ကိုယ်ခန္ဓာ ကျန်းမာရေး ပိုကောင်းစေဖို့ ...

Jun 6, 2018

1.     ပစ္စည်းတစ်ခုခုကို မ,ယူတိုင်း၊ ကောက်ယူတိုင်း ဆောင့်ကြောင့်ထိုင်ချပါ။ ကိုယ်လုံးကို ကိုင်းပြီး မ,မယ့်အစား ဒူးကွေးပြီး ဆောင့်ကြောင့်ထိုင်ချခြင်းက ခြေထောက်ကြွက်သားတွေကိုသန်မာစေပြီး အားပြည့်စေပါတယ်။

2.     မီးပွိုင့်မှာ လမ်းဖြတ်ကူးဖို့ ရပ်စောင့်နေချိန်ပဲဖြစ်ဖြစ်၊ ဘတ်စ်ကားမှတ်တိုင်မှာ ရပ်စောင့်နေချိန်မှာပဲဖြစ်ဖြစ် ပေါင်နဲ့တင်ပါးက ကြွက်သားတွေကို တင်းလိုက်၊ လျှော့လိုက်လုပ်တာကို အကြိမ်ရေ များနိုင်သမျှများများ လုပ်ပေးပါ။ တခြားသူတွေမြင်မှာကို အရမ်းစိုးရိမ်မနေပါနဲ့။ ဒီလိုလုပ်တာက သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး စိတ်ပျော်ရွှင်စေနိုင်ပါတယ်။

3.     မျဉ်းတစ်ပြေးတည်း မတ်တပ်ရပ်နေရတဲ့ အချိန်တိုင်းမှာ ခြေထောက်တစ်ဖက်ကို မြေကြီးကနေ လက်မဝက်ခန့် မ,တင်ထားပါ။ မိနစ်အနည်းငယ်ကြာရင် တခြားခြေထောက်ကို ပြောင်းလုပ်ပါ။ ဒီလိုလုပ်တဲ့အခါမှာ တခြားခြေထောက်၊ ခြေကျင်းဝတ်၊ ခြေသလုံး၊ ပေါင်နဲ့ တင်ပါးတစ်ဖက် အပေါ်မှာ ကျရောက်သွားတဲ့ ဖိအားအပိုက ကြွက်သားတွေကို သန်မာတောင့်တင်းစေပါတယ်။