ကျန်းမာသောဘဝနေထိုင်မှုအတွက် လိုက်နာရမည့် အချက်များ။

Jan 29, 2020

လူတိုင်းတွင် ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး ဟုဆိုသည့် အတိုင်း ရောဂါဘယကင်းရှင်းပြီး စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်း၊လူမှုရေးသုခပြီးပြည့်စုံခြင်း စသည့် ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်းနှင့် ပြည့်စုံခြင်းကို လိုလားကြသည်။ လိုလားချက်အတိုင်းလည်းရရှိအောင် တည်ဆောက်ကြရမည်ဖြစ်သည်။

ယခုခေတ်ကာလ တွင် ဆုတ်ကပ်ဟုဆို သော အမျိုးမျိုးသော ကူးစက်ရောဂါတွေ၊ ဗားရပ်စ်တွေ ဟာ လူတွေရဲ့ ကိုယ်စိတ်နှစ်ပါး ကျန်းမာခြင်းကို ထိခိုက် လာနေသလို မိမိနေထိုင်သော ပတ်ဝန်းကျင်တွင် ကိုယ်စိတ်နှစ်ပါးထိခိုက်စေသော အမှုအစုစု တို့ဖြစ်ပေါ်လာသည်။

ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းစေပြီး ကျန်းမာသောလူနေမှုဘဝကို ရရှိစေဖို့အတွက် အမေရိကန်ပြည်ထောင်စု ဟားဗက်တက္ကသိုလ်မှ ၃၄ နှစ်တာ လေ့လာတွေ့ရှိချက်အရ
လိုက်နာရမည့် အချက် (၅) ချက်ကိုဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

(၁) အာဟာရများသော အစာကိုစားပါ

ကမ္ဘာပေါ်တွင် ပျမ်းမျှ သေဆုံးသောလူ ငါးယောက်မှာ တစ်ယောက်ဟာ စားသုံးတဲ့ အစားအသောက် တွေက အာဟာရမပြည့်ဝသော ဓာတ်စာတွေကြောင့် ဖြစ်ပါသည်။ လူတွေဟာ အသီးအနှံတွေ၊အစေ့အဆံတွေနှင့် ဂျုံပါဝင်မှုများသောအစားအစာတွေထက်ကို အသင့်စားအစားအစာတွေကို သုံးဆောင်နေကြတာများပါတယ်။

(၂) ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ

နေ့စဉ် တက်တက်ကြွကြွမရှိသောလူတစ်ဦးသည် ပုံမှန်ထက် သေဆုံးနိုင်ခြေ ၂၀ % မှ ၃၀ % အထိပိုမိုမြင့်မားလာနိုင်ကြောင်းသိရသည်။ ကျန်းမာရေးကျွမ်းကျင်သူများရဲ့အကြံပြုချက်အရ ကျန်းမာရေး လိုက်စားရန် တစ်ပတ်လျှင် မိနစ် ၁၅၀ ခန့် လေ့ကျင့်ခန်းလုပ် ရန်လိုအပ်သည်။

(၃) ကိုယ်အလေးချိန်ကို ပုံမှန်ထိန်းသိမ်းခြင်း

ကမ္ဘာပေါ်ရှိ လူဦးရေပေါင်း သန်း ၈၀၀ ခန့်သည် အဝလွန်သောသူများဖြစ်ပြီး ၂၀၁၆ တွင် စ၍ သုံးဆ တိုးလာခဲ့သည်။ အဝလွန်ခြင်းသည် ကျန်းမာရေးအတွက်အလွန်ဆိုးရွားပြီး ကိုယ်ရဲ့ ပုံမှန် တက်တက်ကြွကြွ လှုပ်ရှားနိုင်ဖို့အတွက် ပုံမှန်ခန္ဓာကိုယ် အလေးချိန် ကို ထိန်းသိမ်းပေးရပါမည်။

(၄) ဆေးဖြစ်ဝါးဖြစ်ယမကာသောက်သုံးပေးပါ

ဝိုင်နီ ဟာ ဦးနှောက် အာရုံကြောတွေ ကို အာရုံစူးစိုက်မှုပိုကောင်းစေသလို ဝိုင်နီတွင်ပါဝင်သော ပါဝင်ပစ္စည်းတွေက လူတွေရဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေပါသည် ။ အလွန်အကျွံ သောက်သုံးပါက ကျန်းမာရေးကို အထူးထိခိုက်စေပါတယ်။

(၅) ဆေးလိပ်ဖြတ်ပါ

လေ့လာတွေ့ရှိချက်တွေအရ ဆေးလိပ်ဖြတ်ပြီး နောက်တစ်နှစ်မှာ သင့် ဟာ နှလုံးရောဂါဖြစ်နိုင်ချေ ကိုထက်ဝက် လျော့ကျသွားစေပါသည်။ ၁၀ နှစ်ကြာတဲ့အခါမှာတော့ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ကိုပါ ၅၀ % ကျဆင်းသွားစေပါသည်။ ဆေးလိပ်ဖြတ်လိုက်ခြင်းအားဖြင့် ကိုယ်ခံအားနည်းခြင်း၊မျိုးမပွားနိုင်ခြင်းစတဲ့ဝေဒနာ တွေကို ဖြစ်နိုင်ခြေနည်းသွားစေပါသည်။

*၃၄ နှစ်ကျော် အမေရိကန်လူမျိုး ၁၂၂၀၀၀ ကျော် ကို ထိုနည်းလမ်း (၅) မျိုးကို လိုက်နာစေပြီး စမ်းသပ်ကြည့်ရာ အမျိုးသားများ မှာ ၁၂ နှစ်တာ ပုံမှန်ထက်အသက်ရှည်ပြီး အမျိုးသမီး များမှာ ၁၄ နှစ်တာ အသက်ရှည်ရှည်နေထိုင်နိုင်ခဲ့ကြောင်းတွေ့ရှိခဲ့သည်။*

သင်ရော ဘယ်လောက်ကျန်းမာပါသလဲ ?

#Zawgyi

က်န္းမာေသာဘဝေနထိုင္မႈအတြက္ လိုက္နာရမည့္ အခ်က္မ်ား။

လူတိုင္းတြင္ က်န္းမာျခင္းသည္ လာဘ္ႀကီးတစ္ပါး ဟုဆိုသည့္ အတိုင္း ေရာဂါဘယကင္းရွင္းၿပီး စိတ္၏ခ်မ္းသာျခင္း၊ကိုယ္၏က်န္းမာျခင္း၊လူမႈေရးသုခၿပီးျပည့္စုံျခင္း စသည့္ ကိုယ္စိတ္ႏွစ္ပါး ခ်မ္းသာျခင္းႏွင့္ ျပည့္စုံျခင္းကို လိုလားၾကသည္။ လိုလားခ်က္အတိုင္းလည္းရရွိေအာင္ တည္ေဆာက္ၾကရမည္ျဖစ္သည္။

ယခုေခတ္ကာလ တြင္ ဆုတ္ကပ္ဟုဆို ေသာ အမ်ိဳးမ်ိဳးေသာ ကူးစက္ေရာဂါေတြ၊ ဗားရပ္စ္ေတြ ဟာ လူေတြရဲ႕ ကိုယ္စိတ္ႏွစ္ပါး က်န္းမာျခင္းကို ထိခိုက္ လာေနသလို မိမိေနထိုင္ေသာ ပတ္ဝန္းက်င္တြင္ ကိုယ္စိတ္ႏွစ္ပါးထိခိုက္ေစေသာ အမႈအစုစု တို႔ျဖစ္ေပၚလာသည္။

ကိုယ္စိတ္ႏွစ္ပါး က်န္းမာ႐ႊင္လန္းေစၿပီး က်န္းမာေသာလူေနမႈဘဝကို ရရွိေစဖို႔အတြက္ အေမရိကန္ျပည္ေထာင္စု ဟားဗက္တကၠသိုလ္မွ ၃၄ ႏွစ္တာ ေလ့လာေတြ႕ရွိခ်က္အရ
လိုက္နာရမည့္ အခ်က္ (၅) ခ်က္ကိုေဖာ္ျပေပးလိုက္ပါတယ္ခင္ဗ်ာ။

(၁) အာဟာရမ်ားေသာ အစာကိုစားပါ

ကမာၻေပၚတြင္ ပ်မ္းမွ် ေသဆုံးေသာလူ ငါးေယာက္မွာ တစ္ေယာက္ဟာ စားသုံးတဲ့ အစားအေသာက္ ေတြက အာဟာရမျပည့္ဝေသာ ဓာတ္စာေတြေၾကာင့္ ျဖစ္ပါသည္။ လူေတြဟာ အသီးအႏွံေတြ၊အေစ့အဆံေတြႏွင့္ ဂ်ဳံပါဝင္မႈမ်ားေသာအစားအစာေတြထက္ကို အသင့္စားအစားအစာေတြကို သုံးေဆာင္ေနၾကတာမ်ားပါတယ္။

(၂) ပုံမွန္ ေလ့က်င့္ခန္းလုပ္ပါ

ေန႔စဥ္ တက္တက္ႂကြႂကြမရွိေသာလူတစ္ဦးသည္ ပုံမွန္ထက္ ေသဆုံးႏိုင္ေျခ ၂၀ % မွ ၃၀ % အထိပိုမိုျမင့္မားလာႏိုင္ေၾကာင္းသိရသည္။ က်န္းမာေရးကြၽမ္းက်င္သူမ်ားရဲ႕အႀကံျပဳခ်က္အရ က်န္းမာေရး လိုက္စားရန္ တစ္ပတ္လွ်င္ မိနစ္ ၁၅၀ ခန႔္ ေလ့က်င့္ခန္းလုပ္ ရန္လိုအပ္သည္။

(၃) ကိုယ္အေလးခ်ိန္ကို ပုံမွန္ထိန္းသိမ္းျခင္း

ကမာၻေပၚရွိ လူဦးေရေပါင္း သန္း ၈၀၀ ခန႔္သည္ အဝလြန္ေသာသူမ်ားျဖစ္ၿပီး ၂၀၁၆ တြင္ စ၍ သုံးဆ တိုးလာခဲ့သည္။ အဝလြန္ျခင္းသည္ က်န္းမာေရးအတြက္အလြန္ဆိုး႐ြားၿပီး ကိုယ္ရဲ႕ ပုံမွန္ တက္တက္ႂကြႂကြ လႈပ္ရွားႏိုင္ဖို႔အတြက္ ပုံမွန္ခႏၶာကိုယ္ အေလးခ်ိန္ ကို ထိန္းသိမ္းေပးရပါမည္။

(၄) ေဆးျဖစ္ဝါးျဖစ္ယမကာေသာက္သုံးေပးပါ

ဝိုင္နီ ဟာ ဦးေႏွာက္ အာ႐ုံေၾကာေတြ ကို အာ႐ုံစူးစိုက္မႈပိုေကာင္းေစသလို ဝိုင္နီတြင္ပါဝင္ေသာ ပါဝင္ပစၥည္းေတြက လူေတြရဲ႕ စိတ္ဖိစီးမႈေတြကို ေလ်ာ့က်ေစပါသည္ ။ အလြန္အကြၽံ ေသာက္သုံးပါက က်န္းမာေရးကို အထူးထိခိုက္ေစပါတယ္။

(၅) ေဆးလိပ္ျဖတ္ပါ

ေလ့လာေတြ႕ရွိခ်က္ေတြအရ ေဆးလိပ္ျဖတ္ၿပီး ေနာက္တစ္ႏွစ္မွာ သင့္ ဟာ ႏွလုံးေရာဂါျဖစ္ႏိုင္ေခ် ကိုထက္ဝက္ ေလ်ာ့က်သြားေစပါသည္။ ၁၀ ႏွစ္ၾကာတဲ့အခါမွာေတာ့ အဆုတ္ကင္ဆာ ျဖစ္ႏိုင္ေျခ ကိုပါ ၅၀ % က်ဆင္းသြားေစပါသည္။ ေဆးလိပ္ျဖတ္လိုက္ျခင္းအားျဖင့္ ကိုယ္ခံအားနည္းျခင္း၊မ်ိဳးမပြားႏိုင္ျခင္းစတဲ့ေဝဒနာ ေတြကို ျဖစ္ႏိုင္ေျခနည္းသြားေစပါသည္။

*၃၄ ႏွစ္ေက်ာ္ အေမရိကန္လူမ်ိဳး ၁၂၂၀၀၀ ေက်ာ္ ကို ထိုနည္းလမ္း (၅) မ်ိဳးကို လိုက္နာေစၿပီး စမ္းသပ္ၾကည့္ရာ အမ်ိဳးသားမ်ား မွာ ၁၂ ႏွစ္တာ ပုံမွန္ထက္အသက္ရွည္ၿပီး အမ်ိဳးသမီး မ်ားမွာ ၁၄ ႏွစ္တာ အသက္ရွည္ရွည္ေနထိုင္ႏိုင္ခဲ့ေၾကာင္းေတြ႕ရွိခဲ့သည္။*

သင္ေရာ ဘယ္ေလာက္က်န္းမာပါသလဲ ?