွေတောင် မချန်ဘဲ ဝင်ရောက်ဆွေးနွေးပါစေ။ မိသားစုဆွေးနွေးပွဲလေးတွေ လုပ်ပေးပါ။
● ကလေးတွေကို သူတို့ရဲ့လုပ်ကိုင်နိုင်စွမ်းရည်၊ ရင့်ကျက်မှုတွေပေါ် မူတည်ပြီး ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်နိုင်တဲ့ကိစ္စတွေကို ဆုံးဖြတ်ချက်ချစေပါ။ ဥပမာ - 12 နှစ်ကလေးကို လမ်းလျှောက်သွားမှာလား?၊ စက်ဘီးစီးမှာလား? ဆုံးဖြတ်စေတာမျိုး လုပ်စေပါ။
● မိသားစုဝင် တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဆက်ဆံမယ်ဆိုတာကို စည်းကမ်းများ ချမှတ်ပါ။ ဥပမာအားဖြင့် ဒီမိသားစုထဲမှာ တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစား ပြောဆိုကြရမယ် ဆိုတာမျိုး လုပ်ပေးပါ။
● ပြဿနာတွေကို အတူတကွ ဖြေရှင်းပါ။ တည်တည်ငြိမ်ငြိမ်နဲ့ သူတစ်ပါးတွေရဲ့ အမြင်တွေ၊ အတွေးအခေါ်တွေကို နားထောင်ပါ။ စဉ်းစားပါ။ အဖြေထုတ်ပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)