Health and Beauty (II)

Nov 18, 2019

အလွန်အကျူးစားသုံးမိလျှင် မိမိရဲ့ မျက်နှာသွင်ပြင်ကို
ပျက်စီးစေတတ်သော အစားအစာများ ( ၂ )

*********************************
မိမိကြိုက်နှစ်သက်တာထက် လွန်လွန်ကျူးကျူးစားသုံးမိရင် လှပတဲ့မျက်နှာသွင်ပြင်ကို ပျက်စီး စေတတ်တဲ့ စားသောက်ကုန်တွေထဲမှာ နွားနို့ဟာလည်း အပါအဝင်ဖြစ်ပါတယ်။ လိုအပ်တာထက်ပိုပြီး စားသုံးမိမှာပါ။
နွားနို့
      နွားနို့နဲ့နို့ထွတ်ပစ္စည်းထုတ်ကုန်တွေကို ကြိုက်နှစ်သက်ကြတဲ့သူတွေ များပြားပါတယ်။ လူကြီး၊ လူငယ်၊ လူလတ်မရွေး သောက်သုံးကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နွားနို့ဟာခန္ဓာကိုယ်ရဲ့ အားအင်နဲ့ မှတ်ဉာဏ်ကို ဖြည့်စွမ်းပေးလို့ပါ။ ကော်ဖီသောက်တဲ့ အခါမှာ နွားနို့များများ ထည့်သောက် အခါတွေလည်း ရှိတတ်ကြသလို ကျွန်တော်တို့ အရမ်းကြိုက်တဲ့ ရေခဲ့မုန့်မှာလည်း နွားနို့ပမာဏ ပါဝင်ပါ တယ်။ ဒါပေမယ့် သင်ဟာ အလှအပအရမ်းကြိုက်တဲ့သူဆိုရင်တော့ နွားနို့ကို လုံလောက်သော ပမာဏ အတွင်းသာသောက်သုံးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နွားနို့ကိုအလွန်အကျူး သောက်သုံးမိရင် တော့ မျက်နှာအရေးပြားမှာ ဆိုးကျိူးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်တိုစ် ဓာတ်ကို ခံနိုင်ရည်ရှိတယ်ဆိုရင်တောင်မှ ဒီဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ကျွန်တော်တို့ အသက်ကြီးလာတဲ့အခါ လက်တို့စ်ဓာတ်ကို ချေဖျတ်နိုင်တဲ့အင်ဇိုင်းတွေ လျော့ကျလာတဲ့အခါ မျက်နှာ အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံး ရောင်ရမ်းမှုတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။
နွားနို့သောက်သုံးတာ/စားသုံးတာ များလာရင်တော့
( ၁ ) မျက်လုံးတွေ အစ်လာမယ်။
( ၂ ) မျက်ကွင်းညိုလာမယ်၊ မျက်အိပ် ထွတ်လာမယ်။
( ၃ ) မျက်နှာမှာ ဝက်ခြံတွေ မကြာခဏဆိုသလို ပေါက်လာမယ်။
( ၄ ) ပါပြင်ဟာလည်းချိုင့်ဝင်လာမယ်။
( ၆ ) ကျွန်တော်တို့မျက်နှာမှာ ရောင်ရမ်းပြီး အိပ်ချင်စိတ်ပေါက်နေတဲ့ မျက်နှာသွင်ပြင်ဖြစ်လာမယ်။
( ၇ ) မျက်နှာပြင်မှာ အရေးအကြောင်းတွေ ပေါ်လာမယ်။ ပီးရင်တော့
( ၅ ) မေးစေ့တစ်ဝိုက်မှာလည်း ဝက်ခြံတွေ ပေါက်လာမှာပါ။

အထက်ပါလက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ နွားနို့နဲ့ နို့ထွတ်ထုတ်ကုန် ပစ္စည်းတွေကို ရက်သတ္တပတ်အနည်းငယ် ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်နော်။

#ထွန်းဇော်ဇော် (ရွှေရွှေ)


#Zawgyi


အလြန္အက်ဴးစားသုံးမိလွ်င္ မိမိရဲ႕ မ်က္ႏွာသြင္ျပင္ကို
ပ်က္စီးေစတတ္ေသာ အစားအစာမ်ား ( ၂ )
မိမိႀကိဳက္ႏွစ္သက္တာထက္ လြန္လြန္က်ဴးက်ဴးစားသုံးမိရင္ လွပတဲ့မ်က္ႏွာသြင္ျပင္ကို ပ်က္စီး ေစတတ္တဲ့ စားေသာက္ကုန္ေတြထဲမွာ ႏြားႏို႔ဟာလည္း အပါအဝင္ျဖစ္ပါတယ္။ လိုအပ္တာထက္ပိုၿပီး စားသုံးမိမွာပါ။
ႏြားႏို႔
      ႏြားႏို႔နဲ႔ႏို႔ထြတ္ပစၥည္းထုတ္ကုန္ေတြကို ႀကိဳက္ႏွစ္သက္ၾကတဲ့သူေတြ မ်ားျပားပါတယ္။ လူႀကီး၊ လူငယ္၊ လူလတ္မေ႐ြး ေသာက္သုံးၾကပါတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ ႏြားႏို႔ဟာခႏၶာကိုယ္ရဲ႕ အားအင္နဲ႔ မွတ္ဉာဏ္ကို ျဖည့္စြမ္းေပးလို႔ပါ။ ေကာ္ဖီေသာက္တဲ့ အခါမွာ ႏြားႏို႔မ်ားမ်ား ထည့္ေသာက္ အခါေတြလည္း ရွိတတ္ၾကသလို ကြၽန္ေတာ္တို႔ အရမ္းႀကိဳက္တဲ့ ေရခဲ့မုန႔္မွာလည္း ႏြားႏို႔ပမာဏ ပါဝင္ပါ တယ္။ ဒါေပမယ့္ သင္ဟာ အလွအပအရမ္းႀကိဳက္တဲ့သူဆိုရင္ေတာ့ ႏြားႏို႔ကို လုံေလာက္ေသာ ပမာဏ အတြင္းသာေသာက္သုံးသင့္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ႏြားႏို႔ကိုအလြန္အက်ဴး ေသာက္သုံးမိရင္ ေတာ့ မ်က္ႏွာအေရးျပားမွာ ဆိုးက်ိဴးေတြ ျဖစ္ေပၚေစႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ လက္တိုစ္ ဓာတ္ကို ခံႏိုင္ရည္ရွိတယ္ဆိုရင္ေတာင္မွ ဒီဆိုးက်ိဳးေတြကို ခံစားရႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔ အသက္ႀကီးလာတဲ့အခါ လက္တို႔စ္ဓာတ္ကို ေခ်ဖ်တ္ႏိုင္တဲ့အင္ဇိုင္းေတြ ေလ်ာ့က်လာတဲ့အခါ မ်က္ႏွာ အပါအဝင္ ခႏၶာကိုယ္တစ္ခုလုံး ေရာင္ရမ္းမႈေတြ ျဖစ္ေပၚလာေစႏိုင္ပါတယ္။
ႏြားႏို႔ေသာက္သုံးတာ/စားသုံးတာ မ်ားလာရင္ေတာ့
( ၁ ) မ်က္လုံးေတြ အစ္လာမယ္။
( ၂ ) မ်က္ကြင္းညိဳလာမယ္၊ မ်က္အိပ္ ထြတ္လာမယ္။
( ၃ ) မ်က္ႏွာမွာ ဝက္ၿခံေတြ မၾကာခဏဆိုသလို ေပါက္လာမယ္။
( ၄ ) ပါျပင္ဟာလည္းခ်ိဳင့္ဝင္လာမယ္။
( ၆ ) ကြၽန္ေတာ္တို႔မ်က္ႏွာမွာ ေရာင္ရမ္းၿပီး အိပ္ခ်င္စိတ္ေပါက္ေနတဲ့ မ်က္ႏွာသြင္ျပင္ျဖစ္လာမယ္။
( ၇ ) မ်က္ႏွာျပင္မွာ အေရးအေၾကာင္းေတြ ေပၚလာမယ္။ ပီးရင္ေတာ့
( ၅ ) ေမးေစ့တစ္ဝိုက္မွာလည္း ဝက္ၿခံေတြ ေပါက္လာမွာပါ။

အထက္ပါလကၡဏာေတြ ျဖစ္လာၿပီဆိုရင္ေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔ ႏြားႏို႔နဲ႔ ႏို႔ထြတ္ထုတ္ကုန္ ပစၥည္းေတြကို ရက္သတၱပတ္အနည္းငယ္ ေရွာင္ၾကဥ္ဖို႔ လိုအပ္ပါတယ္ေနာ္။

#ထြန္းေဇာ္ေဇာ္ (ေ႐ႊေ႐ႊ)