Health and Beauty (I)

Nov 18, 2019

အလွန်အကျူးစားသုံးမိလျှင် မိမိရဲ့ မျက်နှာသွင်ပြင်ကို
ပျက်စီးစေတတ်သော အစားအစာများ ( ၁ )
********************************
  လူတိုင်းမှာတော့ ကိုယ်ကြိုက်တဲ့ favorite အစားစာတေတော့ ရှိကြမှာပါ။ ဒါပေမယ့် တန်ဆေး လွန်ဘေးဆိုသည့် စကားအတိုင်း အလွန်အကျူးစားသုံးမိရင်တော့ မိမိရဲ့ခန္ဓာကိုယ်ကို ဘေးထွက် ဆိုးကျိုးတွေ ဖြစ်ပေါ်စေမှာအမှန်ပါ။ အဲ့ဒီထဲမှာမှ ကိုယ်ကြိုက်နှစ်သက်သော်လည်း လွန်လွန် ကျူးကျူးစားသုံးမိရင်တော့ မိမိရဲ့လှပတဲ့မျက်နှာသွင်ပြင်ကို ပျက်စီးစေနိုင်တဲ့အစား အသောက် တေကို ဖော်ပြပေးချင်ပါတယ်။
အရက်
          အရက်ကို မိန်းကလေးပဲ ဖြစ်ဖြစ်၊ ယောကျာ်းလေးပဲ ဖြစ်ဖြစ် အပေါင်းအသင်း, မိတ်ဖြစ် ဆွေဖြစ်ကြောင့်သော်လည်းကောင်း၊ ကြိုက်နှစ်သက်၍သော်လည်းကောင်း၊ ရုံး,ကုမ္ပဏီ dinner party ကြောင့်သော်လည်းကောင်း သောက်သုံးတတ်ကြပါတယ်။ သို့သော် အလွန်အကျူးသောက်သုံးမိရင် တော့ မိမိရဲ့မျက်နှာသွင်ပြင်ဟာ တစ်ဖြည်းဖြည်းနဲ့ ပျက်စီးလာစေနိုင်ပါတယ်။
အရက်အလွန် သောက်သုံးသူ တွေရဲ့ မျက်နှာသွင်ပြင်ဟာ
( ၁ ) နှာတံရိုးမှာ အစက်အပြောက်တွေ ဒါမှမဟုတ် အရေးအကြောင်းတွေ သိသိသာသာပေါ်လာပါမယ်။
( ၂ ) ပါးပြင်မှာ အရေးအကြောင်းတွေပေါ်လာပြီး၊ အရေးပြားတွေ ခြောက်သွေ့လာမယ်။
( ၃ ) မျက်နှာပြင်မှ မွေးညှင်းပေါက်လေးတွေ ကျယ်လာမယ်။
( ၄ ) မျက်နှာနီရဲလာမယ်။
( ၅ ) နှုပ်ခမ်းအနီးအနားတဝိုက်မှာ အရေးအကြောင်းတွေ ပေါ်လာမယ်။
( ၆ ) မျက်လုံးတွေလည်း အစ်လာမှာပါ။
အထက်ပါအကြောင်းအရာတွေဖြစ်လာပြီဆိုရင်တော့ ...
( ၁ )သုံးပတ်လောက် အရက်ဖြတ်ထားဖို့ လိုပါတယ်။ သို့မှသာ သင့်ရဲ့ အရေပြားကို နဂိုအတိုင်း ပြန်ဖြစ်ဖို့ လုံလောက်မှာပါ။
( ၂ )နောက်ပိုင်း အရက်ပြန်သောက်မယ်ဆိုရင်တော့ သင့်ရဲ့ မျက်နှာသွင်ပြင်ကို မပျတ်စီးစေချင်ဘူးဆိုရင် အကြိမ်တစ်ရာမှာမှ အကြိမ်နှစ်ဆယ်လောက်ပဲ သောက်သုံးရမှာပါ။ ဆိုလိုတာက အရက်သောက်ဖို့ အကြိမ်တစ်ရာ ကြုံခဲ့ရင်တောင်မှာမှ အကြိမ်နှစ်ဆယ်ပဲ သောက်သုံးသင့်တာပါ။
မျက်နှာသွင်ပြင်ကို ပျက်စီးစေတတ်တဲ့ အစားအသောက်တွေကို နေက်တင်မဲ့ post တေမှာ ဆက်ပြီး ဖော်ပြပေးသွားပါမယ်နော်။
#ထွန်းဇော်ဇော် (ရွှေရွှေ)

#Zawgyi

********************************
အရက်
( ၄ ) မျက်နှာနီရဲလာမယ်။