အလွန်အကျူးစားသုံးမိလျှင် မိမိရဲ့ မျက်နှာသွင်ပြင်ကို
ပျက်စီးစေတတ်သော အစားအစာများ ( ၄ )
****************************************
ဂလူတင်(ဂျုံစပါး၊ အုပ်စပါး၊ ဘာလီ စသည်တို့တွင်ပါဝင်သော ပရိုတင်းဓာတ်တစ်မျိုး)
ဝီစကီ၊ ဘီယာ၊ ဗော်ကာ အသောက်များခြင်းဟာလည်း ဂလူတင်စားသုံးမှုများတာနဲ့ အချိုးကျ ပါတယ်။ တစ်ကယ်လို့သာ သင့်ရဲ့ခန္ဓာကိုယ်ဟာ ဂလူတင်ဓာတ်ကို မချေဖျတ်နိုင်ရင် သင့်ရဲ့မျက်နှာ သွင်ပြင်ဟာ ပျက်စီးသွားစေနိုင်ပါတယ်။
ဂလူတင်အလွန်အကျူးစားသုံးသူတွေရဲ့ မျက်နှာသွင်ပြင်ဟာဆိုရင် ဖြင့်
( ၁ ) ပါးရိုးတွေ ရောင်ရမ်းနီရဲလာမယ်။
( ၂ ) ပါရိုးမှာ ဝက်ခြံတွေ ပေါက်လာမယ်။
( ၃ ) နဖူးတဝိုက်မှာလည်း ဝက်ခြံတွေပေါက်လာမယ်။
( ၄ ) မေးစေ့နေရာမှာ ဝက်ခြံပေါက်လာပြီး အညိုရောင်အကွက်တွေ ပေါ်လာမှာပါ။
အထက်ပါလက္ခဏာတွေ ဖြစ်ပေါ်လာပြီဆိုရင်တော့ သင့်နေနဲ့ ဂလူတင်ပါဝင်တဲ့ စားသောက် ကုန်ပစ္စည်းတွေကို ၂ပတ်ကနေ ၃ပတ်လောက်ထိ ရှောက်ကြဥ်ထားဖို့ လိုအပ်ပါတယ်။ ထိုလက္ခဏာ သွင်ပြင်တွေဟာ ၂ပတ် ၃ပတ် ကြာမြင့်သည်အထိ မပျောက်ကင်းသေးဘူးဆိုရင်တော့ "ကာဗိုဟိုက်ဒရိတ်" ပါဝင်တဲ့ စားသောက်ကုန်ပစ္စည်းတွေကို ရှောင်ကြဥ်စားသုံးလိုအပ်ပါတယ်။
#ထွန်းဇော်ဇော် (ရွှေရွှေ)
#Zawgyi
****************************************