“လူနေမှုဘဝနဲ့ Sex Education ပညာပေး အပိုင်း ( ၃ )”

Nov 5, 2019

ကျွန်တော်တို့ ကလေးငယ်တွေဟာ အသက် ၅နှစ် ကနေ ၈နှစ် အတွင်းဆိုရင် အောက်‌ဖော်ပြပါများကို သင်ပေးလို့ရပါပြီ။
ကိုယ်ခန္ဓာပိုင်းဆိုင်ရာ
( ၁ ) ခန္ဓာကိုယ်အစိတ်အပိုင်းလေးတွေရဲ့ ဘယ်နေရာကို ဘယ်လိုခေါ်တယ်ဆိုတာ သူတို့လေးတွေကိုပြောပြပါ။
( ၂ ) ကိုယ်အတွင်းပိုင်းအင်္ဂါတွေအကြောင်းကို နည်းနည်းချင်းစီ ပြောပြပါ။ သားအိမ်၊ ဆီးအိမ်မှအစ။
( ၃ ) ကိုယ်ခန္ဓာဆိုတာ လူပေါ်မူတည်ပြီး အရွယ်စုံ၊ ဆိုဒ်စုံ၊ အရောင်စုံရှိကြတယ်ဆိုတာကို ပြောပြပါ။
( ၄ ) မိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ် အားလုံးမှာ ကိုင်ရင်နေလို့ကောင်းတဲ့ ခန္ဓာကိုယ်အစိတ် အပိုင်းတွေရှိတယ်ဆိုတာ ပြောပြပါ။ ဒါပေမယ့် လူမြင်ကွင်းမှာ ကိုင်ဖို့မသင့်တော်တာမျိုးလဲရှိသလို သူများကလာကိုင်ခွင့် မရှိတာမျိုးလဲရှိတယ်ဆိုတာပြောပြပါ။
( ၅ ) သူတို့ဟာ သူတို့ရဲ့ကိုယ်ခန္ဓာကို သူတို့ဂရုစိုက်ရမယ်ဆိုတာ ပြောပြပါ။ သူတို့ရဲ့ private part တွေ၊
သွားတွေ၊ ဆံပင်၊ အသားအရေ စသဖြင့်။
( ၆ ) သူတို့ကိုယ်ခန္ဓာကို သူများကကိုင်လာရင် သူတို့မကြိုက်တာလာလုပ်ရင် သားမကြိုက်ဘူး၊ သမီး မကြိုက် ဘူး။ မလုပ်နဲ့။ စသဖြင့်ပြောတတ်အောင် သင်ထားပါ။

လူပျိုဖော်ဝင်ချိန်/အပျိုဖော်ဝင်ချိန်

( ၁ ) သူတို့ရဲ့ကိုယ်ခန္ဓာတွေဟာ သူတို့အရွယ်ရောက်လာတာနဲ့အမျှ ပြောင်းလဲလာမယ်ဆိုတာ
ပြောပြပါ။
( ၂ ) လူပျိုဖော်ဝင်/အပျိုဖော်ဝင်တယ်ဆိုတာ ကိုယ်ခန္ဓာပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာပါ
အပြောင်းအလဲ ရှိတဲ့အချိန် ဖြစ်တယ်ဆိုတာပြောပြပါ။ ဘာတွေပြောင်းမှာလဲလို့
သူတို့မေးရ"လူကြီးတစ်ယောက်ဖြစ်လာဖို့ ဘယ်လိုအပြောင်းအလဲလေးတွေဖြစ်လာတယ်ဆိုတဲ့အကြောင်းတွေပြောပြပါ။

ဖိုမဆက်ဆံခြင်းအကြောင်း

( ၁ ) ယောက်ျားလေးတစ်ယောက်ရဲ့ အဖိုမျိုးဥနဲ့ မိန်းကလေးတစ်ယောက်ရဲ့ အမမျိုးဥနဲ့ ထိတွေ့တဲ့အခါ မျိုးဥဖြစ်သွားပြီး ကလေးရတာတယ်၊ အဲဒီလိုဖြစ်တာဟာဖိုမဆက်ဆံခြင်းကြောင့်ဖြစ်တယ်ဆိုတာကို ပြောပြပါ။
( ၂ ) ယောက်ျားရဲ့ဖိုအင်္ဂါကနေ ဖိုမျိုးဥထွက်ပြီး မိန်းမရဲ့မအင်္ဂါထဲကနေတဆင့် မမျိုးဥရှိတဲ့နေရာကို
သွားကာ ဖိုမျိုးဥနဲ့ မမျိုးဥတွေ့တဲ့အခါ ပေါင်းသွားပြီး သားအိမ်ထဲမှာ ကလေးလေးဖြစ်လာတယ်ဆိုတာပြောပြပါ။
( ၃ ) လူကြီးတွေ ဖိုမဆက်ဆံတယ်ဆိုတာ သဘာဝဖြစ်တယ်ဆိုတာပြောပြပါ။
( ၄ ) ဖိုမဆက်ဆံတယ်ဆိုတာ လူကြီးတွေပဲလုပ်ရတာဖြစ်ပြီး ကလေးတွေလုပ်လို့မရဘူးဆိုတာ
ပြောပြပါ။
( ၅ ) လူကြီးတွေဟာ ဖိုမဆက်ဆံပေမယ့် ကလေးမလိုချင်သေးရင် ကလေးမရအောင်
လုပ်လို့ရတယ်ဆိုတာ ပြောပြပါ။

ကလေးများ၏လိင်စိတ်

( ၁ ) တကိုယ်ရေစိတ်ဖြေခြင်းဟာ တချို့ကလေးတွေလုပ်ပြီး တချို့မလုပ်ပါဘူး။ လိင်ကိစ္စမှန်သမျှဟာ တခြားလူတွေမြင်တဲ့နေရာတွေမှာ လုပ်ရမယ့်ကိစ္စမဟုတ်ဘူးဆိုတာပြောပြပါ။
( ၂ ) အကိုင်ခံရတဲ့အခါ သာယာသလိုခံစားရတယ် ဆိုတာပြောပြပါ။
( ၃ ) အင်တာနက်ပေါ်မှာ၊ တခြားနေရာမှာ လူတွေ sex လုပ်တဲ့ပုံတွေတွေ့ရင် မကြည့်ရဘူး။ အဲဒါဟာ
ကလေးတွေနဲ့မဆိုင်ဘူးဆိုတာ ပြောပြပါ။
( ၄ ) လိင်စိတ်ဆိုတာအမျိုးမျိုးရှိကြောင်းရှင်းပြပါ။ လိင်တူစိတ်ဝင်စားသူ၊ လိင်ကွဲစိတ်ဝင်စားသူ၊
နှစ်မျိုးလုံး စိတ်ဝင်စားသူ စသဖြင့်။

အချစ်စိတ်

( ၁ ) အချစ်စိတ်ဆိုတာ ကိုယ့်အတွက်ရော၊ အခြားသူအတွက်ပါ ခံစားရတဲ့
လေးနက်နွေးထွေးတဲ့ခံစားချက်တွေ ဖြစ်တယ်ဆိုတာပြောပြပါ။
( ၂ ) အချစ်စိတ်အမျိုးမျိုးရှိကြတယ်။ မိဘနဲ့မိသားစုကိုချစ်တာကပုံစံတမျိုး၊
သူငယ်ချင်းနဲ့တခြားလူတွေကို ချစ်တာက ပုံစံတမျိုးဖြစ်တယ်ဆိုတာ ပြောပြပါ။
( ၃ ) ချစ်သူရည်းစားနဲ့ချိန်းတွေ့တယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်သဘောကျလို့
အားတဲ့ အချိန်မှာ တွေ့ကြတာကိုခေါ်တယ်ဆိုတာ ပြောပြပါ။
( ၄ ) ချစ်သူရည်းစားထားပြီး ချိန်းတွေ့တာက ဆယ်ကျော်သက်တွေမှာ စပြီးလုပ်ကြတယ်ဆိုတာ
ပြောပြပါ။
* အသက် ၂၀ ကျော်မှ ရည်းစားထားရမယ်ဆိုတာမျိုးအတင်းကြီး သတ်မှတ်ပြောဆိုတာမျိုးကို
သူတို့ နားထောင်မှာမဟုတ်ပါဘူး။
( ၅ ) လူတွေဟာ ဘဝတလျှောက်မှာ ချစ်သူရည်းစားတစ်ယောက်ထဲမကပဲ ပိုရင်လဲပိုသွားနိုင်တယ်ဆိုတာ ရှင်းပြပါ။ အဲဒါမှသာ သူတို့တွေအသည်းကွဲရင်အဆင်ပြေမှာပါ။ တချို့ကလေးတွေ နောက်ထပ် ချစ်ရ မယ့်သူ မတွေ့နိုင်တော့ဘူးထင်လို့သတ်သေကြတာတွေရှိပါတယ်။ အဲဒီလိုတွေ မဖြစ်စေဖို့ပါ။

သူငယ်ချင်းများ

( ၁ ) သူငယ်ချင်းတွေအများကြီးလဲရှိလို့ရသလို နည်းနည်းပဲလဲရှိလို့ရတယ်ဆိုတဲ့အကြောင်းပြောပြပါ။
( ၂ ) သူငယ်ချင်းတွေဟာ အချင်းချင်းစိတ်ဆိုးတာတွေလည်း ရှိကြမှာပါ။ စိတ်ဆိုးပေမယ့်လဲ
သူငယ်ချင်း ဆက်ဖြစ်နေလို့ရတယ်ဆိုတဲ့အကြောင်း ပြောပြပါ။
( ၃ ) သူငယ်ချင်းတွေဟာ အတူကစား၊ အတူသွားပြီး အချင်းချင်းပိုရင်းနှီးလာတဲ့အကြောင်းပြောပြပါ။
( ၄ ) သူငယ်ချင်းတွေအချင်းချင်း စိတ်မကောင်းဖြစ်အောင်၊ ဝမ်းနည်းအောင်လုပ်မိတာမျိုး
တခါတလေ ရှိတတ်ကြောင်းပြောပြပါ။
( ၅ ) သူငယ်ချင်းအချင်းချင်း မလိမ်ညာပဲ ရိုးသားရမယ့်အကြောင်းပြောပြပါ။
( ၆ ) သူငယ်ချင်းတွေဟာ အသက်အရွယ်၊ ယောက်ျားလေး၊ မိန်းကလေးမတူတာမျိုးလဲရှိကြောင်း
ပြောပြပါ။

မိသားစု

( ၁ ) မိသားစုပုံစံတွေ အမျိုးမျိုးရှိကြတယ်ဆိုတာကို ပြောပြပေးပါ။
( ၂ ) မိသားစုအရေအတွက်၊ မိသားစုဝင်တွေဟာ အပြောင်းအလဲရှိနိုင်ကြောင်း ( မိသားစုဝင်အသစ်
တိုးလာ တာမျိုး၊ လျော့သွားတာမျိုးရှိတာ သိအောင်ပါ)
( ၃ ) မိသားစုဝင်တိုင်းဟာ မတူညီရင်တောင်မှ ကောင်းချက်တွေကိုယ်စီရှိကြတဲ့အကြောင်း မိသားစုဝင်
အချင်း ချင်း ဂရုစိုက်ရမယ့်အကြောင်း
( ၄ ) မိသားစုတွေမှာ စည်းမျဉ်း၊ စည်းကမ်းတွေရှိကြတဲ့အကြောင်း မိသားစုဝင်တွေဟာ
တအိမ်ထဲမနေတာမျိုး ရှိရင်တောင်မှ မိသားစုပဲဆိုတဲ့အကြာင်းပြောပြပါ။ (အဖေကအဝေးမှာ
တာဝန်ကျနေတာမျိုး)

အခြားသိစရာများ

( ၁ ) ကလေးတွေအပါအဝင် လူတိုင်းမှာအခြေခံရပိုင်ခွင့်တွေရှိကြောင်း သင်ကြားပေးပါ။
( ၂ ) အကူအညီလိုရင်တောင်းလို့ရကြောင်း ပြောပြပေးပါ။
( ၃ ) လိုအပ်တဲ့အချိန်မှာ သင့်တော်တဲ့ ဆုံးဖြတ်ချက်ချတတ်ဖို့ သူ့အရွယ်နဲ့သူ လေ့ကျင့်ပေးပါ။
( ၄ ) ကိုယ့်ရွေးချယ်မှု၊ ဆုံးဖြတ်ချက်တိုင်းမှာ နောက်ဆက်တွဲ ကောင်းကျိုး/ဆိုးကျိုးတွေ ရှိကြောင်း
ပြောပြပါ။
( ၅ ) ကိုယ်ယုံကြည်၊ သိရှိတဲ့အရာကို ခိုင်ခိုင်မာမာပြောနိုင်အောင် လေ့ကျင့်ပေးပါ။
( ၆ ) ပြဿနာတခုခု၊ သဘောထားကွဲလွဲမှုတခုခုရှိခဲ့ရင် ညှိနှိုင်းဖြေရှင်းတတ်အောင်
ပြုစုပျိုးထောင်ပေးပါ။

ကလေးတွေလိုအပ်တဲ့အားပေးကူညီမှု

ဒီအရွယ်ကလေးတွေဟာ မိဘပြောသမျှကိုယုံကြည်ပြီး လက်ခံကျင့်သုံးမယ့်အရွယ်ဖြစ်ပါတယ်။
ဒီအရွယ်မှာ သူတို့သိချင်သမျှအတွက် ယုံယုံကြည်ကြည်မေးမြန်းလို့ရမယ့်သူဟာ ကိုယ်ပဲဖြစ်စေပါ။
လမ်းဖွင့် ထားပါ။ ကိုယ်က သူတို့ယုံယုံကြည်ကြည်ချဉ်းကပ်ရမယ့်သူမဟုတ်ရင် သူတို့ကအပြင်ကနေ
လေ့လာတော့မှာ ဖြစ်ပါတယ်။ အဲဒါအန္တရာယ်များပါတယ်။ ၅ နှစ်သားနဲ့ ၈ နှစ်သားရဲ့
နားလည်နိုင်စွမ်းကအရမ်းကိုကွာပါတယ်။ သူတို့ အသက်အရွယ်အလိုက်
သင့်တော်တဲ့စကားလုံးနဲ့အကြောင်းအရာကို ရွေးချယ်သင်ပေးပါ။ ကြီးလာတာနဲ့ အမျှ
ပိုပြီးအသေးစိတ်သင်ရမှာဖြစ်ပါတယ်။ မကြာခဏပြောပြရမှာကတော့ အတူတူပါပဲ။
သူတို့မေးခွန်းတွေကို ရိုးရိုးသားသားမှန်မှန်ကန်ကန်ဖြေပေးနိုင်ဖို့ လိုပါတယ်။ သူတို့မေးတဲ့
ကိစ္စအပေါ်မှာ သူတို့ဘယ်လိုမြင်သလဲဆိုတာ အရင်မေးကြည့်ပါ။ သူတို့အဖြေကနေတဆင့် ခုနက
သူတို့မေးတဲ့ကိစ္စကို သူတို့ ဘယ်လောက်ထိသိထားပြီး၊ ဘာတွေထပ်သိချင်တာလဲဆိုတာ
လေ့လာရပါမယ်။ ကိုယ်ပြောချင်တာကို သေချာ နားလည်ရဲ့လားဆိုတာ သိအောင်လုပ်ရပါမယ်။ သူတို့
နားမလည်လိုက်ပဲ စကားပြောတာရပ်သွားရင် အမှားတွေ လျှောက်တွေးယူမှာစိုးလို့ပါ။ သူတို့နားလည်၊
မလည်ပြန်မေးပြီး ဘာမေးစရာရှိသေးလဲမေးပါ။ တချို့ကလေး တွေက ဘာမေးခွန်းမှမမေးကြပါဘူး။
အဲဒီတော့ ကိုယ်က စပြောရမှာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ယောက်ကို တွေ့မိရင်သော်လည်းကောင်း၊ တီဗွီမှာ စုံတွဲတစ်တွဲ နမ်းနေတာ တွေ့ရင်သော်လည်းကောင်း၊ အမျိုးသမီးသုံးပစ္စည်းတွေမြင်ရင်သော်လည်းကောင်း ကိုယ်ကစပြီးပြောလို့ရပါတယ်။ ၈နှစ် ကနေ ၁၂နှစ်အရွယ် ကလေးတွေကို ဘာတွေသင်ပြပေးရမယ်ဆိုတာ နောက်တင့်မဲ့ post တွေမှာ ဖော်ပြပေးသွားပါမယ်။
#ထွန်းဇော်ဇော် (ရွှေရွှေ)

#Zawgyi

ကြၽန္ေတာ္တို႔ ကေလးငယ္ေတြဟာ အသက္ ၅ႏွစ္ ကေန ၈ႏွစ္ အတြင္းဆိုရင္ ေအာက္‌ေဖာ္ျပပါမ်ားကို သင္ေပးလို႔ရပါၿပီ။
ကိုယ္ခႏၶာပိုင္းဆိုင္ရာ
( ၁ ) ခႏၶာကိုယ္အစိတ္အပိုင္းေလးေတြရဲ႕ ဘယ္ေနရာကို ဘယ္လိုေခၚတယ္ဆိုတာ သူတို႔ေလးေတြကိုေျပာျပပါ။
( ၂ ) ကိုယ္အတြင္းပိုင္းအဂၤါေတြအေၾကာင္းကို နည္းနည္းခ်င္းစီ ေျပာျပပါ။ သားအိမ္၊ ဆီးအိမ္မွအစ။
( ၃ ) ကိုယ္ခႏၶာဆိုတာ လူေပၚမူတည္ၿပီး အ႐ြယ္စုံ၊ ဆိုဒ္စုံ၊ အေရာင္စုံရွိၾကတယ္ဆိုတာကို ေျပာျပပါ။
( ၄ ) မိန္းကေလးပဲျဖစ္ျဖစ္ ေယာက္်ားေလးပဲျဖစ္ျဖစ္ အားလုံးမွာ ကိုင္ရင္ေနလို႔ေကာင္းတဲ့ ခႏၶာကိုယ္အစိတ္ အပိုင္းေတြရွိတယ္ဆိုတာ ေျပာျပပါ။ ဒါေပမယ့္ လူျမင္ကြင္းမွာ ကိုင္ဖို႔မသင့္ေတာ္တာမ်ိဳးလဲရွိသလို သူမ်ားကလာကိုင္ခြင့္ မရွိတာမ်ိဳးလဲရွိတယ္ဆိုတာေျပာျပပါ။
( ၅ ) သူတို႔ဟာ သူတို႔ရဲ႕ကိုယ္ခႏၶာကို သူတို႔ဂ႐ုစိုက္ရမယ္ဆိုတာ ေျပာျပပါ။ သူတို႔ရဲ႕ private part ေတြ၊
သြားေတြ၊ ဆံပင္၊ အသားအေရ စသျဖင့္။
( ၆ ) သူတို႔ကိုယ္ခႏၶာကို သူမ်ားကကိုင္လာရင္ သူတို႔မႀကိဳက္တာလာလုပ္ရင္ သားမႀကိဳက္ဘူး၊ သမီး မႀကိဳက္ ဘူး။ မလုပ္နဲ႔။ စသျဖင့္ေျပာတတ္ေအာင္ သင္ထားပါ။

လူပ်ိဳေဖာ္ဝင္ခ်ိန္/အပ်ိဳေဖာ္ဝင္ခ်ိန္

( ၁ ) သူတို႔ရဲ႕ကိုယ္ခႏၶာေတြဟာ သူတို႔အ႐ြယ္ေရာက္လာတာနဲ႔အမွ် ေျပာင္းလဲလာမယ္ဆိုတာ
ေျပာျပပါ။
( ၂ ) လူပ်ိဳေဖာ္ဝင္/အပ်ိဳေဖာ္ဝင္တယ္ဆိုတာ ကိုယ္ခႏၶာပိုင္းဆိုင္ရာေကာ စိတ္ပိုင္းဆိုင္ရာပါ
အေျပာင္းအလဲ ရွိတဲ့အခ်ိန္ ျဖစ္တယ္ဆိုတာေျပာျပပါ။ ဘာေတြေျပာင္းမွာလဲလို႔
သူတို႔ေမးရ"လူႀကီးတစ္ေယာက္ျဖစ္လာဖို႔ ဘယ္လိုအေျပာင္းအလဲေလးေတြျဖစ္လာတယ္ဆိုတဲ့အေၾကာင္းေတြေျပာျပပါ။

ဖိုမဆက္ဆံျခင္းအေၾကာင္း

( ၁ ) ေယာက္်ားေလးတစ္ေယာက္ရဲ႕ အဖိုမ်ိဳးဥနဲ႔ မိန္းကေလးတစ္ေယာက္ရဲ႕ အမမ်ိဳးဥနဲ႔ ထိေတြ႕တဲ့အခါ မ်ိဳးဥျဖစ္သြားၿပီး ကေလးရတာတယ္၊ အဲဒီလိုျဖစ္တာဟာဖိုမဆက္ဆံျခင္းေၾကာင့္ျဖစ္တယ္ဆိုတာကို ေျပာျပပါ။
( ၂ ) ေယာက္်ားရဲ႕ဖိုအဂၤါကေန ဖိုမ်ိဳးဥထြက္ၿပီး မိန္းမရဲ႕မအဂၤါထဲကေနတဆင့္ မမ်ိဳးဥရွိတဲ့ေနရာကို
သြားကာ ဖိုမ်ိဳးဥနဲ႔ မမ်ိဳးဥေတြ႕တဲ့အခါ ေပါင္းသြားၿပီး သားအိမ္ထဲမွာ ကေလးေလးျဖစ္လာတယ္ဆိုတာေျပာျပပါ။
( ၃ ) လူႀကီးေတြ ဖိုမဆက္ဆံတယ္ဆိုတာ သဘာဝျဖစ္တယ္ဆိုတာေျပာျပပါ။
( ၄ ) ဖိုမဆက္ဆံတယ္ဆိုတာ လူႀကီးေတြပဲလုပ္ရတာျဖစ္ၿပီး ကေလးေတြလုပ္လို႔မရဘူးဆိုတာ
ေျပာျပပါ။
( ၅ ) လူႀကီးေတြဟာ ဖိုမဆက္ဆံေပမယ့္ ကေလးမလိုခ်င္ေသးရင္ ကေလးမရေအာင္
လုပ္လို႔ရတယ္ဆိုတာ ေျပာျပပါ။

ကေလးမ်ား၏လိင္စိတ္

( ၁ ) တကိုယ္ေရစိတ္ေျဖျခင္းဟာ တခ်ိဳ႕ကေလးေတြလုပ္ၿပီး တခ်ိဳ႕မလုပ္ပါဘူး။ လိင္ကိစၥမွန္သမွ်ဟာ တျခားလူေတြျမင္တဲ့ေနရာေတြမွာ လုပ္ရမယ့္ကိစၥမဟုတ္ဘူးဆိုတာေျပာျပပါ။
( ၂ ) အကိုင္ခံရတဲ့အခါ သာယာသလိုခံစားရတယ္ ဆိုတာေျပာျပပါ။
( ၃ ) အင္တာနက္ေပၚမွာ၊ တျခားေနရာမွာ လူေတြ sex လုပ္တဲ့ပုံေတြေတြ႕ရင္ မၾကည့္ရဘူး။ အဲဒါဟာ
ကေလးေတြနဲ႔မဆိုင္ဘူးဆိုတာ ေျပာျပပါ။
( ၄ ) လိင္စိတ္ဆိုတာအမ်ိဳးမ်ိဳးရွိေၾကာင္းရွင္းျပပါ။ လိင္တူစိတ္ဝင္စားသူ၊ လိင္ကြဲစိတ္ဝင္စားသူ၊
ႏွစ္မ်ိဳးလုံး စိတ္ဝင္စားသူ စသျဖင့္။

အခ်စ္စိတ္

( ၁ ) အခ်စ္စိတ္ဆိုတာ ကိုယ့္အတြက္ေရာ၊ အျခားသူအတြက္ပါ ခံစားရတဲ့
ေလးနက္ေႏြးေထြးတဲ့ခံစားခ်က္ေတြ ျဖစ္တယ္ဆိုတာေျပာျပပါ။
( ၂ ) အခ်စ္စိတ္အမ်ိဳးမ်ိဳးရွိၾကတယ္။ မိဘနဲ႔မိသားစုကိုခ်စ္တာကပုံစံတမ်ိဳး၊
သူငယ္ခ်င္းနဲ႔တျခားလူေတြကို ခ်စ္တာက ပုံစံတမ်ိဳးျဖစ္တယ္ဆိုတာ ေျပာျပပါ။
( ၃ ) ခ်စ္သူရည္းစားနဲ႔ခ်ိန္းေတြ႕တယ္ဆိုတာ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ႀကိဳက္သေဘာက်လို႔
အားတဲ့ အခ်ိန္မွာ ေတြ႕ၾကတာကိုေခၚတယ္ဆိုတာ ေျပာျပပါ။
( ၄ ) ခ်စ္သူရည္းစားထားၿပီး ခ်ိန္းေတြ႕တာက ဆယ္ေက်ာ္သက္ေတြမွာ စၿပီးလုပ္ၾကတယ္ဆိုတာ
ေျပာျပပါ။
* အသက္ ၂၀ ေက်ာ္မွ ရည္းစားထားရမယ္ဆိုတာမ်ိဳးအတင္းႀကီး သတ္မွတ္ေျပာဆိုတာမ်ိဳးကို
သူတို႔ နားေထာင္မွာမဟုတ္ပါဘူး။
( ၅ ) လူေတြဟာ ဘဝတေလွ်ာက္မွာ ခ်စ္သူရည္းစားတစ္ေယာက္ထဲမကပဲ ပိုရင္လဲပိုသြားႏိုင္တယ္ဆိုတာ ရွင္းျပပါ။ အဲဒါမွသာ သူတို႔ေတြအသည္းကြဲရင္အဆင္ေျပမွာပါ။ တခ်ိဳ႕ကေလးေတြ ေနာက္ထပ္ ခ်စ္ရ မယ့္သူ မေတြ႕ႏိုင္ေတာ့ဘူးထင္လို႔သတ္ေသၾကတာေတြရွိပါတယ္။ အဲဒီလိုေတြ မျဖစ္ေစဖို႔ပါ။

သူငယ္ခ်င္းမ်ား

( ၁ ) သူငယ္ခ်င္းေတြအမ်ားႀကီးလဲရွိလို႔ရသလို နည္းနည္းပဲလဲရွိလို႔ရတယ္ဆိုတဲ့အေၾကာင္းေျပာျပပါ။
( ၂ ) သူငယ္ခ်င္းေတြဟာ အခ်င္းခ်င္းစိတ္ဆိုးတာေတြလည္း ရွိၾကမွာပါ။ စိတ္ဆိုးေပမယ့္လဲ
သူငယ္ခ်င္း ဆက္ျဖစ္ေနလို႔ရတယ္ဆိုတဲ့အေၾကာင္း ေျပာျပပါ။
( ၃ ) သူငယ္ခ်င္းေတြဟာ အတူကစား၊ အတူသြားၿပီး အခ်င္းခ်င္းပိုရင္းႏွီးလာတဲ့အေၾကာင္းေျပာျပပါ။
( ၄ ) သူငယ္ခ်င္းေတြအခ်င္းခ်င္း စိတ္မေကာင္းျဖစ္ေအာင္၊ ဝမ္းနည္းေအာင္လုပ္မိတာမ်ိဳး
တခါတေလ ရွိတတ္ေၾကာင္းေျပာျပပါ။
( ၅ ) သူငယ္ခ်င္းအခ်င္းခ်င္း မလိမ္ညာပဲ ႐ိုးသားရမယ့္အေၾကာင္းေျပာျပပါ။
( ၆ ) သူငယ္ခ်င္းေတြဟာ အသက္အ႐ြယ္၊ ေယာက္်ားေလး၊ မိန္းကေလးမတူတာမ်ိဳးလဲရွိေၾကာင္း
ေျပာျပပါ။

မိသားစု

( ၁ ) မိသားစုပုံစံေတြ အမ်ိဳးမ်ိဳးရွိၾကတယ္ဆိုတာကို ေျပာျပေပးပါ။
( ၂ ) မိသားစုအေရအတြက္၊ မိသားစုဝင္ေတြဟာ အေျပာင္းအလဲရွိႏိုင္ေၾကာင္း ( မိသားစုဝင္အသစ္
တိုးလာ တာမ်ိဳး၊ ေလ်ာ့သြားတာမ်ိဳးရွိတာ သိေအာင္ပါ)
( ၃ ) မိသားစုဝင္တိုင္းဟာ မတူညီရင္ေတာင္မွ ေကာင္းခ်က္ေတြကိုယ္စီရွိၾကတဲ့အေၾကာင္း မိသားစုဝင္
အခ်င္း ခ်င္း ဂ႐ုစိုက္ရမယ့္အေၾကာင္း
( ၄ ) မိသားစုေတြမွာ စည္းမ်ဥ္း၊ စည္းကမ္းေတြရွိၾကတဲ့အေၾကာင္း မိသားစုဝင္ေတြဟာ
တအိမ္ထဲမေနတာမ်ိဳး ရွိရင္ေတာင္မွ မိသားစုပဲဆိုတဲ့အၾကာင္းေျပာျပပါ။ (အေဖကအေဝးမွာ
တာဝန္က်ေနတာမ်ိဳး)

အျခားသိစရာမ်ား

( ၁ ) ကေလးေတြအပါအဝင္ လူတိုင္းမွာအေျခခံရပိုင္ခြင့္ေတြရွိေၾကာင္း သင္ၾကားေပးပါ။
( ၂ ) အကူအညီလိုရင္ေတာင္းလို႔ရေၾကာင္း ေျပာျပေပးပါ။
( ၃ ) လိုအပ္တဲ့အခ်ိန္မွာ သင့္ေတာ္တဲ့ ဆုံးျဖတ္ခ်က္ခ်တတ္ဖို႔ သူ႔အ႐ြယ္နဲ႔သူ ေလ့က်င့္ေပးပါ။
( ၄ ) ကိုယ့္ေ႐ြးခ်ယ္မႈ၊ ဆုံးျဖတ္ခ်က္တိုင္းမွာ ေနာက္ဆက္တြဲ ေကာင္းက်ိဳး/ဆိုးက်ိဳးေတြ ရွိေၾကာင္း
ေျပာျပပါ။
( ၅ ) ကိုယ္ယုံၾကည္၊ သိရွိတဲ့အရာကို ခိုင္ခိုင္မာမာေျပာႏိုင္ေအာင္ ေလ့က်င့္ေပးပါ။
( ၆ ) ျပႆနာတခုခု၊ သေဘာထားကြဲလြဲမႈတခုခုရွိခဲ့ရင္ ညႇိႏႈိင္းေျဖရွင္းတတ္ေအာင္
ျပဳစုပ်ိဳးေထာင္ေပးပါ။

ကေလးေတြလိုအပ္တဲ့အားေပးကူညီမႈ

ဒီအ႐ြယ္ကေလးေတြဟာ မိဘေျပာသမွ်ကိုယုံၾကည္ၿပီး လက္ခံက်င့္သုံးမယ့္အ႐ြယ္ျဖစ္ပါတယ္။
ဒီအ႐ြယ္မွာ သူတို႔သိခ်င္သမွ်အတြက္ ယုံယုံၾကည္ၾကည္ေမးျမန္းလို႔ရမယ့္သူဟာ ကိုယ္ပဲျဖစ္ေစပါ။
လမ္းဖြင့္ ထားပါ။ ကိုယ္က သူတို႔ယုံယုံၾကည္ၾကည္ခ်ဥ္းကပ္ရမယ့္သူမဟုတ္ရင္ သူတို႔ကအျပင္ကေန
ေလ့လာေတာ့မွာ ျဖစ္ပါတယ္။ အဲဒါအႏၲရာယ္မ်ားပါတယ္။ ၅ ႏွစ္သားနဲ႔ ၈ ႏွစ္သားရဲ႕
နားလည္ႏိုင္စြမ္းကအရမ္းကိုကြာပါတယ္။ သူတို႔ အသက္အ႐ြယ္အလိုက္
သင့္ေတာ္တဲ့စကားလုံးနဲ႔အေၾကာင္းအရာကို ေ႐ြးခ်ယ္သင္ေပးပါ။ ႀကီးလာတာနဲ႔ အမွ်
ပိုၿပီးအေသးစိတ္သင္ရမွာျဖစ္ပါတယ္။ မၾကာခဏေျပာျပရမွာကေတာ့ အတူတူပါပဲ။
သူတို႔ေမးခြန္းေတြကို ႐ိုး႐ိုးသားသားမွန္မွန္ကန္ကန္ေျဖေပးႏိုင္ဖို႔ လိုပါတယ္။ သူတို႔ေမးတဲ့
ကိစၥအေပၚမွာ သူတို႔ဘယ္လိုျမင္သလဲဆိုတာ အရင္ေမးၾကည့္ပါ။ သူတို႔အေျဖကေနတဆင့္ ခုနက
သူတို႔ေမးတဲ့ကိစၥကို သူတို႔ ဘယ္ေလာက္ထိသိထားၿပီး၊ ဘာေတြထပ္သိခ်င္တာလဲဆိုတာ
ေလ့လာရပါမယ္။ ကိုယ္ေျပာခ်င္တာကို ေသခ်ာ နားလည္ရဲ႕လားဆိုတာ သိေအာင္လုပ္ရပါမယ္။ သူတို႔
နားမလည္လိုက္ပဲ စကားေျပာတာရပ္သြားရင္ အမွားေတြ ေလွ်ာက္ေတြးယူမွာစိုးလို႔ပါ။ သူတို႔နားလည္၊
မလည္ျပန္ေမးၿပီး ဘာေမးစရာရွိေသးလဲေမးပါ။ တခ်ိဳ႕ကေလး ေတြက ဘာေမးခြန္းမွမေမးၾကပါဘူး။
အဲဒီေတာ့ ကိုယ္က စေျပာရမွာျဖစ္ပါတယ္။ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး တစ္ေယာက္ကို ေတြ႕မိရင္ေသာ္လည္းေကာင္း၊ တီဗြီမွာ စုံတြဲတစ္တြဲ နမ္းေနတာ ေတြ႕ရင္ေသာ္လည္းေကာင္း၊ အမ်ိဳးသမီးသုံးပစၥည္းေတြျမင္ရင္ေသာ္လည္းေကာင္း ကိုယ္ကစၿပီးေျပာလို႔ရပါတယ္။ ၈ႏွစ္ ကေန ၁၂ႏွစ္အ႐ြယ္ ကေလးေတြကို ဘာေတြသင္ျပေပးရမယ္ဆိုတာ ေနာက္တင့္မဲ့ post ေတြမွာ ေဖာ္ျပေပးသြားပါမယ္။
#ထြန္းေဇာ္ေဇာ္ (ေ႐ႊေ႐ႊ)