နှာစေးနှာပိတ်ခြင်း

Dec 19, 2019

အအေးမိလို့နှာစေး၊ နှာပိတ်တဲ့အခါ အချိန်မှီကုသမှုမခံယူရင် ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူရခက်ခြင်းစတာတွေအလွယ်တကူဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့ကြောင့် နှာပိတ်၊ နှာစေးတဲ့အခါမှာ မပေါ့ဆသင့်ဘဲ အလျင်မြန်ဆုံးသက်သာအောင် ကုသဖု့ိလိုပါတယ်။ နှာချေတယ်၊ နှာစေးတယ်ဆိုတာ မိမိကိုယ်တိုင်သာမက ပတ် ဝန်းကျင်ကိုပါ အနှောင့်အယှက် ဖြစ်နိုင်တဲ့အရာမျိုးပါ။ ဒါပေမဲ့ ဆေးပညာရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ နှာစေးတယ်ဆိုတာ ခန္ဓာကိုယ်ထဲကို ဝင်ရောက်ထားတဲ့ ဓာတ်မတည့်ယားယံ စေတဲ့ ပစ္စည်းတွေနဲ့ ရောဂါပိုးတွေကို ခန္ဓာကိုယ်အပြင်ရောက်အောင် တွန်းထုတ်ပစ်တဲ့ သဘာဝလက် ဆောင်တစ်ခုပါ။ ရာသီဥတုအေးတာ၊ စိုထိုင်း ဆနဲ့အပူချိန် ရုတ်တရက် ပြောင်း လဲတာ၊ မိုးမိတာ၊ အနံ့ပြင်းပြင်း တွေနဲ့ တချို့သော ဆေးဝါးတွေက လည်း နှာစေးနှာချေတာကို ဖြစ် စေနိုင်ပါတယ်။ နှာချေတဲ့အခါ မောပန်းနွမ်း နယ်တာ၊ နှာခေါင်းရောင်တာ၊ နှာ ခေါင်းထဲက ယားတာ၊ မျက်စိတွေ နီရဲတာ၊ လုပ်ငန်းခွင်မှာဖြစ်စေ ပညာသင်ကြားရာမှာဖြစ်စေ အာရုံ မစိုက်နိုင်တာတွေကိုလည်း ဖြစ်စေ နိုင်ပါသေးတယ်။ အခုခါမှာဆိုရင်တော့ အိမ်မှာပဲကုသနိုင်တဲ့ နည်းလမ်းကောင်းလေးကို ဝေမျှပေးချင်ပါတယ်။


အဝတ်စနွေးနွေးလေးဖြင့်ကုသနည်း
---------------------------------------------
ရေနွေးငွေ့ဒဏ်ကိုတိုက်ရိုက်မခံနိုင်တဲ့သူတွေအတွက်တော့ အဝတ်စကိုရေနွေးထဲစိမ်ပြီး ကုသတဲ့နည်းလမ်းလေးကို အသုံးပြုနိုင်ပါတယ်။ သန့်စင်တဲ့လက်ကိုင်ပဝါတစ်ထည်ယူလိုက်ပါ။ ရေနွေးထဲစိမ်လိုက်ပြီး ရေညှစ်လိုက်ပါ။ အပူဓာတ်ရတဲ့ လက်ကိုင်ပဝါကို နှာခေါင်းနဲ့ နဖူးပေါ်ကို မိနစ်အနည်းငယ် ပွတ်တိုက်ပေးပါ။ နဖူးနဲ့နှာခေါင်းဆုံရာနေရာ ထိပ်ကလေးမှာ ရေနွေးစိမ်ထားတဲ့အဝတ်စလေးနဲ့ အထက်ကိုပင့်ပြီးအသာအယာပွတ်ပေးပါ။ ဒီတိုင်းတင်ထားလို့လည်းရပါတယ်။ အဝတ်စအေးသွားရင် ရေနွေးထဲပြန်စိမ်ပြီး ဒီနည်းလေးအတိုင်းပြန်လုပ်ပါ။ နှာပိတ်လို့ စိတ်မကြည်မလင်ဖြစ်ပြီး ခေါင်းကိုက်တာအတွက်လည်း သက်သာစေတာကို တွေ့ရမှာပါ။ နှာစေးပြီးနှာခေါင်းပိတ်တဲ့ဒဏ်ကြောင့် နှာခေါင်းနာတာ၊ စပ်တာတွေကို သက်သာစေဖို့အတွက် အကောင်းဆုံးနည်းလမ်းလေးပါပဲ။

ရေနွေးငွေ့ဖြင့်ကုသနည်း
-------------------------------
အသက်ရှူလမ်းကြောင်းမှာ ပိတ်ဆို့နေတတ်တဲ့ ဖုန်မှုန့်၊ အညစ်အကြေးနဲ့ ဘတ်တီးရီးယားပိုးမွှားများကြောင့် နှာပိတ်၊ နှာစေးခြင်းဖြစ်ရတာမျိုးလည်း ရှိပါတယ်။ ဒီလိုပိုးမွှားတွေကို ရှင်းထုတ်ဖို့အတွက် ရေနွေးငွေ့နဲ့ကုသတဲ့နည်းလမ်းက အကောင်းဆုံးပါပဲ။ ရေနွေးကိုပွက်ပွက်ဆူအောင်တည်ပြီး ငရုတ်ကောင်းမှုန့်အနည်းငယ် ရောထည့်လိုက်ပါ။ ပြီးရင်တော့ ဇလုံထဲထည့်ပြီး ရေနွေးငွေ့အပြည့်အဝရရှိဖို့အတွက် တဘတ်တစ်ထည်ကို ခေါင်းပေါ်မှအုပ်လိုက်ပြီး ရေနွေးငွေ့ကို မိနစ်အနည်းငယ်ခန့် ခံယူပါ။ မျက်လုံးမှိတ်ပြီး အသက်ကိုရှူသွင်း၊ ရှူထုတ်လုပ်ပေးပါ။ ရေနွေးငွေ့အရှိန်ကြောင့် နှာပိတ်တာ၊ နှာစေးတာကိုသက်သာစေတာကို တွေ့ရမှာပါ။ ဒါ့အပြင် နှာပိတ်လို့ နှာခေါင်းနာတာ၊ နီမြန်းတာနဲ့ အသက်ရှူမဝတာမျိုး ဖြစ်တာတွေအတွက် သက်သာစေတဲ့ နည်းလမ်းကောင်းလေးပါပဲ။ ဒီနည်းလမ်းအတိုင်းကို တစ်နေ့လျှင် သုံးကြိမ်အထိပြုလုပ်ပေးမယ်ဆိုရင် နှာပိတ်ပြီး အသက်ရှူရခက်တာမျိုး မဖြစ်တော့ပါဘူးနော်။

ဆေးဖော်နည်း
------------------
ဒီဆေးရည်ကတော့ အဖျားပိုးဝင်ရောက်ခြင်းမှ ကာကွယ်နိုင်ပြီး နှာစေး၊ နှာပိတ်ခြင်းဖြစ်ပေါ်စေတဲ့ ဘတ်တီးရီးယားပိုးမွှားများကိုလည်း သေစေနိုင်ပါတယ်။ ပြုလုပ်ရမှာကတော့ ရေတစ်ဖန်ခွက်ကို ပွက်ပွက်ဆူနေအောင်တည်ပါ။ ပွက်ပွက်ဆူနေတဲ့ရေနွေးထဲကို ကြက်သွန်ဖြူ၄မွှာ ထည့်ကျိုပေးပါ။ ကြက်သွန်ဖြူတွေ ပျော့သွားပြီဆိုရင်တော့ နနွင်းမှုန့်စားပွဲတင်ဇွန်း တစ်ဝက်ခန့်ရောထည့်လိုက်ပါ။ ပြီးရင်တော့ ငရုတ်ကောင်းမှုန့်နည်းနည်းလေး ခပ်လိုက်ပါ။ ၂မိနစ်၊ ၃မိနစ်ခန့် မီးအပူပေးပြီး ဆေးဝါးအဖြစ် မှီဝဲနိုင်ပါပြီ။ ဒီဆေးကိုတော့ တစ်နေ့ကိုတစ်ကြိမ်သောက်သုံးပေးလို့ ရပါတယ်နော်။

နှာခေါင်းပိတ်ခြင်းအများစုဟာ ဖျားနာတာက တစ်ဆင့် ဖြစ်ရတာမှန်ပေမယ့်စားသောက်မှုပုံစံကြောင့်လည်း နှာစေးနှာပိတ် ဖြစ်တတ်ပါတယ်။ လူတစ်ဦးချင်းစီအလိုက် စားသောက်မှုအပေါ် ဓာတ်မတည့်ဖြစ်တာချင်း မတူကြပါဘူး။

နှာစေးနှာပိတ်ခြင်းကို ဖြစ်စေနိုင်တဲ့ အဓိက အစားအစာများ

ပူစပ်တဲ့ အစားအစာများ
-------------------------------
အပူအစပ်တွေစားတဲ့အခါ ဟီစတာမင်း (histamine) ဆိုတဲ့ allergy ဖြစ်စေတဲ့ဓာတ်ကို ပိုမိုထုတ်လွှတ်ပေးပြီး နှာခေါင်းပိတ်စေပါတယ်။

အနီရောင် အသားများ
-----------------------------
အနီရောင်အသားတွေမှာ ပရိုတင်းဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အတွက် နှာခေါင်းပိတ်စေနိုင်ပါတယ်။

ငှက်ပျောသီး
----------------
ငှက်ပျောသီးဟာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးဖြစ်စေနိုင်ပေမယ့် ဓာတ်မတည့်တဲ့သူတွေ စားမိရင် histamine ကို ပိုမိုထုတ်လွှတ်ပေးပြီး နှာခေါင်းပိတ်စေပါတယ်။

နွားနို့
-------
နှာစေးနေတဲ့အချိန်မှာ နွားနို့သောက်မိရင် နှာခေါင်းထဲက အကျိအချွဲတွေကို ထူပျစ်သွားစေနိုင်ပြီး နှာခေါင်းပိတ်စေနိုင်ပါတယ်။

ဒိန်ခဲ
------
ဒိန်ခဲကလည်း နို့ထွက်ပစ္စည်းတစ်မျိုးဖြစ်တာကြောင့် နှာပိတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ပြု ပြင်ထားတဲ့သကြား
-----------------------------
အသင့်စား စားစရာတွေမှာ ပါဝင်တဲ့ သကြားတွေဟာ ခန္ဓာကိုယ်ကို ဆိုးကျိုးတွေများစွာ ဖြစ်စေနိုင်ပါတယ်။ အဲဒီဆိုးကျိုးတွေထဲမှာ နှာခေါင်းပိတ်ခြင်းလည်း ပါဝင်ပါတယ်။

ချောကလက်
-----------------
ချောကလက်မှာပါဝင်တဲ့ သကြားဓာတ်အတွင်းက တဆေးဓာတ်ပမာဏကို မြင့်တက်စေပြီး ဘက်တီးရီးယားတွေကို ပိုမိုပေါက်ဖွားစေနိုင်ပြီး နှာခေါင်းပိတ်ခြင်း ဖြစ်ပေါ်စေနိုင်ပါတယ်။

တူနာငါး
-----------
တူနာငါးမှာပါဝင်တဲ့ histamine ဓာတ်က ဓာတ်မတည့်တဲ့လူတွေကို နှာခေါင်းပိတ်စေနိုင်ပြီး အသက်ရှူမဝတာမျိုး ဖြစ်စေနိုင်ပါတယ်။

ပီဇာ
------
ပီဇာမှာပါဝင်တဲ့ ဒိန်ခဲတွေ၊ အားလူတွေနဲ့ အခြားပါဝင်ပစ္စည်းတွေက ခန္ဓာကိုယ်တွင်းက histamine ပမာဏကို မြင့်တက်စေတဲ့အပြင် ခန္ဓာကိုယ်ကနေ အပျစ်အချွဲတွေကို ပိုမိုထုတ်လွှတ်စေပြီး နှာခေါင်းပိတ်စေနိုင်ပါတယ်။

ဝိုင်နဲ့ဘီယာ
--------------
ဝိုင်နဲ့ဘီယာမှာ သကြားဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် နှာခေါင်းတစ်သျှူးတွေကို ပွလာစေပြီး နှာခေါင်းပိတ်စေနိုင်ပါတယ်။


#Zawgyi

ႏွာေစးႏွာပိတ္ျခင္း
==========
အေအးမိလို႔ႏွာေစး၊ ႏွာပိတ္တဲ့အခါ အခ်ိန္မွီကုသမႈမခံယူရင္ ေခ်ာင္းဆိုးျခင္း၊ လည္ေခ်ာင္းနာျခင္း၊ အသက္ရႉရခက္ျခင္းစတာေတြအလြယ္တကူျဖစ္ေပၚႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ႏွာပိတ္၊ ႏွာေစးတဲ့အခါမွာ မေပါ့ဆသင့္ဘဲ အလ်င္ျမန္ဆုံးသက္သာေအာင္ ကုသဖု႔ိလိုပါတယ္။ ႏွာေခ်တယ္၊ ႏွာေစးတယ္ဆိုတာ မိမိကိုယ္တိုင္သာမက ပတ္ ဝန္းက်င္ကိုပါ အေႏွာင့္အယွက္ ျဖစ္ႏိုင္တဲ့အရာမ်ိဳးပါ။ ဒါေပမဲ့ ေဆးပညာရႈေထာင့္ကေန ၾကည့္မယ္ဆိုရင္ေတာ့ ႏွာေစးတယ္ဆိုတာ ခႏၶာကိုယ္ထဲကို ဝင္ေရာက္ထားတဲ့ ဓာတ္မတည့္ယားယံ ေစတဲ့ ပစၥည္းေတြနဲ႔ ေရာဂါပိုးေတြကို ခႏၶာကိုယ္အျပင္ေရာက္ေအာင္ တြန္းထုတ္ပစ္တဲ့ သဘာဝလက္ ေဆာင္တစ္ခုပါ။ ရာသီဥတုေအးတာ၊ စိုထိုင္း ဆနဲ႔အပူခ်ိန္ ႐ုတ္တရက္ ေျပာင္း လဲတာ၊ မိုးမိတာ၊ အနံ႔ျပင္းျပင္း ေတြနဲ႔ တခ်ိဳ႕ေသာ ေဆးဝါးေတြက လည္း ႏွာေစးႏွာေခ်တာကို ျဖစ္ ေစႏိုင္ပါတယ္။ ႏွာေခ်တဲ့အခါ ေမာပန္းႏြမ္း နယ္တာ၊ ႏွာေခါင္းေရာင္တာ၊ ႏွာ ေခါင္းထဲက ယားတာ၊ မ်က္စိေတြ နီရဲတာ၊ လုပ္ငန္းခြင္မွာျဖစ္ေစ ပညာသင္ၾကားရာမွာျဖစ္ေစ အာ႐ုံ မစိုက္ႏိုင္တာေတြကိုလည္း ျဖစ္ေစ ႏိုင္ပါေသးတယ္။ အခုခါမွာဆိုရင္ေတာ့ အိမ္မွာပဲကုသႏိုင္တဲ့ နည္းလမ္းေကာင္းေလးကို ေဝမွ်ေပးခ်င္ပါတယ္။


အဝတ္စေႏြးေႏြးေလးျဖင့္ကုသနည္း
---------------------------------------------
ေရေႏြးေငြ႕ဒဏ္ကိုတိုက္႐ိုက္မခံႏိုင္တဲ့သူေတြအတြက္ေတာ့ အဝတ္စကိုေရေႏြးထဲစိမ္ၿပီး ကုသတဲ့နည္းလမ္းေလးကို အသုံးျပဳႏိုင္ပါတယ္။ သန႔္စင္တဲ့လက္ကိုင္ပဝါတစ္ထည္ယူလိုက္ပါ။ ေရေႏြးထဲစိမ္လိုက္ၿပီး ေရညႇစ္လိုက္ပါ။ အပူဓာတ္ရတဲ့ လက္ကိုင္ပဝါကို ႏွာေခါင္းနဲ႔ နဖူးေပၚကို မိနစ္အနည္းငယ္ ပြတ္တိုက္ေပးပါ။ နဖူးနဲ႔ႏွာေခါင္းဆုံရာေနရာ ထိပ္ကေလးမွာ ေရေႏြးစိမ္ထားတဲ့အဝတ္စေလးနဲ႔ အထက္ကိုပင့္ၿပီးအသာအယာပြတ္ေပးပါ။ ဒီတိုင္းတင္ထားလို႔လည္းရပါတယ္။ အဝတ္စေအးသြားရင္ ေရေႏြးထဲျပန္စိမ္ၿပီး ဒီနည္းေလးအတိုင္းျပန္လုပ္ပါ။ ႏွာပိတ္လို႔ စိတ္မၾကည္မလင္ျဖစ္ၿပီး ေခါင္းကိုက္တာအတြက္လည္း သက္သာေစတာကို ေတြ႕ရမွာပါ။ ႏွာေစးၿပီးႏွာေခါင္းပိတ္တဲ့ဒဏ္ေၾကာင့္ ႏွာေခါင္းနာတာ၊ စပ္တာေတြကို သက္သာေစဖို႔အတြက္ အေကာင္းဆုံးနည္းလမ္းေလးပါပဲ။

ေရေႏြးေငြ႕ျဖင့္ကုသနည္း
-------------------------------
အသက္ရႉလမ္းေၾကာင္းမွာ ပိတ္ဆို႔ေနတတ္တဲ့ ဖုန္မႈန႔္၊ အညစ္အေၾကးနဲ႔ ဘတ္တီးရီးယားပိုးမႊားမ်ားေၾကာင့္ ႏွာပိတ္၊ ႏွာေစးျခင္းျဖစ္ရတာမ်ိဳးလည္း ရွိပါတယ္။ ဒီလိုပိုးမႊားေတြကို ရွင္းထုတ္ဖို႔အတြက္ ေရေႏြးေငြ႕နဲ႔ကုသတဲ့နည္းလမ္းက အေကာင္းဆုံးပါပဲ။ ေရေႏြးကိုပြက္ပြက္ဆူေအာင္တည္ၿပီး င႐ုတ္ေကာင္းမႈန႔္အနည္းငယ္ ေရာထည့္လိုက္ပါ။ ၿပီးရင္ေတာ့ ဇလုံထဲထည့္ၿပီး ေရေႏြးေငြ႕အျပည့္အဝရရွိဖို႔အတြက္ တဘတ္တစ္ထည္ကို ေခါင္းေပၚမွအုပ္လိုက္ၿပီး ေရေႏြးေငြ႕ကို မိနစ္အနည္းငယ္ခန႔္ ခံယူပါ။ မ်က္လုံးမွိတ္ၿပီး အသက္ကိုရႉသြင္း၊ ရႉထုတ္လုပ္ေပးပါ။ ေရေႏြးေငြ႕အရွိန္ေၾကာင့္ ႏွာပိတ္တာ၊ ႏွာေစးတာကိုသက္သာေစတာကို ေတြ႕ရမွာပါ။ ဒါ့အျပင္ ႏွာပိတ္လို႔ ႏွာေခါင္းနာတာ၊ နီျမန္းတာနဲ႔ အသက္ရႉမဝတာမ်ိဳး ျဖစ္တာေတြအတြက္ သက္သာေစတဲ့ နည္းလမ္းေကာင္းေလးပါပဲ။ ဒီနည္းလမ္းအတိုင္းကို တစ္ေန႔လွ်င္ သုံးႀကိမ္အထိျပဳလုပ္ေပးမယ္ဆိုရင္ ႏွာပိတ္ၿပီး အသက္ရႉရခက္တာမ်ိဳး မျဖစ္ေတာ့ပါဘူးေနာ္။

ေဆးေဖာ္နည္း
------------------
ဒီေဆးရည္ကေတာ့ အဖ်ားပိုးဝင္ေရာက္ျခင္းမွ ကာကြယ္ႏိုင္ၿပီး ႏွာေစး၊ ႏွာပိတ္ျခင္းျဖစ္ေပၚေစတဲ့ ဘတ္တီးရီးယားပိုးမႊားမ်ားကိုလည္း ေသေစႏိုင္ပါတယ္။ ျပဳလုပ္ရမွာကေတာ့ ေရတစ္ဖန္ခြက္ကို ပြက္ပြက္ဆူေနေအာင္တည္ပါ။ ပြက္ပြက္ဆူေနတဲ့ေရေႏြးထဲကို ၾကက္သြန္ျဖဴ၄မႊာ ထည့္က်ိဳေပးပါ။ ၾကက္သြန္ျဖဴေတြ ေပ်ာ့သြားၿပီဆိုရင္ေတာ့ နႏြင္းမႈန႔္စားပြဲတင္ဇြန္း တစ္ဝက္ခန႔္ေရာထည့္လိုက္ပါ။ ၿပီးရင္ေတာ့ င႐ုတ္ေကာင္းမႈန႔္နည္းနည္းေလး ခပ္လိုက္ပါ။ ၂မိနစ္၊ ၃မိနစ္ခန႔္ မီးအပူေပးၿပီး ေဆးဝါးအျဖစ္ မွီဝဲႏိုင္ပါၿပီ။ ဒီေဆးကိုေတာ့ တစ္ေန႔ကိုတစ္ႀကိမ္ေသာက္သုံးေပးလို႔ ရပါတယ္ေနာ္။

ႏွာေခါင္းပိတ္ျခင္းအမ်ားစုဟာ ဖ်ားနာတာက တစ္ဆင့္ ျဖစ္ရတာမွန္ေပမယ့္စားေသာက္မႈပုံစံေၾကာင့္လည္း ႏွာေစးႏွာပိတ္ ျဖစ္တတ္ပါတယ္။ လူတစ္ဦးခ်င္းစီအလိုက္ စားေသာက္မႈအေပၚ ဓာတ္မတည့္ျဖစ္တာခ်င္း မတူၾကပါဘူး။

ႏွာေစးႏွာပိတ္ျခင္းကို ျဖစ္ေစႏိုင္တဲ့ အဓိက အစားအစာမ်ား

ပူစပ္တဲ့ အစားအစာမ်ား
-------------------------------
အပူအစပ္ေတြစားတဲ့အခါ ဟီစတာမင္း (histamine) ဆိုတဲ့ allergy ျဖစ္ေစတဲ့ဓာတ္ကို ပိုမိုထုတ္လႊတ္ေပးၿပီး ႏွာေခါင္းပိတ္ေစပါတယ္။

အနီေရာင္ အသားမ်ား
-----------------------------
အနီေရာင္အသားေတြမွာ ပ႐ိုတင္းဓာတ္ႂကြယ္ဝစြာ ပါဝင္တဲ့အတြက္ ႏွာေခါင္းပိတ္ေစႏိုင္ပါတယ္။

ငွက္ေပ်ာသီး
----------------
ငွက္ေပ်ာသီးဟာ ခႏၶာကိုယ္အတြက္ ေကာင္းက်ိဳးျဖစ္ေစႏိုင္ေပမယ့္ ဓာတ္မတည့္တဲ့သူေတြ စားမိရင္ histamine ကို ပိုမိုထုတ္လႊတ္ေပးၿပီး ႏွာေခါင္းပိတ္ေစပါတယ္။

ႏြားႏို႔
-------
ႏွာေစးေနတဲ့အခ်ိန္မွာ ႏြားႏို႔ေသာက္မိရင္ ႏွာေခါင္းထဲက အက်ိအခြၽဲေတြကို ထူပ်စ္သြားေစႏိုင္ၿပီး ႏွာေခါင္းပိတ္ေစႏိုင္ပါတယ္။

ဒိန္ခဲ
------
ဒိန္ခဲကလည္း ႏို႔ထြက္ပစၥည္းတစ္မ်ိဳးျဖစ္တာေၾကာင့္ ႏွာပိတ္ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။

ျပဳ ျပင္ထားတဲ့သၾကား
-----------------------------
အသင့္စား စားစရာေတြမွာ ပါဝင္တဲ့ သၾကားေတြဟာ ခႏၶာကိုယ္ကို ဆိုးက်ိဳးေတြမ်ားစြာ ျဖစ္ေစႏိုင္ပါတယ္။ အဲဒီဆိုးက်ိဳးေတြထဲမွာ ႏွာေခါင္းပိတ္ျခင္းလည္း ပါဝင္ပါတယ္။

ေခ်ာကလက္
-----------------
ေခ်ာကလက္မွာပါဝင္တဲ့ သၾကားဓာတ္အတြင္းက တေဆးဓာတ္ပမာဏကို ျမင့္တက္ေစၿပီး ဘက္တီးရီးယားေတြကို ပိုမိုေပါက္ဖြားေစႏိုင္ၿပီး ႏွာေခါင္းပိတ္ျခင္း ျဖစ္ေပၚေစႏိုင္ပါတယ္။

တူနာငါး
-----------
တူနာငါးမွာပါဝင္တဲ့ histamine ဓာတ္က ဓာတ္မတည့္တဲ့လူေတြကို ႏွာေခါင္းပိတ္ေစႏိုင္ၿပီး အသက္ရႉမဝတာမ်ိဳး ျဖစ္ေစႏိုင္ပါတယ္။

ပီဇာ
------
ပီဇာမွာပါဝင္တဲ့ ဒိန္ခဲေတြ၊ အားလူေတြနဲ႔ အျခားပါဝင္ပစၥည္းေတြက ခႏၶာကိုယ္တြင္းက histamine ပမာဏကို ျမင့္တက္ေစတဲ့အျပင္ ခႏၶာကိုယ္ကေန အပ်စ္အခြၽဲေတြကို ပိုမိုထုတ္လႊတ္ေစၿပီး ႏွာေခါင္းပိတ္ေစႏိုင္ပါတယ္။

ဝိုင္နဲ႔ဘီယာ
--------------
ဝိုင္နဲ႔ဘီယာမွာ သၾကားဓာတ္ႂကြယ္ဝစြာပါဝင္တာေၾကာင့္ ႏွာေခါင္းတစ္သွ်ဴးေတြကို ပြလာေစၿပီး ႏွာေခါင္းပိတ္ေစႏိုင္ပါတယ္။