စပ်ဆေးဟုဆိုရာတွင် သက်တမ်းကုန်ဆုံးနေသောဆေးဝါးများ၊မှတ်ပုံမတင်ထားသောဆေးဝါးများ၊ရောဂါအတွက်သုံးစွဲရန်မသင့်သောဆေးဝါးများပါဝင်နေသည်။ စပ်ဆေးဟာ ရောဂါကိုပိုမိုဆိုးရွားလာစေသလို ဆေးရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် အသက်ကိုပါသေစေနိုင်တဲ့အတွက် ဝန်ကြီးဌာနက ပြည်သူလူထုကို စျေးနှုန်းချိုသာစွာနဲ့ ရောင်းချနေတဲ့ အလွန်အန္တရာယ်များတဲ့စပ်ဆေးတွေဝယ်ယူတာကို လုံးဝရှောင်ကြဉ်ဖို့ တိုက်တွန်းထားသလို ဆေးဆိုင်ပိုင်ရှင်တွေကိုလည်း လူ့ကျင့်ဝတ်အရ ရောင်းချခြင်းကို ချက်ချင်းရပ်ဆိုင်းသင့်တယ်လို့ ကြေညာချက်မှာ သတိပေးထားခဲ့ပါတယ်။
ဆရာဝန်ညွှန်ကြားချက်မရှိပဲ ဈေးကွက်အတွင်းရောင်းချေနသောစပ်ဆေးများတွင် -
❗ အကိုက်အခဲပျောက်ဆေး၊ချောင်းဆီုးပျောက်ဆေး၊စတီးရွိုက် (Steroid) ဆေးနှင့် ပဋိဇီဝဆေး များကိုမလိုအပ်ဘဲ(၂) မျိုး၊(၃)မျိုးစားအား စိတ်ထင်ရာ ပမဏအမျိုးမျိုး ရောချင်သလို ရောစပ်ပြီး အမှုန့်ကြိတ်ခြင်း အပါအဝင် ပုံသဏ္ဌာန်အမျိုးမျိုးပြုလုပ်ကာ စပ်ဆေးအဖြစ်ရောင်းချလျက်ရှိပါသည်။
🚫 စပ်ဆေးများသောက်သုံးခြင်းသည်-ရောဂါလက္ခဏာကို ခေတ္တသာလျှင်သက်သာစေနိုင်ပြီးရောဂါအမြစ်ပြတ်စေရန်ကုသမှုခံယူခြင်းမဟုတ်သည့်အတွက်ရောဂါအခြေအနေပိုမိုဆိုးရွားနိုင်ရှာမှအသက်အန္တရာယ်ရှိသည်အထိဇြစ်နိုင်ပါသည်။
စပ်ဆေးများ၏ ကြောက်စရာနောက်ဆက်တွဲဆိုးကျိုးမှာ-
⛔ ပဋိဇီဝဆေးများကို ဆရာဝန်ညွှန်ကြားချက်မရှိဘဲ စည်းကမ်း မဲ့အသုံးပြုခြင်းကြောင့်ဆေးယဉ်ပါးခြင်း( ဆေးမတိုးခြင်း)များဖြစ်စေသဖြင့် အလွန်ကြီးမား ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်လာနိုင်ပါသည်။
ထို့အပြင်
❗အစာအိမ်နာ
❗သွေးတိုးရောဂါ
❗ကျောက်ကပ်ထိခိုက်ခြင်း
❗သွေးအန်ခြင်း
❗ဆီးချိုရောဂါ
❗ခန္ဓာကိုယ်ဖောရောင်ခြင်း
❗သွေးဝမ်းသွားခြင်း
❗အရိုးပွရောဂါ
❗အစာအိမ်ပေါက်ခြင်း
❗လေဖြတ်ခြင်း
☠️အသက်သေဆုံးသည်အထိဖြစ်နိုင်ပါသည်။😲
စပ်ဆေးနှင့်ပတ်သတ်၍လိုက်နာအချက်များမှာ-
✅✅ရောဂါကို ပိုမို ဆိုးဝါးလာခြင်းနှင့်ဆေး၏ကြောက်စရာနောက်ဆက်တွဲဆိုးကျိုးများခံစားရခြင်းတို့အပြင်အသက်ကိုပါသေစေနိုင်သောကြောင့်ဈေးနှုန်းချိုသာသော်လည်း အလွန်အန္တရယ်ရှိသည့် စပ်ဆေးများဝယ်ယူခြင်းကို လုံးဝရှောင်ကြဉ်သင့်ပါသည်။
✅✅ဆေးဆိုင်ပိုင်ရှင်များသည်လည်းဝယ်ယူသုံးစွဲသူများအတွက် ဆိုးကျိုးများသာဖြစ်စေနိုင်သည့်စပ်ဆေးရောင်းချခြင်းကို လူ့ကျင့်ဝတ်အရချက်ချင်းရပ်ဆိုင်းသင့်ပါသည်။
📝ဒါကြောင့်မို့လို့ ကိုယ့်ရဲ့ တန်ဖိုးရှိလှတဲ့အသက်ကို ဆေးအကြောင်း ရေရေလည်လည်နားမလည်တဲ့သူတွေ ပေးတဲ့ဆေးတွေဝယ်သောက်ပြီး အဆုံးရှုံးမိဖို့ အကြံပေးလိုက်ပါရစေ။
#Zawgyi
ခေတ္တခဏသာသက်သာစေပြီး အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်သော စပ်ဆေး၏ဘေးအန္တရာယ်💊💊
+++++++++++++++++++++++++++++++++++++++++
ဆရာဝန်ညွှန်ကြားချက်မရှိပဲ ဈေးကွက်အတွင်းရောင်းချနေသောစပ်ဆေးများတွင် -
ထို့အပြင်
❗အစာအိမ်နာ
❗သွေးတိုးရောဂါ
❗သွေးအန်ခြင်း
❗ဆီးချိုရောဂါ
❗သွေးဝမ်းသွားခြင်း
❗အရိုးပွရောဂါ
❗အစာအိမ်ပေါက်ခြင်း
❗လေဖြတ်ခြင်း