တစ်ကြိမ်တစ်ခါတည်း နဲ့ ကိုယ်ဝန်ရနိုင်ပါသလား
၁။ လိင်ဆက်ဆံတဲ့ ပထမဆုံးအကြိမ်မှာတင်
ကိုယ်၀န်ရသွားနိုင်ပါတယ်။
မိန်းကလေးတစ်ယောက်ဟာ ပထမဆုံးအကြိမ် လိင်ဆက်ဆံလိုက်ရုံနဲ့ ကိုယ်၀န်မရနိုင်ဘူးလို့ ကြားကောင်းကြားမိပါလိမ့်မယ်။ တကယ်တမ်းကတော့ ယောကျာ်းလေးနဲ့ မိန်းကလေး အကာအကွယ်မပါဘဲ ဆက်ဆံလိုက်မယ်ဆိုရင် ဒါဟာ ပထမဆုံးအကြိမ် ဖြစ်စေ၊ အရင်က ဆက်ဆံခဲ့ဖူးတာဖြစ်စေ၊ ကိုယ်၀န်ရသွားနိုင်ပါတယ်။
ယောကျာ်းလေးတစ်ယောက်ဟာလည်း သူ့ရဲ့ ပထမဆုံးအကြိမ်မှာတင် မိန်းကလေးကို ကိုယ်၀န်ရစေနိုင်တယ်။ တကယ်လို့ ကိုယ်က မိန်းကလေးတစ်ယောက်ဖြစ်မယ်၊ လိင်ဆက်ဆံလိုက်မယ်ဆိုရင် မမျိုးဥကြွေတဲ့အရွယ် ရောက်တာနဲ့ ကိုယ်၀န်ရနိုင်မှာ ဖြစ်ပါတယ်။ အပျိုဖြစ်ပြီဆိုရင် ခန္ဓာကိုယ်ထဲမှာ မမျိုးဥအရင်ကြွေပါတယ်။ ကြွေပြီးလို့ သန္ဓေမအောင်လိုက်ဘူးဆိုမှ အဲဒီမမျိုးဥလေးက သေသွားပြီး အပြင်ကို ရာသီသွေးအဖြစ် ဆင်းလာတာပါ။ ဒါကြောင့် ပထမဆုံး ရာသီမပေါ်သေးခင်မှာကိုပဲ လိင်ဆက်ဆံမှုရှိခဲ့ရင် ကိုယ်၀န်ရသွားနိုင်ပါတယ်။ အထဲမှာ မမျိုးဥလေးသာ ကြွေနေပြီဆိုရင်ပေါ့။
ကိုယ်၀န်တားဆေးတခုခု သုံးခြင်းက ကိုယ်၀န်မရအောင် ကာကွယ်ပေးပါတယ်။ ကွန်ဒုံးသုံးမယ်ဆိုရင်တော့ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် လိင်မဆက်ဆံခင်မှာ ကိုယ့်အဖော်နဲ့ အရင်ဆုံးတိုင်ပင်ပါ ။ ကိုယ်၀န်တားနည်းတခုခုကို သုံးပါ။
၂။ ယောကျာ်းလေးက သုက်ရည်မထုတ်ခင် လိင်တံကို အပြင်ဆွဲထုတ်လိုက်နိုင်တယ် ဆိုရင်တောင် ကိုယ်၀န်ရသွားနိုင်ပါတယ်။
ယောကျာ်းလေးက သုက်ရည်မထွက်မီ သူ့လိင်တံကို အချိန်မီဆွဲထုတ်လိုက်နိုင်တယ်ဆိုရင် ကိုယ်၀န်မရနိုင်ဘူးဆိုတာ ယုံတမ်းစကား ဖြစ်ပါတယ်။ တကယ်တမ်းကတော့ လိင်ဆက်ဆံနေစဉ်အတွင်း သူ့လိင်တံကထွက်တဲ့ အရည်ကြည်တွေထဲမှာလည်း သုက်ကောင်တွေ ပါပါတယ်။ မိန်းကလေးတစ်ယောက်ကို ကိုယ်၀န်ရနိုင်စေဖို့ သုက်ကောင်တစ်ကောင်ပဲ လိုအပ်တာပါ။ နောက်ပြီး အဲဒီအရည်ကနေ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးတွေ ရသွားနိုင်ပါတယ်။ ဒါကြောင့် သုက်ရည်အပြင်ထွက်တဲ့နည်းက ရောဂါမကူးစက်အောင် ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။ တကယ်လို့ ယောကျာ်းလေးက သုက်ရည်မထွက်ခင် သေချာဂရုစိုက်ပြီး အပြင်ထုတ်မယ်ဆိုရင် လက်မခံပါနဲ့၊ အမြဲတမ်း ကွန်ဒုံးသုံးပါ။ နောက်ပြီး မလိုချင်ဘဲ ကိုယ်၀န်မရအောင် ကိုယ်၀န်တားနည်းတခုခု သုံးပါ။
၃။ ရာသီလာနေစဉ် လိင်ဆက်ဆံရင် ကိုယ်၀န်ရနိုင်ပါတယ်။
ရာသီလာနေတုန်း လိင်ဆက်ဆံရင် ကိုယ်၀န်မရနိုင်ဘူးဆိုတာကလည်း ယုံတမ်းစကား ဖြစ်ပါတယ်။ လတစ်လရဲ့ ဘယ်လိုရက်မျိုးမှာမဆို ဘာကိုယ်၀န်တားနည်းမှ မသုံးဘဲ အတူနေမယ်ဆိုရင် ကိုယ်၀န်ရနိုင်တာချည်းပါပဲ။ သုက်ကောင်တွေဟာ လိင်ဆက်ဆံပြီး ရက်အတော်ကြာအောင် ခန္ဓာကိုယ်ထဲမှာ ဆက်ရှိနေနိုင်ပါတယ်။ ဒါကြောင့် ရာသီပေါ်နေတုန်း အတူနေလိုက်တယ်ဆိုဦးတော့၊ အဲဒီသုက်ကောင်တွေက ခန္ဓာကိုယ်ထဲ ရက်အတော်ကြာဆက်ရှိနေပြီး မမျိုးဥကြွေလာတဲ့အခါ ပေါင်းစပ်သွားရင် ကိုယ်၀န်ရသွားနိုင်ပါတယ်။
၄။ မတ်တပ်ရပ်အနေအထား၊ ထိုင်လျက်အနေအထား၊ ဘယ်လိုအနေအထားမျိုးနဲ့ ဆက်ဆံသည်ဖြစ်စေ ကိုယ်၀န်ရနိုင်ပါတယ်။
မိန်းကလေးတစ်ယောက်ဟာ မတ်တပ်ရပ်ပြီး ဆက်ဆံမယ်၊ ထိုင်လျက်ဆက်ဆံမယ်၊ အပေါ်ကနေပြီးး ဆက်ဆံမယ်ဆိုရင် ကိုယ်၀န်မရနိုင်ဘူးလို့ ကြားမိပါလိမ့်မယ်။ အမှန်ကတော့ ဘယ်လိုအနေအထားမျိုးဖြစ်ပါစေ၊ ကွန်ဒုံးမသုံးဘူး၊ ကိုယ်၀န်တားဆေး မသုံးဘူးဆိုရင် ကိုယ်၀န်ရနိုင်တာချည်းပါပဲ။ နေရာနဲ့လည်း မဆိုင်သလို၊ ရေချိုးရင်း ဆက်ဆံရင်လည်း ရသွားနိုင်ပါတယ်။ ကိုယ်၀န်ရဖို့က သုက်ပိုးနဲ့ မမျိုးဥနဲ့ တွေ့ဖို့ပဲ လိုအပ်တာမို့ ဘယ်လိုပုံစံနဲ့ ဘယ်လိုနေရာမှာ ဆက်ဆံဆက်ဆံ ကိုယ်၀န်ရသွားနိုင်ပါတယ်။
၅။ ပါးစပ်နဲ့ ဆက်ဆံရင် ကိုယ်၀န်မရနိုင်ပါ။
ပါးစပ်နဲ့ ဆက်ဆံရင် ကိုယ်၀န်ရတတ်တယ်လို့ ကြားဖူးထားပါလိမ့်မယ်။ အမှန်က ယောကျာ်းလေးရဲ့ သုက်ရည်ကို မျိုချလိုက်ဦးတော့ ကိုယ်၀န်မရနိုင်ပါဘူး။ ဒါပေမယ့် လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေတော့ ရသွားနိုင်ပါတယ်။ ဒါကြောင့်မို့ ပါးစပ်နဲ့ ဆက်ဆံမယ်ဆိုရင် ကွန်ဒုံးသုံးတာ၊ မိန်းကလေးတွေမှာလည်း Dam လို့ ခေါ်တဲ့ အကာအကွယ်ပစ္စည်းသုံးတာမျိုး လုပ်ဖို့တော့ လိုအပ်ပါတယ်။
၆။ အရက်သောက်ခြင်းက လိင်ဆက်ဆံမှုကို ဘာမှ အထောက်အကူမပေးပါ။
အရက်သောက်ထားရင် လိင်ဆက်ဆံမှုမှာ ပိုပြီးစွမ်းဆောင်နိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ အရက်သောက်ထားရင် ဆုံးဖြတ်ချက်တွေ မှားသွားနိုင်တယ်၊ အဆင်သင့်မဖြစ်သေးချိန်မှာ ဆက်ဆံမိတာ၊ ကိုယ်မနှစ်သက်သူနဲ့ ဆက်ဆံမိတာ၊ ဒါမျိုးတွေ ဖြစ်တတ်ပါတယ်။ အရက်က စိတ်ခံစားမှုကိုလည်း ပိုကောင်းစေမှာ မဟုတ်ပါဘူး။ ဒါကြောင့် အရက်သောက်ပြီး လိင်ဆက်ဆံမယ်ဆိုရင် နောင်တရနေမိပါလိမ့်မယ်။
၇။ ကွန်ဒုံးအစား တခြားပလပ်စတစ်အိတ်တွေ၊ ကြွပ်ကြွပ်အိတ်တွေ သုံးလို့ မရပါဘူး။ အလုပ်မဖြစ်ပါဘူး။
ကွန်ဒုံးအစား အဲဒါတွေ သုံးလို့ရတယ်လို့ ထင်နေကြတာ မှားပါတယ်။ မရပါဘူး။ ကွန်ဒုံးကသာ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ကွန်ဒုံးတွေက နီးစပ်ရာဆေးခန်းတွေ၊ ဆေးဆိုင်တွေ၊ စျေး၀ယ်စင်တာတွေမှာ အလွယ်တကူ ၀ယ်လို့ရပါတယ်။ စိတ်ချယုံကြည်ရတဲ့ အမှတ်တံဆိပ်တွေ ဟုတ်မဟုတ်ကိုတော့ သေချာစစ်ဆေးဖို့ လိုပါမယ်။
၈။ လိင်ဆက်ဆံမှု မရှိလို့ ယောကျာ်းလေးရဲ့ ဝှေးစေ့တွေ ပေါက်ကွဲမထွက်နိုင်ပါဘူး။
လိင်ဆက်ဆံမှုမရှိရင် ဝှေးစေ့တွေ မပေါက်ကွဲသွားတတ်ပါဘူး။ ယောကျာ်းတစ်ယောက်ဟာ သုက်ကောင်တွေ အမြဲတွေ ထုတ်လုပ်နေပါတယ်။ အပြင်ကို စွန့်မထုတ်ဘူးဆိုရင် သုက်ကောင်တွေက ခန္ဓာကိုယ်ထဲမှာ ရှိနေပါတယ်။ သူတို့ လိင်စိတ်ဖြေလိုက်လို့၊ ဒါမှမဟုတ် အိပ်နေရင်း သုက်ထွက်လို့ရှိရင်တော့ အပြင်ကို ထွက်လာပါလိမ့်မယ်။ လိင်ဆက်ဆံမှုရှိနေဖို့ မလိုပါဘူး။
၉။ ကွန်ဒုံးကို လျှော်ပြီး ပြန်သုံးလို့မရပါဘူး။
တစ်ယောက်ယောက်က ကွန်ဒုံးကို လျှော်ပြီး ပြန်သုံးလို့ရတယ်ပြောရင် မယုံပါနဲ့။ တစ်ကြိမ်တစ်ခါပဲ သုံးလို့ရပါတယ်။ တစ်ခါသုံးပြီးသွားလို့ နောက်တစ်ခါ ထပ်ဆက်ဆံမယ်ရင် နောက်တစ်ခု အသစ်သုံးဖို့ လိုပါမယ်။ ဒါက အမျိုးသားသုံးဖြစ်ဖြစ်၊ အမျိုးသမီးသုံးကွန်ဒုံးဖြစ်ဖြစ် အတူတူပါပဲ။ လိင်ဆက်ဆံချိန် မိနစ် ၃၀ ကြာပြီးရင်လည်း ကွန်ဒုံးအသစ်လဲဖို့ လိုပါတယ်။ အချိန်ကြာမြင့်တဲ့ ပွတ်တိုက်မှုတွေက ကွန်ဒုံးကို ပေါက်ပြဲသွားစေနိုင်လို့ပါ။
၁၀။ တစ်ကြိမ်တည်း ဆက်ဆံလိုက်ရုံနဲ့ ကိုယ်၀န်ရသွားနိုင်ပါတယ်။
ကိုယ်၀န်ရဖို့ အကြိမ်ပေါင်းများစွာ လိင်ဆက်ဆံဖို့လိုတယ် ဆိုတာ မှားပါတယ်။ တစ်ကြိမ်တည်းနဲ့လည်း ကိုယ်၀န်ရသွားနိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံတိုင်း ကိုယ်၀န်တားနည်းတခုခု သုံးပါ။ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ရမသွားအောင် ကွန်ဒုံးသုံးပါ။
၁၁။ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေရှိနေတိုင်း ရောဂါလက္ခဏာ ပြမှာ မဟုတ်ပါ။
လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါရသွားရင် ဆီးသွားတဲ့အခါ နာကျင်မယ်၊ အဖြူရည်တွေ ထွက်မယ်၊ ဒါကြောင့် သတိထားကို ထားမိလိမ့်မယ်ဆိုတာ မှားပါတယ်။
လူများစုဟာ အဲဒီလက္ခဏာတွေ သတိမထားမိတတ်ကြတာမို့ ရောဂါရှိနေတာကိုလည်း မသိကြပါဘူး။ လူတစ်ယောက်မှာ ကာလသားရောဂါရှိမရှိကို ကြည့်ရုံနဲ့လည်း ပြောနိုင်မှာ မဟုတ်တာကြောင့် တကယ်လို့ သံသယရှိတယ်ဆိုရင် နီးစပ်ရာဆေးရုံဆေးခန်း ပြကြည့်ဖို့ လိုအပ်ပါတယ်။
၁၂။ အမျိုးသမီးချင်း လိင်ဆက်ဆံရင်လည်း လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ရနိုင်ပါတယ်။
အမျိုးသမီးတစ်ယောက်မှာ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါပိုးရှိနေမယ်ဆိုရင် သူ့လိင်အင်္ဂါကထွက်တဲ့ အရည်တွေ၊ သွေးနဲ့ အထိအတွေ့တွေကတစ်ဆင့် သူနဲ့ဆက်ဆံတဲ့သူဆီကို ကူးစက်သွားနိုင်ပါတယ်။ လိင်တံအတုကို မျှပြီးသုံးမယ်ဆိုရင် ကွန်ဒုံးစွပ်ပါ၊ ပါးစပ်နဲ့ ဆက်ဆံမယ်ဆိုလည်း လိင်အင်္ဂါအစွပ်ကို သုံးပါ။
၁၃။ ရာသီပေါ်ပြီဆိုရုံနဲ့ ဒီမိန်းကလေးဟာ လိင်ဆက်ဆံဖို့ အသင့်ဖြစ်နေပြီ ပြောလို့မရပါဘူး။
ရာသီပေါ်ပြီ ဆိုတာဟာ ဒီမိန်းကလေး အရွယ်ရောက်လာပြီ၊ လိင်ဆက်ဆံမှုပြုလိုက်ရင် ကိုယ်၀န်ရသွားနိုင်ပြီဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ လိင်ဆက်ဆံဖို့အတွက် အဆင်သင့်ဖြစ်နေပြီဆိုတဲ့ အဓိပ္ပါယ်မျိုး မဟုတ်ပါဘူး။
လူတွေဟာ လိင်ဆက်ဆံဖို့ အသင့်ဖြစ်တဲ့အချိန် တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ဒါက တစ်ဦးချင်းစီရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ်။
#Zawgyi
ခ်စ္တင္းေႏွာျခင္းႏွင့္ ပက္သက္ၿပီးသင္သိထားသင့္ေသာ အခ်က္မ်ား
တစ္ႀကိမ္တစ္ခါတည္း နဲ႔ ကိုယ္ဝန္ရႏိုင္ပါသလား
၁။ လိင္ဆက္ဆံတဲ့ ပထမဆုံးအႀကိမ္မွာတင္
ကိုယ္၀န္ရသြားႏိုင္ပါတယ္။
မိန္းကေလးတစ္ေယာက္ဟာ ပထမဆုံးအႀကိမ္ လိင္ဆက္ဆံလိုက္႐ုံနဲ႔ ကိုယ္၀န္မရႏိုင္ဘူးလို႔ ၾကားေကာင္းၾကားမိပါလိမ့္မယ္။ တကယ္တမ္းကေတာ့ ေယာက်ာ္းေလးနဲ႔ မိန္းကေလး အကာအကြယ္မပါဘဲ ဆက္ဆံလိုက္မယ္ဆိုရင္ ဒါဟာ ပထမဆုံးအႀကိမ္ ျဖစ္ေစ၊ အရင္က ဆက္ဆံခဲ့ဖူးတာျဖစ္ေစ၊ ကိုယ္၀န္ရသြားႏိုင္ပါတယ္။
ေယာက်ာ္းေလးတစ္ေယာက္ဟာလည္း သူ႔ရဲ႕ ပထမဆုံးအႀကိမ္မွာတင္ မိန္းကေလးကို ကိုယ္၀န္ရေစႏိုင္တယ္။ တကယ္လို႔ ကိုယ္က မိန္းကေလးတစ္ေယာက္ျဖစ္မယ္၊ လိင္ဆက္ဆံလိုက္မယ္ဆိုရင္ မမ်ိဳးဥေႂကြတဲ့အ႐ြယ္ ေရာက္တာနဲ႔ ကိုယ္၀န္ရႏိုင္မွာ ျဖစ္ပါတယ္။ အပ်ိဳျဖစ္ၿပီဆိုရင္ ခႏၶာကိုယ္ထဲမွာ မမ်ိဳးဥအရင္ေႂကြပါတယ္။ ေႂကြၿပီးလို႔ သေႏၶမေအာင္လိုက္ဘူးဆိုမွ အဲဒီမမ်ိဳးဥေလးက ေသသြားၿပီး အျပင္ကို ရာသီေသြးအျဖစ္ ဆင္းလာတာပါ။ ဒါေၾကာင့္ ပထမဆုံး ရာသီမေပၚေသးခင္မွာကိုပဲ လိင္ဆက္ဆံမႈရွိခဲ့ရင္ ကိုယ္၀န္ရသြားႏိုင္ပါတယ္။ အထဲမွာ မမ်ိဳးဥေလးသာ ေႂကြေနၿပီဆိုရင္ေပါ့။
ကိုယ္၀န္တားေဆးတခုခု သုံးျခင္းက ကိုယ္၀န္မရေအာင္ ကာကြယ္ေပးပါတယ္။ ကြန္ဒုံးသုံးမယ္ဆိုရင္ေတာ့ လိင္ကတစ္ဆင့္ ကူးစက္တဲ့ေရာဂါေတြကိုပါ ကာကြယ္ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ လိင္မဆက္ဆံခင္မွာ ကိုယ့္အေဖာ္နဲ႔ အရင္ဆုံးတိုင္ပင္ပါ ။ ကိုယ္၀န္တားနည္းတခုခုကို သုံးပါ။
၂။ ေယာက်ာ္းေလးက သုက္ရည္မထုတ္ခင္ လိင္တံကို အျပင္ဆြဲထုတ္လိုက္ႏိုင္တယ္ ဆိုရင္ေတာင္ ကိုယ္၀န္ရသြားႏိုင္ပါတယ္။
ေယာက်ာ္းေလးက သုက္ရည္မထြက္မီ သူ႔လိင္တံကို အခ်ိန္မီဆြဲထုတ္လိုက္ႏိုင္တယ္ဆိုရင္ ကိုယ္၀န္မရႏိုင္ဘူးဆိုတာ ယုံတမ္းစကား ျဖစ္ပါတယ္။ တကယ္တမ္းကေတာ့ လိင္ဆက္ဆံေနစဥ္အတြင္း သူ႔လိင္တံကထြက္တဲ့ အရည္ၾကည္ေတြထဲမွာလည္း သုက္ေကာင္ေတြ ပါပါတယ္။ မိန္းကေလးတစ္ေယာက္ကို ကိုယ္၀န္ရႏိုင္ေစဖို႔ သုက္ေကာင္တစ္ေကာင္ပဲ လိုအပ္တာပါ။ ေနာက္ၿပီး အဲဒီအရည္ကေန လိင္ကတစ္ဆင့္ ကူးစက္တဲ့ ေရာဂါပိုးေတြ ရသြားႏိုင္ပါတယ္။ ဒါေၾကာင့္ သုက္ရည္အျပင္ထြက္တဲ့နည္းက ေရာဂါမကူးစက္ေအာင္ ကာကြယ္ႏိုင္မွာ မဟုတ္ပါဘူး။ တကယ္လို႔ ေယာက်ာ္းေလးက သုက္ရည္မထြက္ခင္ ေသခ်ာဂ႐ုစိုက္ၿပီး အျပင္ထုတ္မယ္ဆိုရင္ လက္မခံပါနဲ႔၊ အၿမဲတမ္း ကြန္ဒုံးသုံးပါ။ ေနာက္ၿပီး မလိုခ်င္ဘဲ ကိုယ္၀န္မရေအာင္ ကိုယ္၀န္တားနည္းတခုခု သုံးပါ။
၃။ ရာသီလာေနစဥ္ လိင္ဆက္ဆံရင္ ကိုယ္၀န္ရႏိုင္ပါတယ္။
ရာသီလာေနတုန္း လိင္ဆက္ဆံရင္ ကိုယ္၀န္မရႏိုင္ဘူးဆိုတာကလည္း ယုံတမ္းစကား ျဖစ္ပါတယ္။ လတစ္လရဲ႕ ဘယ္လိုရက္မ်ိဳးမွာမဆို ဘာကိုယ္၀န္တားနည္းမွ မသုံးဘဲ အတူေနမယ္ဆိုရင္ ကိုယ္၀န္ရႏိုင္တာခ်ည္းပါပဲ။ သုက္ေကာင္ေတြဟာ လိင္ဆက္ဆံၿပီး ရက္အေတာ္ၾကာေအာင္ ခႏၶာကိုယ္ထဲမွာ ဆက္ရွိေနႏိုင္ပါတယ္။ ဒါေၾကာင့္ ရာသီေပၚေနတုန္း အတူေနလိုက္တယ္ဆိုဦးေတာ့၊ အဲဒီသုက္ေကာင္ေတြက ခႏၶာကိုယ္ထဲ ရက္အေတာ္ၾကာဆက္ရွိေနၿပီး မမ်ိဳးဥေႂကြလာတဲ့အခါ ေပါင္းစပ္သြားရင္ ကိုယ္၀န္ရသြားႏိုင္ပါတယ္။
၄။ မတ္တပ္ရပ္အေနအထား၊ ထိုင္လ်က္အေနအထား၊ ဘယ္လိုအေနအထားမ်ိဳးနဲ႔ ဆက္ဆံသည္ျဖစ္ေစ ကိုယ္၀န္ရႏိုင္ပါတယ္။
မိန္းကေလးတစ္ေယာက္ဟာ မတ္တပ္ရပ္ၿပီး ဆက္ဆံမယ္၊ ထိုင္လ်က္ဆက္ဆံမယ္၊ အေပၚကေနၿပီးး ဆက္ဆံမယ္ဆိုရင္ ကိုယ္၀န္မရႏိုင္ဘူးလို႔ ၾကားမိပါလိမ့္မယ္။ အမွန္ကေတာ့ ဘယ္လိုအေနအထားမ်ိဳးျဖစ္ပါေစ၊ ကြန္ဒုံးမသုံးဘူး၊ ကိုယ္၀န္တားေဆး မသုံးဘူးဆိုရင္ ကိုယ္၀န္ရႏိုင္တာခ်ည္းပါပဲ။ ေနရာနဲ႔လည္း မဆိုင္သလို၊ ေရခ်ိဳးရင္း ဆက္ဆံရင္လည္း ရသြားႏိုင္ပါတယ္။ ကိုယ္၀န္ရဖို႔က သုက္ပိုးနဲ႔ မမ်ိဳးဥနဲ႔ ေတြ႕ဖို႔ပဲ လိုအပ္တာမို႔ ဘယ္လိုပုံစံနဲ႔ ဘယ္လိုေနရာမွာ ဆက္ဆံဆက္ဆံ ကိုယ္၀န္ရသြားႏိုင္ပါတယ္။
၅။ ပါးစပ္နဲ႔ ဆက္ဆံရင္ ကိုယ္၀န္မရႏိုင္ပါ။
ပါးစပ္နဲ႔ ဆက္ဆံရင္ ကိုယ္၀န္ရတတ္တယ္လို႔ ၾကားဖူးထားပါလိမ့္မယ္။ အမွန္က ေယာက်ာ္းေလးရဲ႕ သုက္ရည္ကို မ်ိဳခ်လိုက္ဦးေတာ့ ကိုယ္၀န္မရႏိုင္ပါဘူး။ ဒါေပမယ့္ လိင္ကတစ္ဆင့္ ကူးစက္တဲ့ ေရာဂါေတြေတာ့ ရသြားႏိုင္ပါတယ္။ ဒါေၾကာင့္မို႔ ပါးစပ္နဲ႔ ဆက္ဆံမယ္ဆိုရင္ ကြန္ဒုံးသုံးတာ၊ မိန္းကေလးေတြမွာလည္း Dam လို႔ ေခၚတဲ့ အကာအကြယ္ပစၥည္းသုံးတာမ်ိဳး လုပ္ဖို႔ေတာ့ လိုအပ္ပါတယ္။
၆။ အရက္ေသာက္ျခင္းက လိင္ဆက္ဆံမႈကို ဘာမွ အေထာက္အကူမေပးပါ။
အရက္ေသာက္ထားရင္ လိင္ဆက္ဆံမႈမွာ ပိုၿပီးစြမ္းေဆာင္ႏိုင္တယ္ဆိုတာ မဟုတ္ပါဘူး။ အရက္ေသာက္ထားရင္ ဆုံးျဖတ္ခ်က္ေတြ မွားသြားႏိုင္တယ္၊ အဆင္သင့္မျဖစ္ေသးခ်ိန္မွာ ဆက္ဆံမိတာ၊ ကိုယ္မႏွစ္သက္သူနဲ႔ ဆက္ဆံမိတာ၊ ဒါမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ အရက္က စိတ္ခံစားမႈကိုလည္း ပိုေကာင္းေစမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ အရက္ေသာက္ၿပီး လိင္ဆက္ဆံမယ္ဆိုရင္ ေနာင္တရေနမိပါလိမ့္မယ္။
၇။ ကြန္ဒုံးအစား တျခားပလပ္စတစ္အိတ္ေတြ၊ ႂကြပ္ႂကြပ္အိတ္ေတြ သုံးလို႔ မရပါဘူး။ အလုပ္မျဖစ္ပါဘူး။
ကြန္ဒုံးအစား အဲဒါေတြ သုံးလို႔ရတယ္လို႔ ထင္ေနၾကတာ မွားပါတယ္။ မရပါဘူး။ ကြန္ဒုံးကသာ လိင္ကတစ္ဆင့္ ကူးစက္တဲ့ေရာဂါေတြကို ကာကြယ္ႏိုင္မွာ ျဖစ္ပါတယ္။ ကြန္ဒုံးေတြက နီးစပ္ရာေဆးခန္းေတြ၊ ေဆးဆိုင္ေတြ၊ ေစ်း၀ယ္စင္တာေတြမွာ အလြယ္တကူ ၀ယ္လို႔ရပါတယ္။ စိတ္ခ်ယုံၾကည္ရတဲ့ အမွတ္တံဆိပ္ေတြ ဟုတ္မဟုတ္ကိုေတာ့ ေသခ်ာစစ္ေဆးဖို႔ လိုပါမယ္။
၈။ လိင္ဆက္ဆံမႈ မရွိလို႔ ေယာက်ာ္းေလးရဲ႕ ေဝွးေစ့ေတြ ေပါက္ကြဲမထြက္ႏိုင္ပါဘူး။
လိင္ဆက္ဆံမႈမရွိရင္ ေဝွးေစ့ေတြ မေပါက္ကြဲသြားတတ္ပါဘူး။ ေယာက်ာ္းတစ္ေယာက္ဟာ သုက္ေကာင္ေတြ အၿမဲေတြ ထုတ္လုပ္ေနပါတယ္။ အျပင္ကို စြန္႔မထုတ္ဘူးဆိုရင္ သုက္ေကာင္ေတြက ခႏၶာကိုယ္ထဲမွာ ရွိေနပါတယ္။ သူတို႔ လိင္စိတ္ေျဖလိုက္လို႔၊ ဒါမွမဟုတ္ အိပ္ေနရင္း သုက္ထြက္လို႔ရွိရင္ေတာ့ အျပင္ကို ထြက္လာပါလိမ့္မယ္။ လိင္ဆက္ဆံမႈရွိေနဖို႔ မလိုပါဘူး။
၉။ ကြန္ဒုံးကို ေလွ်ာ္ၿပီး ျပန္သုံးလို႔မရပါဘူး။
တစ္ေယာက္ေယာက္က ကြန္ဒုံးကို ေလွ်ာ္ၿပီး ျပန္သုံးလို႔ရတယ္ေျပာရင္ မယုံပါနဲ႔။ တစ္ႀကိမ္တစ္ခါပဲ သုံးလို႔ရပါတယ္။ တစ္ခါသုံးၿပီးသြားလို႔ ေနာက္တစ္ခါ ထပ္ဆက္ဆံမယ္ရင္ ေနာက္တစ္ခု အသစ္သုံးဖို႔ လိုပါမယ္။ ဒါက အမ်ိဳးသားသုံးျဖစ္ျဖစ္၊ အမ်ိဳးသမီးသုံးကြန္ဒုံးျဖစ္ျဖစ္ အတူတူပါပဲ။ လိင္ဆက္ဆံခ်ိန္ မိနစ္ ၃၀ ၾကာၿပီးရင္လည္း ကြန္ဒုံးအသစ္လဲဖို႔ လိုပါတယ္။ အခ်ိန္ၾကာျမင့္တဲ့ ပြတ္တိုက္မႈေတြက ကြန္ဒုံးကို ေပါက္ၿပဲသြားေစႏိုင္လို႔ပါ။
၁၀။ တစ္ႀကိမ္တည္း ဆက္ဆံလိုက္႐ုံနဲ႔ ကိုယ္၀န္ရသြားႏိုင္ပါတယ္။
ကိုယ္၀န္ရဖို႔ အႀကိမ္ေပါင္းမ်ားစြာ လိင္ဆက္ဆံဖို႔လိုတယ္ ဆိုတာ မွားပါတယ္။ တစ္ႀကိမ္တည္းနဲ႔လည္း ကိုယ္၀န္ရသြားႏိုင္ပါတယ္။ ဒါေၾကာင့္ လိင္ဆက္ဆံတိုင္း ကိုယ္၀န္တားနည္းတခုခု သုံးပါ။ လိင္ကတစ္ဆင့္ ကူးစက္တဲ့ေရာဂါေတြ ရမသြားေအာင္ ကြန္ဒုံးသုံးပါ။
၁၁။ လိင္ကတစ္ဆင့္ ကူးစက္တဲ့ေရာဂါေတြရွိေနတိုင္း ေရာဂါလကၡဏာ ျပမွာ မဟုတ္ပါ။
လိင္ကတစ္ဆင့္ ကူးစက္တဲ့ေရာဂါရသြားရင္ ဆီးသြားတဲ့အခါ နာက်င္မယ္၊ အျဖဴရည္ေတြ ထြက္မယ္၊ ဒါေၾကာင့္ သတိထားကို ထားမိလိမ့္မယ္ဆိုတာ မွားပါတယ္။
လူမ်ားစုဟာ အဲဒီလကၡဏာေတြ သတိမထားမိတတ္ၾကတာမို႔ ေရာဂါရွိေနတာကိုလည္း မသိၾကပါဘူး။ လူတစ္ေယာက္မွာ ကာလသားေရာဂါရွိမရွိကို ၾကည့္႐ုံနဲ႔လည္း ေျပာႏိုင္မွာ မဟုတ္တာေၾကာင့္ တကယ္လို႔ သံသယရွိတယ္ဆိုရင္ နီးစပ္ရာေဆး႐ုံေဆးခန္း ျပၾကည့္ဖို႔ လိုအပ္ပါတယ္။
၁၂။ အမ်ိဳးသမီးခ်င္း လိင္ဆက္ဆံရင္လည္း လိင္ကတစ္ဆင့္ ကူးစက္တဲ့ေရာဂါေတြ ရႏိုင္ပါတယ္။
အမ်ိဳးသမီးတစ္ေယာက္မွာ လိင္ကတစ္ဆင့္ ကူးစက္တဲ့ေရာဂါပိုးရွိေနမယ္ဆိုရင္ သူ႔လိင္အဂၤါကထြက္တဲ့ အရည္ေတြ၊ ေသြးနဲ႔ အထိအေတြ႕ေတြကတစ္ဆင့္ သူနဲ႔ဆက္ဆံတဲ့သူဆီကို ကူးစက္သြားႏိုင္ပါတယ္။ လိင္တံအတုကို မွ်ၿပီးသုံးမယ္ဆိုရင္ ကြန္ဒုံးစြပ္ပါ၊ ပါးစပ္နဲ႔ ဆက္ဆံမယ္ဆိုလည္း လိင္အဂၤါအစြပ္ကို သုံးပါ။
၁၃။ ရာသီေပၚၿပီဆို႐ုံနဲ႔ ဒီမိန္းကေလးဟာ လိင္ဆက္ဆံဖို႔ အသင့္ျဖစ္ေနၿပီ ေျပာလို႔မရပါဘူး။
ရာသီေပၚၿပီ ဆိုတာဟာ ဒီမိန္းကေလး အ႐ြယ္ေရာက္လာၿပီ၊ လိင္ဆက္ဆံမႈျပဳလိုက္ရင္ ကိုယ္၀န္ရသြားႏိုင္ၿပီဆိုတဲ့ အဓိပၸါယ္ျဖစ္ပါတယ္။ လိင္ဆက္ဆံဖို႔အတြက္ အဆင္သင့္ျဖစ္ေနၿပီဆိုတဲ့ အဓိပၸါယ္မ်ိဳး မဟုတ္ပါဘူး။
လူေတြဟာ လိင္ဆက္ဆံဖို႔ အသင့္ျဖစ္တဲ့အခ်ိန္ တစ္ေယာက္နဲ႔တစ္ေယာက္ မတူၾကပါဘူး။ ဒါက တစ္ဦးခ်င္းစီရဲ႕ ဆုံးျဖတ္ခ်က္သာ ျဖစ္ပါတယ္။