အရိုးတွင်းကယ်လ်စီယမ်ဓာတ်စုပ်ယူခြင်းအတွက်အရေးကြီးဆုံး သော ဗီတာမင်ဒီ

Jan 3, 2020

ဗီတာမင်ဒီသည် အရိုးများကြီးထွားစေရန်အရေးပါသောအာဟာရဓာတ်တစ်ခုဖြစ်သည်။ဗီတာမင်ဒီသည်အူလမ်းကြောင်းမှကယ်လ်စီယမ်ဓာတ်(ထုံးဓာတ်)စုပ်ယူနိုင်အောင်လုပ်ဆောင်ပေးပြီးအရိုးများဖွဲ့စည်းခြင်းနှင့်အသစ်လဲလှယ်ခြင်းကိုအ ထောက်အကူပြုသည်။ပြင်ပသို့မထွက်ပဲအခန်းတွင်းနေထိုင်မှုပုံစံများလာခြင်းကြောင့်ဗီတာမင်ဒီချို့တဲ့ပြီး အရိုးနှင့်ကြွက်သားကျန်းမာရေးကိုထိခိုက်လာနိုင်ပါသည်။ဗီတာမင်ဒီချို့တဲ့လျှင်ကလေးများ၌(Rickets) ခေါ် အရိုးပျော့ရောဂါဖြစ်ပွားတတ်သည်။ လူခန္ဓာကိုယ်တွင် ဗီတာမင်ဒီဓာတ်က အရမ်းအရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။လူအများသိထားတာက ကယ်စီယမ်ဓါတ်က အရိုးတွေကို သန်မာစေတယ်ပေါ့။ ဒါပေမယ့် တကယ်တော့ ကယ်လ်စီယမ်ဓာတ် တမျိုးတည်းနဲ့လည်း အရိုးတွေ ကျစ်လစ် မာကျောမှု မရှိစေနိုင်ပါဘူး။ ဗီတာမင် ဒီလည်း ပြည့်ဝဖို့ လိုပါသေးတယ်။ ဗီတာမင်ဒီရဲ့ အရေးကြီးဆုံးလုပ်ဆောင်ချက်က အရိုးအတွင်းသို့ ကယ်လ်စီယမ်ဓာတ်စုပ်ယူတဲ့နေရာမှာ ကူညီပေးပါတယ်။

နေရောင်ခြည်ကောင်းစွာမရသော ဝင်ရိုးစွန်းဒေသတွင်နေထိုင်သူများ၊အဝလွန်သူများ၊အသားရောင်ရင့်သူများ၊ဘာသာရေးနှင့်ကျန်းမာရေးတို့ကြောင့်နေရောင်မခံနိုင်သူများ၊အူမှဗီတာမင်ဒီစုပ်ယူမှုနည်းသူများသည် ဗီတာမင်ဒီချို့တဲ့နိုင်ပါသည်။ ၎င်းအချက်တွေရှိလျှင် သွေးအတွင်း ဗီတာမင်ဒီကိုစစ်ဆေးပြီး နည်းလျှင် ဗီတာမင်ဒီဆေးလုံးကိုကျန်းမာရေးဝန်ထမ်းညွှန်ကြားသည့်အတိုင်းသုံးစွဲရပါမည်။ အသက်ကြီးပိုင်းတွင်းအရိုးပါးခြင်းနှင့်ကြွက်သားအားပျော့ခြင်းကိုကာကွယ်ရန်အရိုးကျန်းမာစေသောအစာကိုစားသုံးသင့်ပါသည်။လူကြီးများတွင်အာဟာရချို့တဲ့ခြင်း အဖြစ်များသည်မှာ ခံတွင်းပျက်ခြင်းနှင့် မျှတသောအစာကို မချက်ပြုတ်တတ်ခြင်းကြောင့်ဖြစ်သည်။ ဗီတာမင်ဒီဓာတ်နည်းပါးခြင်းသည်လည်း အရေးပြားမှ ဗီတာမင်ဒီထုတ်လုပ်မှုနည်းပါးခြင်း၊ကျောက်ကပ်မှ ဗီတာမင်ဒီကို အားကားသောဗီတာမင်ဒီအဖြစ်ပြောင်းလဲမှုနည်းပါး ခြင်းနှင့်အူမှ ကယ်လ်ဆီယမ်ဓာတ်( ထုံးဓာတ်) စုပ်ယူနိုင်မှုနှင့်ထိန်းသိမ်းမှုနည်းပါးခြင်းတို့ကြောင့်ဖြစ်သည်။

ပြီးတော့ အခုနောက်ပိုင်း လေ့လာချက်တွေအရတော့ ဗီတာမင် ဒီက အအေးမိခြင်းတွေနဲ့ အတူ စိတ်ဖိစီးမှုတွေကိုပါ လျော့နည်း သက်သာကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ ဒီတော့ ကျနော်တို့ ဗီတာမင်ဒီ ပြည့်ဝအောင် နေထိုင်ဖို့ လိုအပ်ပါတယ်။ ဘယ်လိုအရာတွေကနေ ဗီတာမင် ဒီ ကောင်းကောင်း ရနိုင်ပါသလဲ။ အရိုးကို သာမန်စေပြီး သွားကိုလဲ ကောင်းမွန်စေပါတယ်။ ဗီတာမင်ဒီချို့တဲ့ခြင်းက ဆီးချိုရောဂါ၊ သွေးဖိအားများခြင်း၊ ကင်ဆာရောဂါ၊ အဆစ်ရောင်ရောဂါကဲ့သို့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။

UV အများဆုံးပါရှိတဲ့ ရာသီဥတု အချိန်တွေမှာတော့ နေရောင်ထဲ ကြာကြာ မထွက်တာ အကောင်းဆုံး ဖြစ်ပေမယ့် နေရောင်ခြည်ကနေ ကျနော်တို့ လိုအပ်တဲ့ ဗီတာမင် ဒီကို ရနိုင်ပါတယ်။ တရက်ကို အချိန် မိနစ် ၂၀-၂၅ မိနစ်လောက် နေရောင်ခြည်နဲ့ ထိတွေ့ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အရေပြားက နေရောင်ခြည် အတွင်းက ဗီတာမင် ဒီကို စုပ်ယူမှုအပိုင်းမှာ အသက်အရွယ် ရလာတာနဲ့ အမျှ စုပ်ယူနိုင်မှု အားနည်း သွားတာကိုတော့ သတိပြုရမှာပါ။ ဆိုလိုတာကတော့ သက်ကြီးပိုင်းတွေအနေနဲ့ နေရောင်ခြည်နဲ့ ပိုမို ထိတွေ့ဖို့ လိုအပ်တာပဲ ဖြစ်ပါတယ်။ တစ်နေ့တာစားသုံးသင့်တဲ့ ဗီတာမင်ဒီဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို ဖော်ပြပေးလိုက်ရပါတယ်။

🔴 နွားနို့
🔴 အဆီပါသော ငါးများ
🔴 ချိစ်
🔴 စည်သွပ်တူနာငါး
🔴 ကြက်ဥ
🔴 လိမ္မော်ဖျော်ရည်အချို့
🔴 ဖြည့်စွက်ဆေး
🔴 ပင်လယ်ငါးကြီးဆီ
🔴 အဟာရဖြည့်အနှံများ


#Zawgyi

အ႐ိုးတြင္းကယ္လ္စီယမ္ဓာတ္စုပ္ယူျခင္းအတြက္အေရးႀကီးဆုံး ေသာ ဗီတာမင္ဒီ

ဗီတာမင္ဒီသည္ အ႐ိုးမ်ားႀကီးထြားေစရန္အေရးပါေသာအာဟာရဓာတ္တစ္ခုျဖစ္သည္။ဗီတာမင္ဒီသည္အူလမ္းေၾကာင္းမွကယ္လ္စီယမ္ဓာတ္(ထုံးဓာတ္)စုပ္ယူႏိုင္ေအာင္လုပ္ေဆာင္ေပးၿပီးအ႐ိုးမ်ားဖြဲ႕စည္းျခင္းႏွင့္အသစ္လဲလွယ္ျခင္းကိုအ ေထာက္အကူျပဳသည္။ျပင္ပသို႔မထြက္ပဲအခန္းတြင္းေနထိုင္မႈပုံစံမ်ားလာျခင္းေၾကာင့္ဗီတာမင္ဒီခ်ိဳ႕တဲ့ၿပီး အ႐ိုးႏွင့္ႂကြက္သားက်န္းမာေရးကိုထိခိုက္လာႏိုင္ပါသည္။ဗီတာမင္ဒီခ်ိဳ႕တဲ့လွ်င္ကေလးမ်ား၌(Rickets) ေခၚ အ႐ိုးေပ်ာ့ေရာဂါျဖစ္ပြားတတ္သည္။ လူခႏၶာကိုယ္တြင္ ဗီတာမင္ဒီဓာတ္က အရမ္းအေရးႀကီးတဲ့အခန္းက႑မွာ ပါဝင္ပါတယ္။လူအမ်ားသိထားတာက ကယ္စီယမ္ဓါတ္က အ႐ိုးေတြကို သန္မာေစတယ္ေပါ့။ ဒါေပမယ့္ တကယ္ေတာ့ ကယ္လ္စီယမ္ဓာတ္ တမ်ိဳးတည္းနဲ႔လည္း အ႐ိုးေတြ က်စ္လစ္ မာေက်ာမႈ မရွိေစႏိုင္ပါဘူး။ ဗီတာမင္ ဒီလည္း ျပည့္ဝဖို႔ လိုပါေသးတယ္။ ဗီတာမင္ဒီရဲ႕ အေရးႀကီးဆုံးလုပ္ေဆာင္ခ်က္က အ႐ိုးအတြင္းသို႔ ကယ္လ္စီယမ္ဓာတ္စုပ္ယူတဲ့ေနရာမွာ ကူညီေပးပါတယ္။

ေနေရာင္ျခည္ေကာင္းစြာမရေသာ ဝင္႐ိုးစြန္းေဒသတြင္ေနထိုင္သူမ်ား၊အဝလြန္သူမ်ား၊အသားေရာင္ရင့္သူမ်ား၊ဘာသာေရးႏွင့္က်န္းမာေရးတို႔ေၾကာင့္ေနေရာင္မခံႏိုင္သူမ်ား၊အူမွဗီတာမင္ဒီစုပ္ယူမႈနည္းသူမ်ားသည္ ဗီတာမင္ဒီခ်ိဳ႕တဲ့ႏိုင္ပါသည္။ ၎အခ်က္ေတြရွိလွ်င္ ေသြးအတြင္း ဗီတာမင္ဒီကိုစစ္ေဆးၿပီး နည္းလွ်င္ ဗီတာမင္ဒီေဆးလုံးကိုက်န္းမာေရးဝန္ထမ္းၫႊန္ၾကားသည့္အတိုင္းသုံးစြဲရပါမည္။ အသက္ႀကီးပိုင္းတြင္းအ႐ိုးပါးျခင္းႏွင့္ႂကြက္သားအားေပ်ာ့ျခင္းကိုကာကြယ္ရန္အ႐ိုးက်န္းမာေစေသာအစာကိုစားသုံးသင့္ပါသည္။လူႀကီးမ်ားတြင္အာဟာရခ်ိဳ႕တဲ့ျခင္း အျဖစ္မ်ားသည္မွာ ခံတြင္းပ်က္ျခင္းႏွင့္ မွ်တေသာအစာကို မခ်က္ျပဳတ္တတ္ျခင္းေၾကာင့္ျဖစ္သည္။ ဗီတာမင္ဒီဓာတ္နည္းပါးျခင္းသည္လည္း အေရးျပားမွ ဗီတာမင္ဒီထုတ္လုပ္မႈနည္းပါးျခင္း၊ေက်ာက္ကပ္မွ ဗီတာမင္ဒီကို အားကားေသာဗီတာမင္ဒီအျဖစ္ေျပာင္းလဲမႈနည္းပါး ျခင္းႏွင့္အူမွ ကယ္လ္ဆီယမ္ဓာတ္( ထုံးဓာတ္) စုပ္ယူႏိုင္မႈႏွင့္ထိန္းသိမ္းမႈနည္းပါးျခင္းတို႔ေၾကာင့္ျဖစ္သည္။

ၿပီးေတာ့ အခုေနာက္ပိုင္း ေလ့လာခ်က္ေတြအရေတာ့ ဗီတာမင္ ဒီက အေအးမိျခင္းေတြနဲ႔ အတူ စိတ္ဖိစီးမႈေတြကိုပါ ေလ်ာ့နည္း သက္သာေကာင္းမြန္ေစတယ္လို႔ ဆိုပါတယ္။ ဒီေတာ့ က်ေနာ္တို႔ ဗီတာမင္ဒီ ျပည့္ဝေအာင္ ေနထိုင္ဖို႔ လိုအပ္ပါတယ္။ ဘယ္လိုအရာေတြကေန ဗီတာမင္ ဒီ ေကာင္းေကာင္း ရႏိုင္ပါသလဲ။ အ႐ိုးကို သာမန္ေစၿပီး သြားကိုလဲ ေကာင္းမြန္ေစပါတယ္။ ဗီတာမင္ဒီခ်ိဳ႕တဲ့ျခင္းက ဆီးခ်ိဳေရာဂါ၊ ေသြးဖိအားမ်ားျခင္း၊ ကင္ဆာေရာဂါ၊ အဆစ္ေရာင္ေရာဂါကဲ့သို႔ ျပင္းထန္တဲ့ က်န္းမာေရးျပႆနာေတြ ျဖစ္ေစႏိုင္ပါတယ္။

UV အမ်ားဆုံးပါရွိတဲ့ ရာသီဥတု အခ်ိန္ေတြမွာေတာ့ ေနေရာင္ထဲ ၾကာၾကာ မထြက္တာ အေကာင္းဆုံး ျဖစ္ေပမယ့္ ေနေရာင္ျခည္ကေန က်ေနာ္တို႔ လိုအပ္တဲ့ ဗီတာမင္ ဒီကို ရႏိုင္ပါတယ္။ တရက္ကို အခ်ိန္ မိနစ္ ၂၀-၂၅ မိနစ္ေလာက္ ေနေရာင္ျခည္နဲ႔ ထိေတြ႕ေပးဖို႔ လိုအပ္ပါတယ္။ ဒါေပမယ့္ အေရျပားက ေနေရာင္ျခည္ အတြင္းက ဗီတာမင္ ဒီကို စုပ္ယူမႈအပိုင္းမွာ အသက္အ႐ြယ္ ရလာတာနဲ႔ အမွ် စုပ္ယူႏိုင္မႈ အားနည္း သြားတာကိုေတာ့ သတိျပဳရမွာပါ။ ဆိုလိုတာကေတာ့ သက္ႀကီးပိုင္းေတြအေနနဲ႔ ေနေရာင္ျခည္နဲ႔ ပိုမို ထိေတြ႕ဖို႔ လိုအပ္တာပဲ ျဖစ္ပါတယ္။ တစ္ေန႔တာစားသုံးသင့္တဲ့ ဗီတာမင္ဒီဓာတ္ႂကြယ္ဝတဲ့အစားအစာေတြကို ေဖာ္ျပေပးလိုက္ရပါတယ္။

🔴 ႏြားႏို႔
🔴 အဆီပါေသာ ငါးမ်ား
🔴 ခ်ိစ္
🔴 စည္သြပ္တူနာငါး
🔴 ၾကက္ဥ
🔴 လိေမၼာ္ေဖ်ာ္ရည္အခ်ိဳ႕
🔴 ျဖည့္စြက္ေဆး
🔴 ပင္လယ္ငါးႀကီးဆီ
🔴 အဟာရျဖည့္အႏွံမ်ား