စာဖက်သူတို့ရဲ့ ကလေးတွေဟာ အသက် ၈နှစ် နဲ့ ၁၂နှစ်အရွယ်ကို ရောက်လာကြပြီဆိုရင် sex education နဲ့ ပက်သက်ပြီး တိတိကျကျသိသင့်တဲ့အရွယ် ရောက်လာပါပြီ။ သူတို့လေးတွေကို သင်ပေးရမှာ ကတော့ ...
လူပျိုအပျိုဖော်ဝင်ခြင်း
( ၁ ) အပိုင်း ( ၃ )မှာ ပြောခဲ့တဲ့လူပျိုအပျိုဖော်ဝင်ခြင်းအကြောင်းကို ယခုအသက်အရွယ်အပိုင်းအခြားတွေမှာ ပိုပြီးတိကျအောင်ပြောပြဖို့ လိုအပ်လာပါပြီ။
( ၂ ) လူပျို၊ အပျိုဖော်ဝင်တဲ့အခါ ကိုယ်ခန္ဓာပိုင်း၊ စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာတွေမှာ ဘယ်လိုအပြောင်းအလဲ တွေ ဖြစ်လာတယ်ဆိုတာကို ပြောပြရပါမယ်။ ကိုယ်ကဘာတွေပြောရမလဲဆိုတာ ကြိုတင်လေ့လာ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။
( ၃ ) မိန်းကလေးတွေအတွက် ပထမဆုံးရာသီလာမယ့်ကိစ္စတွေမှာ ပြင်ဆင်တတ်ဖို့ ကြိုပြောပြထားရပါမယ်။
( ၄ ) ယောက်ျားလေးတွေအဖို့ အိပ်မက်မက်ပြီး သုက်လွှတ်ခြင်းအကြောင်းမျိုးတွေ ပြောပြထားရပါမယ်။
( ၅ ) မိန်းကလေးများ ရာသီစလာပြီးရင် မျိုးဥကြွေတာစဖြစ်ပြီး၊ ယောက်ျားလေးများကတော့ သုက်ထွက်တာနဲ့ မျိုးဥကြွေတာဖြစ်တဲ့အကြောင်း ပြောပြထားရပါမယ်။
( ၆ ) မိန်းကလေး၊ ယောက်ျားလေးနှစ်ယောက်လုံးဟာ လူပျို/အပျိုဖော်ဝင်တာနဲ့ သူတို့ကိုယ်ခန္ဓာက ကလေး ရမယ့်အကြောင်းတွေ ကြုံလာရင် ရနိုင်တယ်ဆိုတဲ့အကြောင်းပြောထားရပါမယ်။
ဖိုမဆက်ဆံခြင်းအကြောင်း
( ၁ ) အရှေ့ပိုင်းမှာပြောထားတဲ့ ဖိုမဆက်ဆံခြင်းအကြောင်းအရာတွေထက် ပိုပြီး တိကျအောင်ပြောရတော့မယ့် အသက်အပိုင်းအခြားကာလတွေ ဖြစ်လာပါပြီ။
( ၂ ) အကာအကွယ်မဲ့လိင်ဆက်ဆံရင်ကူးစက်တတ်တဲ့ ရောဂါတွေ အကြောင်းပြောပြရမယ်။
( ၃ ) မရည်ရွယ်ထားပဲ ကိုယ်ဝန်ရသွားတဲ့အဖြစ်မျိုးမဖြစ်ဖို့ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးသုံးရတယ်ဆိုတဲ့ အကြောင်းပြောရပါမယ်။ လက်ထပ်ဖို့အဆင်သင့်မဖြစ်သေးဘဲ လိင်ဆက်ဆံတာမလုပ်စေချင်ရင် ပြောပြ ထားဖို့လိုအပ်ပါတယ်။
( ၄ ) အခုအရွယ်တွေဟာ စပြီးလိင်ဆက်ဆံတတ်တဲ့အရွယ်တော့မဟုတ်သေးပေမယ့် သူတို့သဘောကျတဲ့သူ တွေကို ချစ်စိတ်၊ ကြိုက်စိတ်တွေဝင်တတ်လာနေပါပြီ။ သူတို့ သဘောကျတဲ့သူကို နမ်းတာတွေ ဘာတွေ တော့ လုပ်နိုင်ပါတယ်။
( ၆ ) အပြာကားတွေများမြင်မိရင် အဲဒီထဲကအရာတွေဟာ အပြင်မှာဖြစ်တာတွေနဲ့မတူပဲ အရမ်းလွန်လွန် ကျူးကျူးတွေ ရိုက်ပြထားတာဖြစ်တယ်ဆိုတာ ရှင်းပြပါ။
( ၇ ) ဖုန်းသုံးရင်၊ အင်တာနက်သုံးရင် Safe ဖြစ်အောင် သုံးတတ်ဖို့၊ မကြည့်သင့်တာတွေ မကြည့်ဖို့ သင်ပေးပါ။
( ၈ ) အပြန်အလှန်လေးစားချစ်ခင်မှုရှိတဲ့ relationship ဆိုတာ ဘယ်လိုပုံစံမျိုးဖြစ်တယ်ဆိုတာကို ပြောပြ ပေးပါ။
ကလေးတွေလိုအပ်တဲ့အားပေးကူညီမှု
အသက် ၈နှစ် နဲ့ ၁၂နှစ် အရွယ်တွေဟာဆိုရ် မိဘစကားကိုနားထောင်တဲ့ နောက်ဆုံးအချိန်ဖြစ်ပါတယ်။ သူတို့တွေဟာ ဆယ်ကျော်သက်တွေဖြစ်လာတာနဲ့အမျှ ဆယ်ကျော်သက်သဘာဝအရ သူတို့က သူတို့ သူငယ်ချင်းတွေဆီက သတင်းအချက်အလက်နဲ့ အဖြေတွေကိုသာပိုပြီး ယုံကြည်နားထောင်တော့မှာ ဖြစ်ပါတယ်။ ကိုယ့်ကလေးက အချိန်မရွေးကိုယ့်ကိုယုံကြည်ပြီး သိချင်တာရှိတိုင်း ကိုယ့်ဆီကိုလာမေးရဲဖို့ ကိုယ်က ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်းပေါင်းလို့ရတဲ့ မိဘဖြစ်မှအဆင်ပြေမှာပါ။ သူတို့မေးခွန်းတွေကို ပွင့်ပွင့် လင်းလင်း မှန်မှန်ကန်ကန်ဖြေပေးပါ။ သူတို့နဲ့အတူအဖြေရှာပါ။ အချစ်အကြောင်း၊ ရည်းစားထားတဲ့အ ကြောင်း၊
Sex အကြောင်းတွေရောက်ရင်တော့ သူမေးတဲ့မေးခွန်းအပြင် ကိုယ်ဖြစ်စေချင်တာ ကိုယ်ယုံကြည်တာလေး တွေကိုပါ ထည့်ပြောပေးပါ။
ဒီအရွယ်မှာ သူတို့နဲ့စကားပြောဖို့ ကိုယ်က လမ်းကြောင်းရှာ၊ ကြံဆတတ်ဖို့လိုပါတယ်။ စာအုပ်ပေးဖတ်ပြီး ပြန်ဆွေးနွေးတာမျိုး၊ ကားမောင်းရင်း၊ TV ကြည့်ရင်း၊ လမ်းကြုံဆွေးနွေးတာလိုမျိုးလုပ်ပေးရမှာ ဖြစ်ပါတယ်။
#ထွန်းဇော်ဇော် (ရွှေရွှေ)
#Zawgyi
“လူေနမႈဘဝနဲ႔ Sex Education ပညာေပး အပိုင္း ( ၄ )”
စာဖက္သူတို႔ရဲ႕ ကေလးေတြဟာ အသက္ ၈ႏွစ္ နဲ႔ ၁၂ႏွစ္အ႐ြယ္ကို ေရာက္လာၾကၿပီဆိုရင္ sex education နဲ႔ ပက္သက္ၿပီး တိတိက်က်သိသင့္တဲ့အ႐ြယ္ ေရာက္လာပါၿပီ။ သူတို႔ေလးေတြကို သင္ေပးရမွာ ကေတာ့ ...
လူပ်ိဳအပ်ိဳေဖာ္ဝင္ျခင္း
( ၁ ) အပိုင္း ( ၃ )မွာ ေျပာခဲ့တဲ့လူပ်ိဳအပ်ိဳေဖာ္ဝင္ျခင္းအေၾကာင္းကို ယခုအသက္အ႐ြယ္အပိုင္းအျခားေတြမွာ ပိုၿပီးတိက်ေအာင္ေျပာျပဖို႔ လိုအပ္လာပါၿပီ။
( ၂ ) လူပ်ိဳ၊ အပ်ိဳေဖာ္ဝင္တဲ့အခါ ကိုယ္ခႏၶာပိုင္း၊ စိတ္ပိုင္း၊ လူမႈေရးပိုင္းဆိုင္ရာေတြမွာ ဘယ္လိုအေျပာင္းအလဲ ေတြ ျဖစ္လာတယ္ဆိုတာကို ေျပာျပရပါမယ္။ ကိုယ္ကဘာေတြေျပာရမလဲဆိုတာ ႀကိဳတင္ေလ့လာ ျပင္ဆင္ထားဖို႔ လိုအပ္ပါတယ္။
( ၃ ) မိန္းကေလးေတြအတြက္ ပထမဆုံးရာသီလာမယ့္ကိစၥေတြမွာ ျပင္ဆင္တတ္ဖို႔ ႀကိဳေျပာျပထားရပါမယ္။
( ၄ ) ေယာက္်ားေလးေတြအဖို႔ အိပ္မက္မက္ၿပီး သုက္လႊတ္ျခင္းအေၾကာင္းမ်ိဳးေတြ ေျပာျပထားရပါမယ္။
( ၅ ) မိန္းကေလးမ်ား ရာသီစလာၿပီးရင္ မ်ိဳးဥေႂကြတာစျဖစ္ၿပီး၊ ေယာက္်ားေလးမ်ားကေတာ့ သုက္ထြက္တာနဲ႔ မ်ိဳးဥေႂကြတာျဖစ္တဲ့အေၾကာင္း ေျပာျပထားရပါမယ္။
( ၆ ) မိန္းကေလး၊ ေယာက္်ားေလးႏွစ္ေယာက္လုံးဟာ လူပ်ိဳ/အပ်ိဳေဖာ္ဝင္တာနဲ႔ သူတို႔ကိုယ္ခႏၶာက ကေလး ရမယ့္အေၾကာင္းေတြ ႀကဳံလာရင္ ရႏိုင္တယ္ဆိုတဲ့အေၾကာင္းေျပာထားရပါမယ္။
ဖိုမဆက္ဆံျခင္းအေၾကာင္း
( ၁ ) အေရွ႕ပိုင္းမွာေျပာထားတဲ့ ဖိုမဆက္ဆံျခင္းအေၾကာင္းအရာေတြထက္ ပိုၿပီး တိက်ေအာင္ေျပာရေတာ့မယ့္ အသက္အပိုင္းအျခားကာလေတြ ျဖစ္လာပါၿပီ။
( ၂ ) အကာအကြယ္မဲ့လိင္ဆက္ဆံရင္ကူးစက္တတ္တဲ့ ေရာဂါေတြ အေၾကာင္းေျပာျပရမယ္။
( ၃ ) မရည္႐ြယ္ထားပဲ ကိုယ္ဝန္ရသြားတဲ့အျဖစ္မ်ိဳးမျဖစ္ဖို႔ လိင္ဆက္ဆံတဲ့အခါ ကြန္ဒုံးသုံးရတယ္ဆိုတဲ့ အေၾကာင္းေျပာရပါမယ္။ လက္ထပ္ဖို႔အဆင္သင့္မျဖစ္ေသးဘဲ လိင္ဆက္ဆံတာမလုပ္ေစခ်င္ရင္ ေျပာျပ ထားဖို႔လိုအပ္ပါတယ္။
( ၄ ) အခုအ႐ြယ္ေတြဟာ စၿပီးလိင္ဆက္ဆံတတ္တဲ့အ႐ြယ္ေတာ့မဟုတ္ေသးေပမယ့္ သူတို႔သေဘာက်တဲ့သူ ေတြကို ခ်စ္စိတ္၊ ႀကိဳက္စိတ္ေတြဝင္တတ္လာေနပါၿပီ။ သူတို႔ သေဘာက်တဲ့သူကို နမ္းတာေတြ ဘာေတြ ေတာ့ လုပ္ႏိုင္ပါတယ္။
( ၆ ) အျပာကားေတြမ်ားျမင္မိရင္ အဲဒီထဲကအရာေတြဟာ အျပင္မွာျဖစ္တာေတြနဲ႔မတူပဲ အရမ္းလြန္လြန္ က်ဴးက်ဴးေတြ ႐ိုက္ျပထားတာျဖစ္တယ္ဆိုတာ ရွင္းျပပါ။
( ၇ ) ဖုန္းသုံးရင္၊ အင္တာနက္သုံးရင္ Safe ျဖစ္ေအာင္ သုံးတတ္ဖို႔၊ မၾကည့္သင့္တာေတြ မၾကည့္ဖို႔ သင္ေပးပါ။
( ၈ ) အျပန္အလွန္ေလးစားခ်စ္ခင္မႈရွိတဲ့ relationship ဆိုတာ ဘယ္လိုပုံစံမ်ိဳးျဖစ္တယ္ဆိုတာကို ေျပာျပ ေပးပါ။
ကေလးေတြလိုအပ္တဲ့အားေပးကူညီမႈ
အသက္ ၈ႏွစ္ နဲ႔ ၁၂ႏွစ္ အ႐ြယ္ေတြဟာဆိုရ္ မိဘစကားကိုနားေထာင္တဲ့ ေနာက္ဆုံးအခ်ိန္ျဖစ္ပါတယ္။ သူတို႔ေတြဟာ ဆယ္ေက်ာ္သက္ေတြျဖစ္လာတာနဲ႔အမွ် ဆယ္ေက်ာ္သက္သဘာဝအရ သူတို႔က သူတို႔ သူငယ္ခ်င္းေတြဆီက သတင္းအခ်က္အလက္နဲ႔ အေျဖေတြကိုသာပိုၿပီး ယုံၾကည္နားေထာင္ေတာ့မွာ ျဖစ္ပါတယ္။ ကိုယ့္ကေလးက အခ်ိန္မေ႐ြးကိုယ့္ကိုယုံၾကည္ၿပီး သိခ်င္တာရွိတိုင္း ကိုယ့္ဆီကိုလာေမးရဲဖို႔ ကိုယ္က ရင္းရင္းႏွီးႏွီးပြင့္ပြင့္လင္းလင္းေပါင္းလို႔ရတဲ့ မိဘျဖစ္မွအဆင္ေျပမွာပါ။ သူတို႔ေမးခြန္းေတြကို ပြင့္ပြင့္ လင္းလင္း မွန္မွန္ကန္ကန္ေျဖေပးပါ။ သူတို႔နဲ႔အတူအေျဖရွာပါ။ အခ်စ္အေၾကာင္း၊ ရည္းစားထားတဲ့အ ေၾကာင္း၊
Sex အေၾကာင္းေတြေရာက္ရင္ေတာ့ သူေမးတဲ့ေမးခြန္းအျပင္ ကိုယ္ျဖစ္ေစခ်င္တာ ကိုယ္ယုံၾကည္တာေလး ေတြကိုပါ ထည့္ေျပာေပးပါ။
ဒီအ႐ြယ္မွာ သူတို႔နဲ႔စကားေျပာဖို႔ ကိုယ္က လမ္းေၾကာင္းရွာ၊ ႀကံဆတတ္ဖို႔လိုပါတယ္။ စာအုပ္ေပးဖတ္ၿပီး ျပန္ေဆြးေႏြးတာမ်ိဳး၊ ကားေမာင္းရင္း၊ TV ၾကည့္ရင္း၊ လမ္းႀကဳံေဆြးေႏြးတာလိုမ်ိဳးလုပ္ေပးရမွာ ျဖစ္ပါတယ္။
#ထြန္းေဇာ္ေဇာ္ (ေ႐ႊေ႐ႊ)