ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ သားသား၊မီးမီးလေးတွေကို Sex Education နဲ့ပက်သက်ပြီးတော့ ၂နှစ်ကနေ ၅နှစ်သားအတွင်း စသင်ပေးလို့ရပါပြီ ... ကျွန်တော်တို့ သူတို့လေးတွေကို ဘယ်လိုသင်ပေးမလဲ ... ?
“ကိုယ်ခန္ဓာပိုင်းဆိုင်ရာ” အရဆိုရင် သူတို့လေးတွေကို ... သူတို့လေးတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနာမည်တွေနဲ့ တစ်ခုချင်းစီအသုံးဝင်ပုံကို ပြောပြပေးပါ။
မိန်းကလေးနဲ့ယောကျာ်းလေးတွေမှာ တစ်ချို့အင်္ဂါအစိတ်အပိုင်းတွေဟာ မတူပေမယ့် တူတာတွေလည်းရှိတယ်ဆိုတာကို ပြောပြပေးပါ။ ( Nose, Hands, Nipples, Butt, etc )
မတူတာတွေ ရှိတာကလည်း ပြဿနာမဟုတ်ဘူးဆိုတဲ့အကြောင်းကို ရှင်းပြပေးပါ။“မိမိရဲ့ Privacy ကိုထိန်းသိမ်းရန်”
သူတို့ရဲ့လျို့ဝှက်အပ်တဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ (private parts) ကို သူများတွေမမြင်စေရဘူး။ တစိမ်းတွေကို ပြလို့မရဘူးဆိုတဲ့အကြောင်းကို ပြောပြပါ။
ကိုယ့်အိမ်မှာ ဧည့်သည်တွေ၊ သူစိမ်းတွေရှိနေရင် ဘောင်းဘီတွေ ချွတ်ပြီးမနေရဘူးဆိုတာပြောပြပါ။
တချို့ကလေးလေးတွေဆိုရင် လူကြီးတွေကချစ်စနိုးနဲ့စတဲ့အခါ ရှက်ရှက်နဲ့ဂါဝန်ကို ကိုက်တတ်ကြပါတယ်။ အဲ့လိုမျိုးတွေ မလုပ်ရဘူးဆိုတာကို ရှင်းပြပေးပါ။
သူများရဲ့ privacy ကိုလည်း ထိန်းသိမ်းဖို့လိုတယ်ဆိုတာပြောပြပါ။ ဥပမာ- ရေချိုးခန်း၊အိမ်သာထဲမှာ လူရှိနေလို့ တံခါးပိတ်ထားရင် အတင်းဖွင့်ပြီးဝင်သွားတာမျိုးမလုပ်ပဲ၊ တံခါးခေါက်ပြီး ဝင်လာလို့ရမရ မေးပြီးမှ ဝင်ရမယ်ဆိုတာ ရှင်းပြပေးပါ။
သူတို့ကိုယ်တိုင်လဲ အဲဒီလို privacyမျိုး ထားရမယ်ဆိုတာကို ပြောပြပါ။ သူတို့အိမ်သာသွားချိန်၊ ရေချိုးချိန်၊ အဝတ်အစားလဲချိန်တွေမှာ တခြားသူတွေမရှိစေချင်ရင် ပြောလို့ရကြောင်းကို
ရှင်းပြပေးပါ။
“ကိုယ့်ဘာသာကိုယ်ကိုင်ခြင်း” (Touching ourselves) ကလေးတွေ သူတို့ရဲ့ “private parts” ကို ကိုင်တတ်ကြပါတယ်။ တချို့မိဘတွေက ဒါကိုအင်မတန် ရှက်စရာလို ပြုမူတုံ့ပြန်တတ်တယ်။ အဲဒီလိုမလုပ်ပါနဲ့။ လောလောဆယ်သင်ရမှာတွေက ...
သူတို့ခန္ဓာကိုယ်ကို သူတို့ကိုင်ခွင့်ရှိတယ်။ ဒါပေမယ့် ဘယ်လိုအချိန်၊ ဘယ်လိုနေရာမျိုးမှာမှ ကိုင်လို့ရမယ် ဆိုတာ ပြောပြပါ။
အဲဒီလိုကိုင်တာတွေက အိမ်သာတက်သလိုမျိုးပဲ သူများမြင်လို့မသင့်တော်တာမို့ လူရှေ့သူရှေ့တွေမှာ လုပ်လို့မရတဲ့အရာဖြစ်တယ်ဆိုတာပြောပြပါ။
ကလေးတွေက လူမြင်ကွင်းမှာ သူတို့ရဲ့ private parts ကိုကိုင်နေရင် မကိုင်ဖို့အကြောင်းသူတို့ကို ခပ်တိုးတိုးလေးပြောပါ။ ညင်ညင်သာသာလေးပဲပြောပါ။ ဆူငေါက်ပြီးပြောရင် သူတို့က
အကျင့်ပျောက်မသွားတဲ့အပြင် နောက်ပိုင်းမှာ ပိုလုပ်တာမျိုးရှိတတ်ပါတယ်။
ကလေးက masturbate လုပ်သလို (လိင်စိတ်ဖြေသလို) ကိုင်တွယ်နေတာတွေရင် အဲဒီအတွက် မိဘများက စိတ်ပျက်စရာ၊ ရှက်စရာမလိုပါ။ ကလေးက ဒီကိစ္စကို လူကြီးတွေလို မခံစား၊ မသိရှိသေး ပါဘူး။ သူကိုင်လို့ကောင်းလို့ ကိုင်နေတဲ့သဘောပါပဲ။ သူ့အတွက်တော့ နှာခေါင်းနှိုက်
သလိုမျိုးလောက် ပါပဲ။ ဒါပေမယ့် ဆက်မလုပ်စေချင်ရင် တခြားအရာနဲ့ အာရုံပြောင်းလိုက်ပါ။
ကလေးအချင်းချင်း ဆရာဝန်လုပ်တမ်းကစားသလိုမျိုးကစားရင်းနဲ့ အချင်းချင်း private parts ကို ကြည့်နေတာ၊ ကစားနေတာတွေတွေ့ရင် ကိုယ်ကကလေးတွေကို မဆူပါနဲ့ မငေါက်ပါနဲ့။ စိတ်ကို အေးအေးထားပြီး အေးအေးဆေးဆေးနဲ့ သူတို့ကိုအဝတ်အစားပြန်ဝတ်ခိုင်းပြီး တခြားကစားနည်းတွေ ကစားပေးလိုက်ပါ။ ပြီးတော့မှ ကိုယ့်ရဲ့ private part ကို သူများကိုလဲ မပြရဘူး။ မကိုင်ခိုင်းရဘူး။ သူများရဲ့ private part ကိုလဲ မကိုင်သင့်၊ မကြည့်သင့်ဘူးဆိုတာ ထပ်ပြောပြပါ။
“ကလေးလေးတွေဘယ်လိုဖြစ်လာသလဲရှင်းပြရန်”
သားသား/မီးမီးက ဘယ်ကလာသလဲဆိုတာ ကလေးတွေမေးလေ့ရှိတဲ့မေးခွန်းပါ။
အသက်ရှိတဲ့အရာတိုင်းက မျိုးပွားကြတယ်ဆိုတာပြောပြပါ။ သစ်ပင်တွေမှာ သစ်စေ့လေးတွေက
တဆင့် သော်လည်းကောင်း သူတို့အသီးတွေကတဆင့်သော်လည်းကောင်း အပင်လေးတွေ ပေါက်ကြတယ်။ ခွေးတွေကနေ ခွေးသေးသေးလေးတွေ၊ ကြောင်တွေကနေကြောင်သေးသေးလေးတွေ၊ လူတွေကနေ ကလေးလေးတွေမွေးလာကြတယ် စသဖြင့် တခုချင်းစီပြောပြသွားပါ။
ကလေးလေးဖြစ်ဖို့ ယောက်ျားတစ်ယောက်(ဖေဖေ)နဲ့ မိန်းမတစ်ယောက်(မေမေ) လိုအပ်တယ်။ ဖေဖေဆီကအစိတ်အပိုင်း(ဆဲလ်)တစ်ခုနဲ့ မေမေဆီကအစိတ်အပိုင်းတစ်ခု(ဆဲလ်) တစ်ခုပေါင်းပြီး မေမေ့ဗိုက်ထဲမှာ ကလေးလေးဖြစ်လာတယ်။
ကလေးလေးတွေက အမေရဲ့ဗိုက်ထဲက အိတ်ကလေး(သားအိမ်) ထဲမှာစပြီးဖြစ်လာတယ်ဆိုပြီးပြောလို့ ရပါတယ်။ ခပ်ရှင်းရှင်းပြောထားရင်ရပါပြီ။
ကလေးလေးတွေက ဘယ်ကထွက်လာသလဲမေးရင် အမေရဲ့ဗိုက်ထဲကနေထွက်လာတယ်ဆိုရင်
ရပါပြီ။
လူကြီးတွေပဲ ကလေးလေးတွေဖြစ်အောင်လုပ်လို့ရတယ်။ ကလေးတွေက လုပ်လို့မရဘူးဆိုတာပြောပြပါ။ ကလေးမွေးတဲ့ကိစ္စပြောတိုင်းမှာ ဒါကိုထည့်ပြောဖို့ မမေ့ပါနဲ့။
“သူတို့ရဲ့ခန္ဓာကိုယ်ကို ဘယ်သူကိုင်လို့ရသလဲ”
သူတို့ဟာ သူတို့ခန္ဓာကိုယ်ရဲ့ပိုင်ရှင်ဖြစ်တယ်။ သူတို့ခန္ဓာကိုယ်ကို သူတို့မကိုင်စေချင်တဲ့သူက လာကိုင်ရင်၊ လာထိရင်၊ လာဖက်ရင် မလုပ်ဖို့၊ မကြိုက်ရင်မကြိုက်ကြောင်း ပြောရမယ်ဆိုတာကို ရှင်းပြပါ။
အဲဒီလိုပဲ သူများကမကြိုက်ရင်လဲ ကိုယ်ကသူများကိုသွားမထိ၊ မကိုင်၊ မဖက်ရဘူးဆိုတာကိုပြောပြထား ပါ။
ဒါပေမယ့် တခါတလေကျရင် ဆရာဝန်တို့ သူနာပြုတို့လို လူကြီးတစ်ယောက်ယောက်က သူတို့ကိုယ်ခန္ဓာ ကိုထိဖို့ ကိုင်ဖို့လိုအပ်တဲ့အချိန်မျိုးရှိတယ်ဆိုတာ ပြောပြပါ။
ကိုယ်ခန္ဓာနဲ့ပတ်သတ်လို့ ဘယ်လိုအကြောင်းအရာကိုမှ မေမေတို့ ဖေဖေတို့ကို လျို့ဝှက်ထားစရာမလိုဘူး ဆိုတာပြောပြပါ။
အဲဒါမှသူများကသူ့ကို abuse လုပ်တာမျိုးရှိလာခဲ့ရင် သူက မိဘကို မကြောက်ပဲပြန်ပြောပြမှာပါ။ သူတို့စိတ်ရှုပ်တာ၊ စိတ်ညစ်တာတွေရှိရင်ပဲဖြစ်ဖြစ် ရယ်စရာပဲဖြစ်ဖြစ် မိဘတွေကိုပြန်ပြောပြတာကောင်းတယ်ဆိုတာ ပြောပြပါ။
အချင်းချင်းပြန်ပြောတဲ့အကျင့်လုပ်ပါ။ နေ့တိုင်းကျောင်းမှာ ဘာတွေလုပ်ခဲ့သလဲ၊ ဘာဖြစ်လာသလဲမေးတဲ့ အကျင့်လုပ်ပါ။ ကလေးကပြောရင် သေချာနားထောင်ပေးပါ။
“ကလေးတွေလိုအပ်တဲ့အားပေးကူညီမှု” ဒီအရွယ်က သင်ပြလို့အလွယ်ဆုံးအချိန်ပါပဲ။ ရေမြုပ်ဖော့တုံးလေးတွေလို ဘာပဲသင်ပေးပေး အပြည့်အဝ စုပ်ယူသင်ယူဖို့အတွက် အဆင်သင့်ဖြစ်နေတဲ့အရွယ်ပါ။ သူတို့သိပ်နားမလည်တဲ့ အကြောင်းအရာတွေပါလာတဲ့ အခါ သူတို့ရဲ့အတွေးထဲမှာဖန်တီးပြီး ဆက်စပ်တွေးယူတတ်ပါတယ်။
မကြာခဏ ပြန်ပြန်ပြောပြဖို့တော့ပြင်ဆင် ထားပါ။ သူတို့လေးတွေဟာ မမှတ်မိတာတွေ၊သိပ်နားမလည်သေးတာတွေ ဖြစ်တတ်ပါတယ်။ ပြီးရင် ကိုယ်ပြော တာကို သူတို့ဘယ်လိုနားလည်သလဲပြန်မေးကြည့်ပါ။ အဲဒါမှ သူတို့သိတာ မှားနေရင်ပြင်ပေးလို့ ရမှာပါ။ ကိုယ်ကသူတို့လေးတွေယုံကြည်ရတဲ့သူဖြစ်စေပါ။ ကလေးတွေရဲ့မေးခွန်းတွေကို မလိမ်ညာပဲနဲ့ သူတို့နားလည်နိုင်အောင်ဖြေပေးရပါမယ်။ ကလေးမွေးတဲ့အကြောင်းလိုမျိုးကိစ္စတွေမှာ သေချာရှင်းပြလိုက်ရင်နောက်ပိုင်းကိစ္စ တွေမှာ သူတို့သိချင်တာမှန်သမျှ ကိုယ့်ကိုယုံယုံကြည်ကြည်မေးမှာဖြစ်ပါတယ်။သူတို့လေးတွေ “၅နှစ် ကနေ ၈နှစ်” အရွယ်ကို ရောက်လာကြပြီဆိုရင် ဘယ်လိုအကြောင်းအရာတွေကို ဆက်သင်ပေးဖို့လိုအပ်တယ်ဆိုတာကို နောက်တင်မဲ့ post တွေမှာ ဆက်ပြီးဖော်ပြပေးသွားပါမယ်နော်။
#ထွန်းဇော်ဇော် (ရွှေရွှေ)
ကြၽန္ေတာ္တို႔ဟာ ကြၽန္ေတာ္တို႔ရဲ႕ သားသား၊မီးမီးေလးေတြကို Sex Education နဲ႔ပက္သက္ၿပီးေတာ့ ၂ႏွစ္ကေန ၅ႏွစ္သားအတြင္း စသင္ေပးလို႔ရပါၿပီ ... ကြၽန္ေတာ္တို႔ သူတို႔ေလးေတြကို ဘယ္လိုသင္ေပးမလဲ ... ?
“ကိုယ္ခႏၶာပိုင္းဆိုင္ရာ” အရဆိုရင္ သူတို႔ေလးေတြကို ... သူတို႔ေလးေတြရဲ႕ ခႏၶာကိုယ္အစိတ္အပိုင္းနာမည္ေတြနဲ႔ တစ္ခုခ်င္းစီအသုံးဝင္ပုံကို ေျပာျပေပးပါ။
မိန္းကေလးနဲ႔ေယာက်ာ္းေလးေတြမွာ တစ္ခ်ိဳ႕အဂၤါအစိတ္အပိုင္းေတြဟာ မတူေပမယ့္ တူတာေတြလည္းရွိတယ္ဆိုတာကို ေျပာျပေပးပါ။ ( Nose, Hands, Nipples, Butt, etc )
မတူတာေတြ ရွိတာကလည္း ျပႆနာမဟုတ္ဘူးဆိုတဲ့အေၾကာင္းကို ရွင္းျပေပးပါ။“မိမိရဲ႕ Privacy ကိုထိန္းသိမ္းရန္”
သူတို႔ရဲ႕လ်ိဳ႕ဝွက္အပ္တဲ့ကိုယ္ခႏၶာအစိတ္အပိုင္းေတြ (private parts) ကို သူမ်ားေတြမျမင္ေစရဘူး။ တစိမ္းေတြကို ျပလို႔မရဘူးဆိုတဲ့အေၾကာင္းကို ေျပာျပပါ။
ကိုယ့္အိမ္မွာ ဧည့္သည္ေတြ၊ သူစိမ္းေတြရွိေနရင္ ေဘာင္းဘီေတြ ခြၽတ္ၿပီးမေနရဘူးဆိုတာေျပာျပပါ။
တခ်ိဳ႕ကေလးေလးေတြဆိုရင္ လူႀကီးေတြကခ်စ္စႏိုးနဲ႔စတဲ့အခါ ရွက္ရွက္နဲ႔ဂါဝန္ကို ကိုက္တတ္ၾကပါတယ္။ အဲ့လိုမ်ိဳးေတြ မလုပ္ရဘူးဆိုတာကို ရွင္းျပေပးပါ။
သူမ်ားရဲ႕ privacy ကိုလည္း ထိန္းသိမ္းဖို႔လိုတယ္ဆိုတာေျပာျပပါ။ ဥပမာ- ေရခ်ိဳးခန္း၊အိမ္သာထဲမွာ လူရွိေနလို႔ တံခါးပိတ္ထားရင္ အတင္းဖြင့္ၿပီးဝင္သြားတာမ်ိဳးမလုပ္ပဲ၊ တံခါးေခါက္ၿပီး ဝင္လာလို႔ရမရ ေမးၿပီးမွ ဝင္ရမယ္ဆိုတာ ရွင္းျပေပးပါ။
သူတို႔ကိုယ္တိုင္လဲ အဲဒီလို privacyမ်ိဳး ထားရမယ္ဆိုတာကို ေျပာျပပါ။ သူတို႔အိမ္သာသြားခ်ိန္၊ ေရခ်ိဳးခ်ိန္၊ အဝတ္အစားလဲခ်ိန္ေတြမွာ တျခားသူေတြမရွိေစခ်င္ရင္ ေျပာလို႔ရေၾကာင္းကို
ရွင္းျပေပးပါ။
“ကိုယ့္ဘာသာကိုယ္ကိုင္ျခင္း” (Touching ourselves) ကေလးေတြ သူတို႔ရဲ႕ “private parts” ကို ကိုင္တတ္ၾကပါတယ္။ တခ်ိဳ႕မိဘေတြက ဒါကိုအင္မတန္ ရွက္စရာလို ျပဳမူတုံ႔ျပန္တတ္တယ္။ အဲဒီလိုမလုပ္ပါနဲ႔။ ေလာေလာဆယ္သင္ရမွာေတြက ...
သူတို႔ခႏၶာကိုယ္ကို သူတို႔ကိုင္ခြင့္ရွိတယ္။ ဒါေပမယ့္ ဘယ္လိုအခ်ိန္၊ ဘယ္လိုေနရာမ်ိဳးမွာမွ ကိုင္လို႔ရမယ္ ဆိုတာ ေျပာျပပါ။
အဲဒီလိုကိုင္တာေတြက အိမ္သာတက္သလိုမ်ိဳးပဲ သူမ်ားျမင္လို႔မသင့္ေတာ္တာမို႔ လူေရွ႕သူေရွ႕ေတြမွာ လုပ္လို႔မရတဲ့အရာျဖစ္တယ္ဆိုတာေျပာျပပါ။
ကေလးေတြက လူျမင္ကြင္းမွာ သူတို႔ရဲ႕ private parts ကိုကိုင္ေနရင္ မကိုင္ဖို႔အေၾကာင္းသူတို႔ကို ခပ္တိုးတိုးေလးေျပာပါ။ ညင္ညင္သာသာေလးပဲေျပာပါ။ ဆူေငါက္ၿပီးေျပာရင္ သူတို႔က
အက်င့္ေပ်ာက္မသြားတဲ့အျပင္ ေနာက္ပိုင္းမွာ ပိုလုပ္တာမ်ိဳးရွိတတ္ပါတယ္။
ကေလးက masturbate လုပ္သလို (လိင္စိတ္ေျဖသလို) ကိုင္တြယ္ေနတာေတြရင္ အဲဒီအတြက္ မိဘမ်ားက စိတ္ပ်က္စရာ၊ ရွက္စရာမလိုပါ။ ကေလးက ဒီကိစၥကို လူႀကီးေတြလို မခံစား၊ မသိရွိေသး ပါဘူး။ သူကိုင္လို႔ေကာင္းလို႔ ကိုင္ေနတဲ့သေဘာပါပဲ။ သူ႔အတြက္ေတာ့ ႏွာေခါင္းႏႈိက္
သလိုမ်ိဳးေလာက္ ပါပဲ။ ဒါေပမယ့္ ဆက္မလုပ္ေစခ်င္ရင္ တျခားအရာနဲ႔ အာ႐ုံေျပာင္းလိုက္ပါ။
ကေလးအခ်င္းခ်င္း ဆရာဝန္လုပ္တမ္းကစားသလိုမ်ိဳးကစားရင္းနဲ႔ အခ်င္းခ်င္း private parts ကို ၾကည့္ေနတာ၊ ကစားေနတာေတြေတြ႕ရင္ ကိုယ္ကကေလးေတြကို မဆူပါနဲ႔ မေငါက္ပါနဲ႔။ စိတ္ကို ေအးေအးထားၿပီး ေအးေအးေဆးေဆးနဲ႔ သူတို႔ကိုအဝတ္အစားျပန္ဝတ္ခိုင္းၿပီး တျခားကစားနည္းေတြ ကစားေပးလိုက္ပါ။ ၿပီးေတာ့မွ ကိုယ့္ရဲ႕ private part ကို သူမ်ားကိုလဲ မျပရဘူး။ မကိုင္ခိုင္းရဘူး။ သူမ်ားရဲ႕ private part ကိုလဲ မကိုင္သင့္၊ မၾကည့္သင့္ဘူးဆိုတာ ထပ္ေျပာျပပါ။
“ကေလးေလးေတြဘယ္လိုျဖစ္လာသလဲရွင္းျပရန္”
သားသား/မီးမီးက ဘယ္ကလာသလဲဆိုတာ ကေလးေတြေမးေလ့ရွိတဲ့ေမးခြန္းပါ။
အသက္ရွိတဲ့အရာတိုင္းက မ်ိဳးပြားၾကတယ္ဆိုတာေျပာျပပါ။ သစ္ပင္ေတြမွာ သစ္ေစ့ေလးေတြက
တဆင့္ ေသာ္လည္းေကာင္း သူတို႔အသီးေတြကတဆင့္ေသာ္လည္းေကာင္း အပင္ေလးေတြ ေပါက္ၾကတယ္။ ေခြးေတြကေန ေခြးေသးေသးေလးေတြ၊ ေၾကာင္ေတြကေနေၾကာင္ေသးေသးေလးေတြ၊ လူေတြကေန ကေလးေလးေတြေမြးလာၾကတယ္ စသျဖင့္ တခုခ်င္းစီေျပာျပသြားပါ။
ကေလးေလးျဖစ္ဖို႔ ေယာက္်ားတစ္ေယာက္(ေဖေဖ)နဲ႔ မိန္းမတစ္ေယာက္(ေမေမ) လိုအပ္တယ္။ ေဖေဖဆီကအစိတ္အပိုင္း(ဆဲလ္)တစ္ခုနဲ႔ ေမေမဆီကအစိတ္အပိုင္းတစ္ခု(ဆဲလ္) တစ္ခုေပါင္းၿပီး ေမေမ့ဗိုက္ထဲမွာ ကေလးေလးျဖစ္လာတယ္။
ကေလးေလးေတြက အေမရဲ႕ဗိုက္ထဲက အိတ္ကေလး(သားအိမ္) ထဲမွာစၿပီးျဖစ္လာတယ္ဆိုၿပီးေျပာလို႔ ရပါတယ္။ ခပ္ရွင္းရွင္းေျပာထားရင္ရပါၿပီ။
ကေလးေလးေတြက ဘယ္ကထြက္လာသလဲေမးရင္ အေမရဲ႕ဗိုက္ထဲကေနထြက္လာတယ္ဆိုရင္
ရပါၿပီ။
လူႀကီးေတြပဲ ကေလးေလးေတြျဖစ္ေအာင္လုပ္လို႔ရတယ္။ ကေလးေတြက လုပ္လို႔မရဘူးဆိုတာေျပာျပပါ။ ကေလးေမြးတဲ့ကိစၥေျပာတိုင္းမွာ ဒါကိုထည့္ေျပာဖို႔ မေမ့ပါနဲ႔။
“သူတို႔ရဲ႕ခႏၶာကိုယ္ကို ဘယ္သူကိုင္လို႔ရသလဲ”
သူတို႔ဟာ သူတို႔ခႏၶာကိုယ္ရဲ႕ပိုင္ရွင္ျဖစ္တယ္။ သူတို႔ခႏၶာကိုယ္ကို သူတို႔မကိုင္ေစခ်င္တဲ့သူက လာကိုင္ရင္၊ လာထိရင္၊ လာဖက္ရင္ မလုပ္ဖို႔၊ မႀကိဳက္ရင္မႀကိဳက္ေၾကာင္း ေျပာရမယ္ဆိုတာကို ရွင္းျပပါ။
အဲဒီလိုပဲ သူမ်ားကမႀကိဳက္ရင္လဲ ကိုယ္ကသူမ်ားကိုသြားမထိ၊ မကိုင္၊ မဖက္ရဘူးဆိုတာကိုေျပာျပထား ပါ။
ဒါေပမယ့္ တခါတေလက်ရင္ ဆရာဝန္တို႔ သူနာျပဳတို႔လို လူႀကီးတစ္ေယာက္ေယာက္က သူတို႔ကိုယ္ခႏၶာ ကိုထိဖို႔ ကိုင္ဖို႔လိုအပ္တဲ့အခ်ိန္မ်ိဳးရွိတယ္ဆိုတာ ေျပာျပပါ။
ကိုယ္ခႏၶာနဲ႔ပတ္သတ္လို႔ ဘယ္လိုအေၾကာင္းအရာကိုမွ ေမေမတို႔ ေဖေဖတို႔ကို လ်ိဳ႕ဝွက္ထားစရာမလိုဘူး ဆိုတာေျပာျပပါ။
အဲဒါမွသူမ်ားကသူ႔ကို abuse လုပ္တာမ်ိဳးရွိလာခဲ့ရင္ သူက မိဘကို မေၾကာက္ပဲျပန္ေျပာျပမွာပါ။ သူတို႔စိတ္ရႈပ္တာ၊ စိတ္ညစ္တာေတြရွိရင္ပဲျဖစ္ျဖစ္ ရယ္စရာပဲျဖစ္ျဖစ္ မိဘေတြကိုျပန္ေျပာျပတာေကာင္းတယ္ဆိုတာ ေျပာျပပါ။
အခ်င္းခ်င္းျပန္ေျပာတဲ့အက်င့္လုပ္ပါ။ ေန႔တိုင္းေက်ာင္းမွာ ဘာေတြလုပ္ခဲ့သလဲ၊ ဘာျဖစ္လာသလဲေမးတဲ့ အက်င့္လုပ္ပါ။ ကေလးကေျပာရင္ ေသခ်ာနားေထာင္ေပးပါ။
“ကေလးေတြလိုအပ္တဲ့အားေပးကူညီမႈ” ဒီအ႐ြယ္က သင္ျပလို႔အလြယ္ဆုံးအခ်ိန္ပါပဲ။ ေရျမဳပ္ေဖာ့တုံးေလးေတြလို ဘာပဲသင္ေပးေပး အျပည့္အဝ စုပ္ယူသင္ယူဖို႔အတြက္ အဆင္သင့္ျဖစ္ေနတဲ့အ႐ြယ္ပါ။ သူတို႔သိပ္နားမလည္တဲ့ အေၾကာင္းအရာေတြပါလာတဲ့ အခါ သူတို႔ရဲ႕အေတြးထဲမွာဖန္တီးၿပီး ဆက္စပ္ေတြးယူတတ္ပါတယ္။
မၾကာခဏ ျပန္ျပန္ေျပာျပဖို႔ေတာ့ျပင္ဆင္ ထားပါ။ သူတို႔ေလးေတြဟာ မမွတ္မိတာေတြ၊သိပ္နားမလည္ေသးတာေတြ ျဖစ္တတ္ပါတယ္။ ၿပီးရင္ ကိုယ္ေျပာ တာကို သူတို႔ဘယ္လိုနားလည္သလဲျပန္ေမးၾကည့္ပါ။ အဲဒါမွ သူတို႔သိတာ မွားေနရင္ျပင္ေပးလို႔ ရမွာပါ။ ကိုယ္ကသူတို႔ေလးေတြယုံၾကည္ရတဲ့သူျဖစ္ေစပါ။ ကေလးေတြရဲ႕ေမးခြန္းေတြကို မလိမ္ညာပဲနဲ႔ သူတို႔နားလည္ႏိုင္ေအာင္ေျဖေပးရပါမယ္။ ကေလးေမြးတဲ့အေၾကာင္းလိုမ်ိဳးကိစၥေတြမွာ ေသခ်ာရွင္းျပလိုက္ရင္ေနာက္ပိုင္းကိစၥ ေတြမွာ သူတို႔သိခ်င္တာမွန္သမွ် ကိုယ့္ကိုယုံယုံၾကည္ၾကည္ေမးမွာျဖစ္ပါတယ္။သူတို႔ေလးေတြ “၅ႏွစ္ ကေန ၈ႏွစ္” အ႐ြယ္ကို ေရာက္လာၾကၿပီဆိုရင္ ဘယ္လိုအေၾကာင္းအရာေတြကို ဆက္သင္ေပးဖို႔လိုအပ္တယ္ဆိုတာကို ေနာက္တင္မဲ့ post ေတြမွာ ဆက္ၿပီးေဖာ္ျပေပးသြားပါမယ္ေနာ္။
#ထြန္းေဇာ္ေဇာ္ (ေ႐ႊေ႐ႊ)