အလွန်အကျူးစားသုံးမိလျှင် မိမိရဲ့ မျက်နှာသွင်ပြင်ကို
ပျက်စီးစေတတ်သော အစားအစာများ ( ၃ )
****************************************
သကြား
ကျွန်တော်တို့နေ့စဥ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ အချိုဓာတ်ဟာ ပါဝင်ပါတယ်။ သကြားဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အလေးချိန်ကိုသာမက အရေးပြားပေါ်မှာလည်း များစွာသက်ရောက်မှု ရှိပါ တယ်။ သကြားဟာ "ဂလိုက်ကေးရှင်း" ဆိုတဲ့ လုပ်ငန်းစဥ်ကို မြင့်တင်ပေးပါတယ်။ ထိုလုပ်ငန်းစဥ်ဟာ များစွာသော "ဂလူးကိုစ်မော်လီကျူး" တွေကို "ကော်လာဂျင်" တွေနဲ့ ပေါင်းစ်ပြီး "ကော်လာဂျင်" တွေကို ဖျက်စီးပစ်လိုက်တဲ့အတွက် တင်းရင်းတဲ့ မျက်နှာပြင်မျိုးမရရှိနိုင်တော့ဘဲ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သကြားကို လိုအပ်တာထက်ပိုပြီးစားသုံးခြင်းဟာ မျက်နှာပြင်မှာ အရေးအကြောင်းတွေကို ဖြစ်ပေါ်လာစေနိုင်ပြီး အစက်အပြောက်တွေ ပေါ်လာနိုင်ပါ တယ်။ ဒါ့ကြောင့်မို့ သကြားကို လိုအပ်သလောက်သာ စားသုံးသင့်ပါတယ်။
သကြားကို အများအပြားစားသုံးသူတွေရဲ့ မျက်နှာသွင်ပြင်အနေအထားဟာဆိုရင်ဖြင့် ...
( ၁ ) နဖူးတဝိုက်မှာ အရေးကြောင်းတွေ ပေါ်လာမယ်။
( ၂ ) မျက်အိပ်ထွက်လာမယ်။
( ၃ ) မျက်နှာအရေပြားဟာ ပါးလာမယ်။
( ၄ ) အသားအရေဟာ ဖျော့တော့တော့ ဖြစ်လာမယ်။
( ၅ ) မျက်နှာတစ်ပြင်လုံးဟာ ဝက်ခြံတွေပေါက်လာပြီး အချိုင့်ရာတွေ ဖြစ်လာမှာပါ။
အထက်ပါ လက္ခဏာတွေဖြစ်လာပြီဆိုရင် သင့် မျက်နှာပြင်အသားအရေကို မပျက်စီးအောင်၊ ပြန်ပြီး ကောင်းမွန်လာအောင် သကြားကို ရှောင်ကြဥ်ထားဖို့ လိုအပ်ပါတယ်။
#ထွန်းဇော်ဇော် (ရွှေရွှေ)
#Zawgyi
အလြန္အက်ဴးစားသုံးမိလွ်င္ မိမိရဲ႕ မ်က္ႏွာသြင္ျပင္ကို
ပ်က္စီးေစတတ္ေသာ အစားအစာမ်ား ( ၃ )
****************************************
သၾကား
ကြၽန္ေတာ္တို႔ေန႔စဥ္စားသုံးေနတဲ့ အစားအစာေတြထဲမွာ အခ်ိဳဓာတ္ဟာ ပါဝင္ပါတယ္။ သၾကားဟာ ကြၽန္ေတာ္တို႔ရဲ႕ ခႏၶာကိုယ္အေလးခ်ိန္ကိုသာမက အေရးျပားေပၚမွာလည္း မ်ားစြာသက္ေရာက္မႈ ရွိပါ တယ္။ သၾကားဟာ "ဂလိုက္ေကးရွင္း" ဆိုတဲ့ လုပ္ငန္းစဥ္ကို ျမင့္တင္ေပးပါတယ္။ ထိုလုပ္ငန္းစဥ္ဟာ မ်ားစြာေသာ "ဂလူးကိုစ္ေမာ္လီက်ဴး" ေတြကို "ေကာ္လာဂ်င္" ေတြနဲ႔ ေပါင္းစ္ၿပီး "ေကာ္လာဂ်င္" ေတြကို ဖ်က္စီးပစ္လိုက္တဲ့အတြက္ တင္းရင္းတဲ့ မ်က္ႏွာျပင္မ်ိဳးမရရွိႏိုင္ေတာ့ဘဲ အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္းေတြကို ျဖစ္ေပၚေစႏိုင္ပါတယ္။ သၾကားကို လိုအပ္တာထက္ပိုၿပီးစားသုံးျခင္းဟာ မ်က္ႏွာျပင္မွာ အေရးအေၾကာင္းေတြကို ျဖစ္ေပၚလာေစႏိုင္ၿပီး အစက္အေျပာက္ေတြ ေပၚလာႏိုင္ပါ တယ္။ ဒါ့ေၾကာင့္မို႔ သၾကားကို လိုအပ္သေလာက္သာ စားသုံးသင့္ပါတယ္။
သၾကားကို အမ်ားအျပားစားသုံးသူေတြရဲ႕ မ်က္ႏွာသြင္ျပင္အေနအထားဟာဆိုရင္ျဖင့္ ...
( ၁ ) နဖူးတဝိုက္မွာ အေရးေၾကာင္းေတြ ေပၚလာမယ္။
( ၂ ) မ်က္အိပ္ထြက္လာမယ္။
( ၃ ) မ်က္ႏွာအေရျပားဟာ ပါးလာမယ္။
( ၄ ) အသားအေရဟာ ေဖ်ာ့ေတာ့ေတာ့ ျဖစ္လာမယ္။
( ၅ ) မ်က္ႏွာတစ္ျပင္လုံးဟာ ဝက္ၿခံေတြေပါက္လာၿပီး အခ်ိဳင့္ရာေတြ ျဖစ္လာမွာပါ။
အထက္ပါ လကၡဏာေတြျဖစ္လာၿပီဆိုရင္ သင့္ မ်က္ႏွာျပင္အသားအေရကို မပ်က္စီးေအာင္၊ ျပန္ၿပီး ေကာင္းမြန္လာေအာင္ သၾကားကို ေရွာင္ၾကဥ္ထားဖို႔ လိုအပ္ပါတယ္။
#ထြန္းေဇာ္ေဇာ္ (ေ႐ႊေ႐ႊ)