ခေါင်းတစ်ခြမ်းကိုက်ခြင်းက မလိုချင်ဘဲ ရောက်လာတတ်တဲ့ ဧည့်သည်ပါပဲ ။ ခေါင်းတစ်ခြမ်းကိုက်တဲ့ဝေဒနာ တခြားဝေဒနာတွေ ပိုဆိုးပါတယ် ။ သက်သာဖို့ဆိုရင် ဆေးသောက်တာတို့ ၊ လေ့ကျင့်ခန်း လုပ်တာတို့နဲ့ ကုသလို့ ရပါတယ် ။ ဒါပေမယ့် ဆေးသောက်ရင် ခဏပဲ ပျောက်ကင်းပြီး နောက်ထပ် ဖြစ်လာနိုင်ပါသေးတယ် ။ ခေါင်းတစ်ခြမ်းကိုက်ခြင်း ဆိုသည်မှာ ဦးခေါင်းတစ်ဖက် ထဲကို ထိခိုက်စေသော ပြင်းထန်သည့် ခေါင်းကိုက်ခြင်း ဖြစ်ပါ သည်။ ၎င်းသည် မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း နှင့် အလင်း အထိမခံနိုင်ခြင်းတို့နှင့် တွဲ၍ဖြစ်ပွားလေ့ ရှိပါသည်။ ခေါင်းတစ် ခြမ်းကိုက်ခြင်းသည် နာရီများစွာမှ ရက်များစွာအထိ ကြာနိုင် သည်။ တကယ် ခေါင်းစကိုက်ပြီဆိုရင်တော့ Migraine ခေါင်းကိုက်တဲ့ပုံစံက -
❗တဒုတ်ဒုတ်နဲ့ထိုးကိုက်တတ်တယ်
❗ကွဲထွက်သွားမလားလို့ထင်ရအောင်ကိုက်တတ်တယ်
❗ဘာမှကိုမလုပ်နိုင်လောက်အောင်ကိုက်တတ်ပါတယ်။
❗သူက တစ်ချိန်လုံးတနုံ့နုံ့နဲ့ ကိုက်တာမျိုးဖြစ်ပြီး အစပိုင်းတုန်းကတော့
နည်းနည်းပါးပါးကိုက်တာဖြစ်ပြီး ဆေးမသောက်ဘဲ ထားရင်တဖြည်းဖြည်းဆိုးလာနိုင်တာမျိုးပါ။
ခေါင်းကိုက်တာကို အစားအစာနဲ့ ကာကွယ်လို့ရပါတယ် ။
📌ဆော်လမွန်ငါး
ဆော်လမွန်ငါးမှာ အိုမီဂါ3 ၊ ဗီတာမင် B2 ပါဝင်တာကြောင့် ခေါင်းကိုက်သူတွေအတွက် စားသင့်တဲ့ အစားအစာပါပဲ ။ အဲဒါကြောင့် ဆော်လမွန်ငါးကို ပုံမှန်စားပေးရင် ခေါင်းကိုက်တာကို နှုတ်ဆက်လို့ ရပါပြီ ။
📌ကန်စွန်းဥ
ကန်စွန်းဥက အရသာရှိရုံမက ခေါင်းတစ်ခြမ်းကိုက်တာကိုလည်း ပျောက်စေပါတယ် ။ ဗီတာမင် B1, ပိုတက်ဆီယမ်တွေက ကန်စွန်းဥထဲမှာ အများအပြား ပါဝင်တာကြောင့် ခေါင်းကိုက်သက်သာစေပြီး စိတ်ကိုလည်း တည်ငြိမ်စေပါတယ် ။
📌ထောပတ်သီး
ထောပတ်သီးက ခေါင်းတစ်ခြမ်းကိုက်တာကို ကာကွယ်ပေးပါတယ် ။ ထောပတ်သီးမှာ အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် ခေါင်းကိုက်တာ လွင့်စင်သွားမှာပါ ။
📌သံပရိုသီး
ဗီတာမင် C ပြည့်ဝတဲ့ သံပရိုသီးက ခေါင်းတစ်ခြမ်း ကိုက်ခြင်းအတွက် သင့်တော်ပါတယိ ။ သံပရိုသီးအရည်နဲ့ ဆားကို ဖျော်သောက်ရင် အချိန်တိုအတွင်း ခေါင်းကိုက်သက်သာသွားမှာပါ ။
📌ဖရဲသီးနှင့် မုန်လာဥဝါ
ဖရဲသီး ၊ မုန်လာဥဝါ ၊ သခွားသီး ၊ တရုတ်နံနံတို့မှာ ရေဓါတ်တွေ အများကြီးပါ ဝင်ပါတယ် ။ ရေဓါတ်ခန်းခြောက်လာရင် ခေါင်းကိုက်လာတတ်လို့ ရေသောက်တာဖြစ်ဖြစ် ၊ ရေဓါတ်ပြည့်ဝတဲ့အသီးတွေကို စားတာပဲဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ် ။
📌သဖန်းသီး
သဖန်းသီးက ခန္ဓါကိုယ် ကျန်းမာရေးအတွက် အကျိုးပြုပါတယ် ။ အထူးသဖြင့် ခေါင်းကိုက်တဲ့အခါ သဖန်းသီးကို စားသင့်ပါတယ် ။ သဖန်းသီးမှာ ပိုတက်ဆီယမ် ပါဝင်တာကြောင့် ရောင်ရမ်းနာကျင်တာတွေလည်း ပျောက်စေတယ်လို့ ကျွမ်းကျင်ငူတွေက ပြောပါတယ် ။
📌ဒိန်ချဉ်
ဒိန်ချဉ်မှာ ဗီတာမင် B ပါဝင်ပါတယ် ။ ဒိန်ချဉ်ကို ပုံမှန်စားပေးရင် ခေါင်းကိုက်တဲ့ အကြိမ်ရေ တဖြည်းဖြည်း နည်းသွားမှာပါ ။
📌Quinoaနှင့် ဆလပ်ရွက်
Quinoa ဆိုတာ ဆန်အစားထိုး စားလို့ရတဲ့ စားစရာတစ်ခုပါ ။ Quinoa နဲ့ ဆလပ်ရွက်မှာ မဂ္ဂနီဆီယမ်နဲ့ သံဓါတ် ပါဝင်တာကြောင့် ခေါင်းတစ်ခြမ်း ကိုက်တာကို ကာကွယ်ပြီးသားပါ ။ ဆလပ်ရွက်မှာ အိုမီဂါနဲ့ အမျှင်ဓါတ် ပါဝင်တာကြောင့် ခေါင်းကိုက်တာကို ပူစရာ မလိုတော့ပါဘူး ။
📝 သစ်ကြံပိုးမှုန့်ကို ရေနဲ့ဖျော်ပြီး ပျစ်အောင်မွှေပါ ။
📝ပြီးရင် ခေါင်းကိုက်တဲ့ အခါတိုင်း နားထင်နဲ့ နဖူးမှာ လိမ်းထားပါ ။
📝ဒီနည်းက လျင်မြန်ပြီး ထိရောက်ပါတယ် ။
📝မိနစ် 30 လောက် ကြာရင်တော့ ရေဆေးချလိုက်လို့ ရပါပြီ ။
#Zawgyi
သဘာဝ အစားအစာ (၈)မျိုးဖြင့်ခေါင်းတစ်ခြမ်းကိုက်ခြင်းဝေဒနာကို ထပ်မဖြစ်အောင်ကုသကြမယ် 📝
************************************************************************
📌ဆော်လမွန်ငါး
📌ကန်စွန်းဥ
📌ထောပတ်သီး
📌သံပရိုသီး
📌သဖန်းသီး
📌ဒိန်ချဉ်
📌Quinoaနှင့် ဆလပ်ရွက်