ကျွန်တော်တို့ဟာ ပညာတွေသင်ကြားရတဲ့ ပညာရေးလောကကနေ ပေါက်ဖွားကြီးပြင်းလာကြတဲ့သူတွေ
ဖြစ်တဲ့အတွက်ကြောင့် Education( ပညာ )သည် ဘဝရဲ့ထွက်ပေါက်ဆိုတာကို ကျွန်တော်တို့ နားလည်ကြပါ တယ်။ အဲ့လိုပဲ Sex မှာလည်း Educateလုပ်ဖို့လိုပါတယ်။ ကျွန်တော်တို့နားလည်တဲ့ Sex Education .ဆိုတာ ဖို,မ ဆက်ဆံတဲ့နည်းကို သင်ပေးတာ မဟုတ်ပါဘူး။
🔴 အဲ့တာဆိုရင် Sex Education ဆိုတာဘာလဲ ... ?
🔴 ဘာတွေကို သင်ပေးရမှာလဲ ... ?
🔴 ဘာတွေကို ပညာပေးရမှာလဲ ... ?
လက်ရှိကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင် အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ Sexual Abuse
လုပ်ခံရတာတွေကို မကြာခဏဆိုသလို မြင်တွေ့နေရတာဟာ မြင်လို့လည်းမကောင်းသလို ကြားလို့လည်း
မကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကလေးငယ်တွေဟာ သူတို့ရဲ့ Private Part ကို တခြားသူတွေ မမြင်လို့ရတဲ့နေရာ၊ မိမိနှင့်မိခင်မှ လွဲပြီးတော့ တခြားတစိမ်းတွေကို ပြလို့မရဘူး၊ ထိလို့ကိုင်လို့ မရဘူးဆိုတာကို မသိရှိကြလို့ ဖြစ်ပါတယ်။ ပြီးတော့ ကိုယ်တိုင်ကလည်း တခြားသူတွေရဲ့ Private Part ကို မကြည့်ရဘူး မကိုင်ရဘူး၊ လေးစားရမယ် ဆိုတာတွေကို Educate လုပ်ဖို့လိုပါတယ်။
အရွယ်ရောက်သွားပြီ ကျောင်းနေတဲ့ အရွယ် ဆယ်ကျော်သက်တွေဖြစ်လာပြီဆိုရင်လည်း သူတို့ကို
🔴 လူတွေဟာ ဘယ်လိုမျိုးပွားလာကြတယ်
🔴 အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်းဆိုတာ ဘယ်လိုမျိုးလဲ
🔴 သား၊သမီးတွေရဲ့အပျို/လူပျိုဘဝကို အိမ်ထောင်မကျခင်အထိ ထိန်းသိမ်းစေချင်ရင် ဘယ်လိုနေဘယ်လို ထိုင်ဆိုတာမျိုးအပါအဝင် အသက်အရွယ်အလိုက် သူတို့သိသင့်တာလေးတွေကို သင်ကြားပြသပေးဖို့ လိုပါတယ်။
ကျွန်တော်တို့တွေ လူကြီးပိုင်းကို ရောက်လာပြီဆိုရင်လည်း Sex Education သင်ပေးဖို့ မလိုတော့ဘူးလို့မထင်ပါနဲ့။ ဘာဖြစ်လို့လည်းဆိုတော့-
🔴 အကာကွယ်မဲ့ လိင်ဆက်ဆံတာမျိုးတွေကို ဆင်ခြင်ဖို့။
🔴 တချို့အကြောင်းမတိုက်ဆိုင်လို့ ကိုယ်ဝန်ရသွားခဲ့တာတွေဖြစ်လာပြီဆိုရင် လူမသိသူမသိဖျတ်ချရာကနေ ပိုးတွေဝင်ပြီး အသက်ဆုံးရှုံးရတာမျိုးတွေထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့သူတို့အသက်အရွယ်မှာလည်း Sex Education နဲ့ ပက်သက်ပြီးအသိပညာပေးဖို့ လိုပါတယ်။ကျွန်တော်တို့နိုင်ငံမှာက Sex Educationနဲ့ ပက်သက်လို့ ပညာပေးတာတွေ နည်းပါးနေသေးသလို အခု လက်ရှိမှာတော့ Sex Education နဲ့ပက်သက်ပြီး ပညာပေးဟောပြောတာတွေကို လုပ်ဆောင်နေကြပါပြီ။
ကျွန်တော်တို့ မြန်မာလူမျိုးတွေသည် လူငယ်တွေနဲ့မိဘအကြား Sex အကြောင်း၊ ကိုယ်ဝန် အကြောင်း ပြောရမှာကို ရှက်စရာလို့ထင်နေကြပါတယ်။ ကလေးတွေကို Sex Education ပေးတယ်ဆိုတာ တစ်ခါထဲ၊ တစ်ထိုင်ထဲ ပြောပြရုံနဲ့ပြီးတဲ့ကိစ္စမဟုတ်ပါဘူး။ ကြုံရင်ကြုံသလို၊ မကြာခဏဆိုသလို ထပ်ခါထပ်ခါ ပြောပေး ရမယ့်ကိစ္စဖြစ်ပါတယ်။ Sex Education လို့ပြောတဲ့အခါမှာ မိဘတွေအနေနဲ့ဘယ်လို ပြောရမလဲ၊ ဘာတွေ ပြောရမလဲ၊ ဘယ်အချိန်မှာပြောရမလဲစသဖြင့် မေးခွန်းတွေအများကြီးရှိကြပါတယ်။
Sex Educationဆိုတာမှာ ကိုယ့် ကလေးအသက်အရွယ်အလိုက် သူနားလည်လောက်မယ့် စကားလုံးအသုံးအနှုန်းမျိုးတော့ ရွေးချယ်တတ်ဖို့ လည်းလိုပါတယ်။၅နှစ်သားအရွယ်မှာ ၅နှစ်သားနားလည်မယ့်စကားလုံးမျိုးနဲ့ပြောပြီး၊ ဆယ်ကျော်သက်မှာ ဆယ်ကျော်သက်နားလည်လောက်မယ့် စကားလုံးမျိုး ရွေးချယ်ပြီးပြောပြရပါမယ်။ မိဘက ရှက်ကိုးရှက်ကန်းနဲ့ ပြောနေရတာမျိုးမဖြစ်သင့်ပါဘူး။ ကိုယ်ကလေသံအေးအေးနဲ့ ကိုယ်ရဲ့ကလေးကို နားလည်အောင် ပြောနိုင်ဖို့ ကြိုးစားရမှာပါ။ ကိုယ်ကမသင်ထားရင် လူငယ်ဆိုတာ စူးစမ်းချင်စိတ်ရှိတယ်၊ သူတို့ဟာ active ဖြစ်နေတဲ့အရွယ် ဖြစ်တယ်၊ ပြီးတော့ သူတို့အပြင်ကကြားမယ်။ အပြင်မှာလေ့လာမှာပဲ။
အခု ခေတ်လိုဘာသိချင်လဲ၊ ဘာကြည့်ချင်လဲ Google တစ်ချက်ခေါက်လိုက်၊ Facebook ကြည့်လိုက်ရုံနဲ့ အရာရာကို သိလွယ်တဲ့ခေတ်ကြီးမှာ ကျွန်တော်တို့ သား၊သမီးတွေ တခြားနေရာကအမှားတွေ မလေ့လာမိအောင် ကျွန်တော်တို့က အရင်ဦးဆုံး သူတို့သိသင့်သိထိုက်တာတွေ သင်ထားပေးရပါမယ်။ Sex Educationနဲ့ပက်သက်ပြီး ဘယ်အရွယ်မှာ ဘာတွေသင်ထားရမယ်ဆိုတာကို-
🔴 ၂နှစ် ကနေ ၅နှစ်သား သားသားမီးမီးလေတွေဆိုရင်သူတို့လေးတွေရဲ့ကိုယ်ခန္ဓာပိုင်းဆိုင်ရာကို ဘယ်လိုထိန်းသိမ်းရမယ်၊ မိမိရဲ့ Privacy ကိုဘယ်လိုထိန်းသိမ်းဖို့လိုတယ်ဆိုတာ၊
🔴 ၅နှစ်ကနေ ၈နှစ် အရွယ်ကို ရောက်လာကြပြီဆိုရင် သူတို့လေးတွေကို ကိုယ်ခန္ဓာပိုင်းဆိုင်ရာအကြောင်းလေးတွေ၊ လူပျိုဖော်ဝင်ချိန်/အပျိုဖော်ဝင်ချိန်, အကြောင်းတွေ ကလေးများ၏လိင်စိတ်, အချစ်စိတ်, စတာတွေ
🔴 အသက် ၈နှစ် ကနေ ၁၂နှစ် ဆိုရင် ဘယ်လိုအကြောင်းရာတွေကို သူတို့သိသင့်ပြီဆိုတာတွေကို နောက်တင်မဲ့ post တွေမှာ ဖော်ပြပေးသွားပါမယ်။
ဒါမှလည်း ကျွန်တော်တို့ရဲ့ သားသား၊မီးမီးလေးတွေဟာ "Sex Education ပက်သက်လို့ သိသင့် သိထိုက်တာတွေကိုသိရှိပြီး မဖြစ်သင့်တာတွေ မဖြစ်ပဲပျော်ရွှင်စရာကောင်းတဲ့ လူနေဘဝတွေ၊ သူတို့လေး တွေရဲ့ မိသားစုဘဝလေး တွေကိုပိုင်ဆိုင်လာကြမှာဖြစ်ပါတယ်။
#Yatchainyou
#Healthy_life_for_you
#Zawgyi
#Yatchainyou
#Healthy_life_for_you