ခြင်ကျားအကြောင်းသိကောင်းစရာများ
"Aedes" ဟု နာမည်ပေးထားသော ခြင်ကျားဆိုသည်မှာ နာမည်နှင့် အညီ ကိုယ်ခန္ဓာနှင့် ခြေချောင်းတွေဟာ အဖြူနှင့်အမဲကျားအစင်းလေးတွေရှိသောခြင်အမျိုးအစားတစ်ခုဖြစ်ပါသည်။ ခြင်ကျားပေါက်ဖွားလာပုံကတော့ ခြက်ကျားဥမှတစ်ဆင့် ခြင်လောက်လန်း၊ထိုခြင်လောက်လန်းမှအရွယ်ရောက်ခြင်ကျားအဖြစ်သို့ အသွင်ပြောင်းကာခြင်ကျားဖြစ်လာပါသည်။ အခြားသောခြင်မျိုးစေ့တွေနှင့် ကွာခြားသောအချက်မှာ ခြင်ကျားသည် နေ့ခင်းပိုင်းမှာသာကိုက်တတ်ခြင်းဖြစ်ပြီး မိုးလင်းစနံနက်ခင်းနှင့် ညနေစောင်းအချိန်တွေဟာ ခြင်ကျားများရဲ့ပျော်မွှေ့ရာအချိန်ကာလဖြစ်ပါသည်။ ခြင်ကျားများသည် ရေကြည်ရေသန့် တွင်ပေါက်ဖွားကြပြီး နေအိမ်များရှိ ပန်းအိုးများ၊ရေသိုလှောင်သောရေစည်များ၊တိုင်ကီများ၊အုတ်ကန်များနှင့်အိုးခွက်များ၊မိုးရေကျန်ရှိနေတတ်သောဘူးခွံများ၊ခွက်များ၊တာယာဟောင်းများ၊ဝါးငုတ်များ၊သစ်ခေါင်းပေါက်များနှင့်ကျောက်တွင်းပေါက်များတွင်ပေါက်ဖွားလေ့ရှိပါသည်။ Aedes ( ခြင်ကျား) မှာ Aedes aegypti နဲ့ Aedes albopictus ဆိုပြီး မျိုးစိတ်နှစ်ခုရှိပါသည်။ Aedes aegypti ကို မြို့ပေါ် ဒေသတွေမှာတွေ့ရတတ်ပြီးလူ့သွေးတွေ စုပ်ကာ ရှင်သန်လေ့ရှိပါသည်။ Aedes albopictus ကိုတော့ တောထဲမှာ အတွေ့များပြီး တိရိစ္ဆာန်တွေရဲ့ သွေးကို စုပ်ယူကာ အာဟာရမှီဝဲလေ့ရှိပါသည်။
Aedes aegypti ခြင်ကျားအမျိုးအစားကြောင့် လူအတော်အများဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရတတ်ပါသည်။ ဒီခြင်ကျားဟာ ရောဂါပိုးရှိတဲ့သူကို ကိုက်ပြီး တစ်ခြားတစ်ယောက်ကို ကိုက်တဲ့အခါမှာ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားပါသည်။နောက်ရှားပါးတဲ့ အခြေအနေတစ်ခုကတော့ သွေးလွန်တုပ်ကွေး ရောဂါရှိတဲ့သွေးနဲ့ မိမိရဲ့ သွေးထွက်နေတဲ့ နေရာထိမိလို့ ကူးစက်ခြင်းပါ။ သွေးလွန်တုပ်ကွေးဟာ များသောအားဖြင့် အရှေ့တောင်အာရှ၊ တောင်နဲ့ အလယ်ပိုင်း အမေရိက၊ အာဖရိကတို့မှာ အဖြစ်များပါသည်။ နောက်အဖြစ်များတဲ့ လူတွေမှာ ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ နဲ့ လူကြီးပိုင်းတွေပါပါသည်။ Aedes aegypti ကြောင့် အခြား ကူးစက်နိုင်တဲ့ ရောဂါတွေကတော့ -
* ဆင်တုပ်ကွေး ( chikungunya)
* ဇီကာဗိုင်းရပ်စ် (zika)
* yellow fever နှင့်
* Rift Valley disease ရောဂါတို့ဖြစ်ပါသည်။
ထိုသို့ရောဂါဆိုးများ ရန်မီကာကွယ်ဖို့အတွက် နေအိမ်၊ကျောင်း၊ရုံးများတွင်ခြင်ကျားမပေါက်ပွားစေရန်လိုအပ်ပြီး ခြင်ကျားနှင့်လောက်လန်း များကို နှိမ်နင်းနိုင်ရန်အောက်ပါအတိုင်းလိုက်လံဆောင်ရွက်ဖို့လိုအပ်ပါသည်။
* ရေစည်၊ရေအိုးများကိုခြင်များမခိုအောင်းနိုင်ရန်အတွက် လုံခြုံစွာဖုံးအုပ်ထားပါ။
* ခြင်ကျားလောက်လန်းများတွေရှိပါကမည်သည့် အိုး၊ခွက်မဆိုရေကိုသွန်ခြင်း၊လဲလှယ်ခြင်းများပြုလုပ်ပေးပါ။
* ဘုရားပန်းအိုး၊နတ်စင်အိုးနှင့် အိမ်တွင်းအလှပန်းအိုးများကို (၃) ရက်လျှင်တစ်ကြိမ်ဆေးကြောလဲလှယ်ပါ။
* ရေရှားပါသောနေရာဒေသများတွင်ခြင်ကျားလောက်လန်းများအားရေစစ်ဖြင့်ခပ်ပြီးဖယ်ရှားပါ။
* ရေတင်ကျန်နိုင်သော ပလပ်စတစ်ဘူးခွံ၊ပုလင်းခွံ၊အိုး၊ခွက်၊ဘက်ထရီအိုးနှင့် တာယာဟောင်းများကို မြေမြုပ်ပြီးစနစ်တကျစွန့်ပစ်ပေးပါ။
* သစ်ခေါင်း၊ဝါးခေါင်းများ၊ရေအိုင်၊ဗွက်အိုင်ငယ်များကိုဝိုင်းဝန်းမြေဖို့ပါ။
* တစ်ကိုယ်ရည် ခြင်ကာကွယ်ရေးနည်းလမ်းများဖြစ်သော အင်္ကျီလက်ရှည်၊ဘောင်းဘီရှည်ဝတ်ဆင်ခြင်း၊ခြင်မကိုက်ဆေးလိမ်းခြင်းများကိုဆောင်ရွက်ပါ။
* အချိန်တိုင်းအိပ်လျှင်ခြင်ထောင်ဖြင့်သာအိပ်စက်အနားယူပါ။
ခြင်ကျားလောက်လန်းများအားနှိမ်နှင်းန်ုင်ပြီး ခြင်ကျားကြောင့်ကူးစက်ဖြစ်ပွားတတ်သောရောဂါဘေးအန္တရာယ်တွေမှကင်းဝေးနိုင်ကြပါစေ
"Aedes" ဟု နာမည္ေပးထားေသာ ျခင္က်ားဆိုသည္မွာ နာမည္ႏွင့္ အညီ ကိုယ္ခႏၶာႏွင့္ ေျခေခ်ာင္းေတြဟာ အျဖဴႏွင့္အမဲက်ားအစင္းေလးေတြရွိေသာျခင္အမ်ိဳးအစားတစ္ခုျဖစ္ပါသည္။ ျခင္က်ားေပါက္ဖြားလာပုံကေတာ့ ျခက္က်ားဥမွတစ္ဆင့္ ျခင္ေလာက္လန္း၊ထိုျခင္ေလာက္လန္းမွအ႐ြယ္ေရာက္ျခင္က်ားအျဖစ္သို႔ အသြင္ေျပာင္းကာျခင္က်ားျဖစ္လာပါသည္။ အျခားေသာျခင္မ်ိဳးေစ့ေတြႏွင့္ ကြာျခားေသာအခ်က္မွာ ျခင္က်ားသည္ ေန႔ခင္းပိုင္းမွာသာကိုက္တတ္ျခင္းျဖစ္ၿပီး မိုးလင္းစနံနက္ခင္းႏွင့္ ညေနေစာင္းအခ်ိန္ေတြဟာ ျခင္က်ားမ်ားရဲ႕ေပ်ာ္ေမႊ႕ရာအခ်ိန္ကာလျဖစ္ပါသည္။ ျခင္က်ားမ်ားသည္ ေရၾကည္ေရသန႔္ တြင္ေပါက္ဖြားၾကၿပီး ေနအိမ္မ်ားရွိ ပန္းအိုးမ်ား၊ေရသိုေလွာင္ေသာေရစည္မ်ား၊တိုင္ကီမ်ား၊အုတ္ကန္မ်ားႏွင့္အိုးခြက္မ်ား၊မိုးေရက်န္ရွိေနတတ္ေသာဘူးခြံမ်ား၊ခြက္မ်ား၊တာယာေဟာင္းမ်ား၊ဝါးငုတ္မ်ား၊သစ္ေခါင္းေပါက္မ်ားႏွင့္ေက်ာက္တြင္းေပါက္မ်ားတြင္ေပါက္ဖြားေလ့ရွိပါသည္။ Aedes ( ျခင္က်ား) မွာ Aedes aegypti နဲ႔ Aedes albopictus ဆိုၿပီး မ်ိဳးစိတ္ႏွစ္ခုရွိပါသည္။ Aedes aegypti ကို ၿမိဳ႕ေပၚ ေဒသေတြမွာေတြ႕ရတတ္ၿပီးလူ႔ေသြးေတြ စုပ္ကာ ရွင္သန္ေလ့ရွိပါသည္။ Aedes albopictus ကိုေတာ့ ေတာထဲမွာ အေတြ႕မ်ားၿပီး တိရိစာၦန္ေတြရဲ႕ ေသြးကို စုပ္ယူကာ အာဟာရမွီဝဲေလ့ရွိပါသည္။
Aedes aegypti ျခင္က်ားအမ်ိဳးအစားေၾကာင့္ လူအေတာ္အမ်ားျဖစ္ပြားေလ့ရွိေသာ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားရတတ္ပါသည္။ ဒီျခင္က်ားဟာ ေရာဂါပိုးရွိတဲ့သူကို ကိုက္ၿပီး တစ္ျခားတစ္ေယာက္ကို ကိုက္တဲ့အခါမွာ ေသြးလြန္တုပ္ေကြးေရာဂါ ကူးစက္ျဖစ္ပြားပါသည္။ေနာက္ရွားပါးတဲ့ အေျခအေနတစ္ခုကေတာ့ ေသြးလြန္တုပ္ေကြး ေရာဂါရွိတဲ့ေသြးနဲ႔ မိမိရဲ႕ ေသြးထြက္ေနတဲ့ ေနရာထိမိလို႔ ကူးစက္ျခင္းပါ။ ေသြးလြန္တုပ္ေကြးဟာ မ်ားေသာအားျဖင့္ အေရွ႕ေတာင္အာရွ၊ ေတာင္နဲ႔ အလယ္ပိုင္း အေမရိက၊ အာဖရိကတို႔မွာ အျဖစ္မ်ားပါသည္။ ေနာက္အျဖစ္မ်ားတဲ့ လူေတြမွာ ကေလးေတြ၊ ကိုယ္ဝန္ေဆာင္မိခင္ေတြ နဲ႔ လူႀကီးပိုင္းေတြပါပါသည္။ Aedes aegypti ေၾကာင့္ အျခား ကူးစက္ႏိုင္တဲ့ ေရာဂါေတြကေတာ့ -
* ဆင္တုပ္ေကြး ( chikungunya)
* ဇီကာဗိုင္းရပ္စ္ (zika)
* yellow fever ႏွင့္
* Rift Valley disease ေရာဂါတို႔ျဖစ္ပါသည္။
ထိုသို႔ေရာဂါဆိုးမ်ား ရန္မီကာကြယ္ဖို႔အတြက္ ေနအိမ္၊ေက်ာင္း၊႐ုံးမ်ားတြင္ျခင္က်ားမေပါက္ပြားေစရန္လိုအပ္ၿပီး ျခင္က်ားႏွင့္ေလာက္လန္း မ်ားကို ႏွိမ္နင္းႏိုင္ရန္ေအာက္ပါအတိုင္းလိုက္လံေဆာင္႐ြက္ဖို႔လိုအပ္ပါသည္။
* ေရစည္၊ေရအိုးမ်ားကိုျခင္မ်ားမခိုေအာင္းႏိုင္ရန္အတြက္ လုံၿခဳံစြာဖုံးအုပ္ထားပါ။
* ျခင္က်ားေလာက္လန္းမ်ားေတြရွိပါကမည္သည့္ အိုး၊ခြက္မဆိုေရကိုသြန္ျခင္း၊လဲလွယ္ျခင္းမ်ားျပဳလုပ္ေပးပါ။
* ဘုရားပန္းအိုး၊နတ္စင္အိုးႏွင့္ အိမ္တြင္းအလွပန္းအိုးမ်ားကို (၃) ရက္လွ်င္တစ္ႀကိမ္ေဆးေၾကာလဲလွယ္ပါ။
* ေရရွားပါေသာေနရာေဒသမ်ားတြင္ျခင္က်ားေလာက္လန္းမ်ားအားေရစစ္ျဖင့္ခပ္ၿပီးဖယ္ရွားပါ။
* ေရတင္က်န္ႏိုင္ေသာ ပလပ္စတစ္ဘူးခြံ၊ပုလင္းခြံ၊အိုး၊ခြက္၊ဘက္ထရီအိုးႏွင့္ တာယာေဟာင္းမ်ားကို ေျမျမဳပ္ၿပီးစနစ္တက်စြန႔္ပစ္ေပးပါ။
* သစ္ေခါင္း၊ဝါးေခါင္းမ်ား၊ေရအိုင္၊ဗြက္အိုင္ငယ္မ်ားကိုဝိုင္းဝန္းေျမဖို႔ပါ။
* တစ္ကိုယ္ရည္ ျခင္ကာကြယ္ေရးနည္းလမ္းမ်ားျဖစ္ေသာ အက်ႌလက္ရွည္၊ေဘာင္းဘီရွည္ဝတ္ဆင္ျခင္း၊ျခင္မကိုက္ေဆးလိမ္းျခင္းမ်ားကိုေဆာင္႐ြက္ပါ။
* အခ်ိန္တိုင္းအိပ္လွ်င္ျခင္ေထာင္ျဖင့္သာအိပ္စက္အနားယူပါ။
ျခင္က်ားေလာက္လန္းမ်ားအားႏွိမ္ႏွင္းႏ္ုင္ၿပီး ျခင္က်ားေၾကာင့္ကူးစက္ျဖစ္ပြားတတ္ေသာေရာဂါေဘးအႏၲရာယ္ေတြမွကင္းေဝးႏိုင္ၾကပါေစ