ငှက်ပျောသီးမှာ အာဟာရဓာတ်များစွာ ပါဝင်တယ် ဆိုတာ သိကြပြီး ဖြစ်ပါတယ်။ ဒါပေမဲ့တော့ ငှက်ပျောသီး စားပြီးတာနဲ့ ငှက်ပျောခွံကို လွှင့်မပစ်လိုက်ပါနဲ့ ။ ဘာလို့လဲ ဆိုတော့ ငှက်ပျောသီးခွံမှာလည်း သူ့ရဲ့အသုံးဝင်တဲ့ ကဏ္ဍတွေ ရှိနေလို့ပါပဲ။
⭕ ဖြူဖွေးစေချင်တဲ့ သွားများအတွက်
ငှက်ပျောခွံ တစ်ခုရဲ့ အတွင်းဘက်သားနဲ့ သွားတွေကို နေ့တိုင်း မှန်မှန် ပွတ်တိုက်ပေးပါက သွားတွေကို ဖြူဝင်းလာစေပါတယ်။ ရလဒ်ကတော့ နှစ်ပတ် သုံးပတ်လောက်ကြာရင် ထင်ရှား လာပါလိမ့်မယ်။
⭕ ကြွက်နို့တွေကို ဖယ်ရှားချင်ရင်
ကြွက်နို့ပေါ်ကို ငှက်ပျောသီး အတွင်းသား ဘက်နဲ့ကပ်ပြီး ပတ်တီး စည်းထားပါ (သို့) ပလာစတာနဲ့ ထပ်ကပ်ထားပါ။ တစ်ညတာ ထိုသို့ ကပ်ထားပါ။ ထိုနည်းကို ညတိုင်း မကြာခဏ လုပ်ဆောင်ပေးခြင်းဖြင့် ကြွက်နို့ ပျောက်ကင်း ပါလိမ့်မယ်။
⭕ အသားအရေကို ထိန်းသိမ်းဖို့
ငှက်ပျောခွံ အတွင်းသားက ဝက်ခြံတွေနဲ့ အရေးအကြောင်းတွေကိုလည်း ကုသပေးနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၎င်းက အသားအရေကို အားဖြည့် ပေးနိုင်လို့ ဖြစ်ပါတယ်။ နည်းလမ်းကတော့ ပျက်စီးနေတဲ့ အသားအရေပေါ်ကို ငှက်ပျောသီးခွံ အတွင်းသားနဲ့ ပွတ်ပါ။ မိနစ်(၃၀)ကြာခန့် ထားပြီးနောက် ရေဆေးပါ။
⭕ အရေပြား ဓာတ်မတည့်မှုများ အတွက်
အရေပြား ဓာတ်မတည့်လို့ ဖြစ်တဲ့ ယားနာတွေကို ငှက်ပျောခွံက အရှင်းပျောက်အောင် မကုသ ပေးနိုင်ပေမယ့် သက်သာအောင်တော့ အနည်းနဲ့ အများ ကုသပေးနိုင်ပါတယ်။ နည်းလမ်းကတော့ ယားနာဖြစ်နေတဲ့ နေရာကို ငှက်ပျောခွံနဲ့ ပွတ်ပြီး (၁၀) မိနစ်ကြာ ထားလိုက်ရုံပါပဲ။
ငွက္ေပ်ာခြံႏွင့္အတူအလွတရားအႀကံေပးခ်က္မ်ား
ငွက္ေပ်ာသီးမွာ အာဟာရဓာတ္မ်ားစြာ ပါဝင္တယ္ ဆိုတာ သိၾကၿပီး ျဖစ္ပါတယ္။ ဒါေပမဲ့ေတာ့ ငွက္ေပ်ာသီး စားၿပီးတာနဲ႔ ငွက္ေပ်ာခြံကို လႊင့္မပစ္လိုက္ပါနဲ႔ ။ ဘာလို႔လဲ ဆိုေတာ့ ငွက္ေပ်ာသီးခြံမွာလည္း သူ႔ရဲ႕အသုံးဝင္တဲ့ က႑ေတြ ရွိေနလို႔ပါပဲ။
⭕ ျဖဴေဖြးေစခ်င္တဲ့ သြားမ်ားအတြက္
ငွက္ေပ်ာခြံ တစ္ခုရဲ႕ အတြင္းဘက္သားနဲ႔ သြားေတြကို ေန႔တိုင္း မွန္မွန္ ပြတ္တိုက္ေပးပါက သြားေတြကို ျဖဴဝင္းလာေစပါတယ္။ ရလဒ္ကေတာ့ ႏွစ္ပတ္ သုံးပတ္ေလာက္ၾကာရင္ ထင္ရွား လာပါလိမ့္မယ္။
⭕ ႂကြက္ႏို႔ေတြကို ဖယ္ရွားခ်င္ရင္
ႂကြက္ႏို႔ေပၚကို ငွက္ေပ်ာသီး အတြင္းသား ဘက္နဲ႔ကပ္ၿပီး ပတ္တီး စည္းထားပါ (သို႔) ပလာစတာနဲ႔ ထပ္ကပ္ထားပါ။ တစ္ညတာ ထိုသို႔ ကပ္ထားပါ။ ထိုနည္းကို ညတိုင္း မၾကာခဏ လုပ္ေဆာင္ေပးျခင္းျဖင့္ ႂကြက္ႏို႔ ေပ်ာက္ကင္း ပါလိမ့္မယ္။
⭕ အသားအေရကို ထိန္းသိမ္းဖို႔
ငွက္ေပ်ာခြံ အတြင္းသားက ဝက္ၿခံေတြနဲ႔ အေရးအေၾကာင္းေတြကိုလည္း ကုသေပးႏိုင္ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ၎က အသားအေရကို အားျဖည့္ ေပးႏိုင္လို႔ ျဖစ္ပါတယ္။ နည္းလမ္းကေတာ့ ပ်က္စီးေနတဲ့ အသားအေရေပၚကို ငွက္ေပ်ာသီးခြံ အတြင္းသားနဲ႔ ပြတ္ပါ။ မိနစ္(၃၀)ၾကာခန႔္ ထားၿပီးေနာက္ ေရေဆးပါ။
⭕ အေရျပား ဓာတ္မတည့္မႈမ်ား အတြက္
အေရျပား ဓာတ္မတည့္လို႔ ျဖစ္တဲ့ ယားနာေတြကို ငွက္ေပ်ာခြံက အရွင္းေပ်ာက္ေအာင္ မကုသ ေပးႏိုင္ေပမယ့္ သက္သာေအာင္ေတာ့ အနည္းနဲ႔ အမ်ား ကုသေပးႏိုင္ပါတယ္။ နည္းလမ္းကေတာ့ ယားနာျဖစ္ေနတဲ့ ေနရာကို ငွက္ေပ်ာခြံနဲ႔ ပြတ္ၿပီး (၁၀) မိနစ္ၾကာ ထားလိုက္႐ုံပါပဲ။