အမေရိကန်နိုင်ငံရှိရောဂါထိန်းချုပ်ရေး
ဗဟိုဌာနချုပ် Center of Disease Control(CDC)၏
"ချစ်ကွန်ကွန်းယား" ဆင်တုပ်ကွေးအဖျားကြောင့်
ဖြစ်သည့် အဆစ်ရောင်ရောဂါအကြောင်းကို
ဖတ်ကြည့်မိသောအခါတွင် ယခု မြန်မာပြည်တွင်
လူအများခံစားနေကြရသည်နှင့် တစ်ထပ်တည်း
တူညီနေသည်ကိုတွေ့ရသည်။
ဆင်တုပ်ကွေးရောဂါ သည်
အများအားဖြင့်အဆစ်ကြီးကြီးတွေ
ရောင်ရမ်းနာကျင်တတ်သည်။
ဘယ်လိုမျိုး အဆစ် ြကီးြကီးတွေနာကျင်ရမလဲဆိုရင်
🔴 ပုခုံးဆစ်
🔴 တတောင်ဆစ်
🔴 လက်ကောက်ဝတ်ဆစ်
🔴 ခါးရိုးဆစ်
🔴 ကျောရိုးဆစ်
🔴 တင်ပဆုံရိုးဆစ်
🔴 ဆီးခုံရိုးဆစ်
🔴 ပေါင်ရင်းဆစ်..တင်ပခွက်ဆစ်..
🔴 ဒူးဆစ်..
🔴 ခြေကောက်ဝတ်ဆစ်..
🔴 ဖနောင့်..
🔴 ခြေချောင်းဆစ်
🔴 လက်ချောင်းဆစ်များ ရောင်ရမ်းနာကျင်တတ်သည်။
အဆစ်ရောင်ရမ်းမှုအပြင် ကြွက်သားကြီး
များလည်းရောင်ရမ်းတတ်သည်။
🔵 ပခုံးကြွက်သားများ
🔵 လက်ပြင်ကြွက်သားများ
🔵 ရင်ဘတ်ကြွက်သားများ
🔵 ပုခုံးကြွက်သားများ
🔵 လက်မောင်းကြွက်သားများ
🔵 လက်ဖျံကြွက်သားများ
🔵 တင်ပဆုံကြွက်သားများ
🔵 ပေါင်ကြွက်သားများ
🔵 ခြေသလုံးကြွက်သားများ
ကိုင်ရိုက်ထားသကဲ့သို့ ရောင်ရမ်းနာကျင်နေတတ်သည်။
❗တစ်ချို ့မှာ လပေါင်းများစွာနာကျင်မှုဝေဒနာ
ခံရတတ်ပြီး ယခုအချိန်ထိ ၂ ပတ်ကြာတဲ့အထိ
နာနေသောလူနာများကိုသာတွေ့ရပါသေးသည်။
❗လူတယောက်နှင့်တစ်ယောက်
ရောဂါဒဏ်ကိုခံနိုင်ရည်ရှိမှုမတူကြသည်ကိုတွေ့ရသည်။
တစ်ချို ့ မှာ ၃ရက်မှ ၅ ရက်၊ သို့မဟုတ်
ရက်သတ္တတစ်ပတ်လောက်နှင့် သက်သာသွား
သော်လည်း တချို ့မှာ ၂ ပတ်၊၃ပတ်မှ
တစ်လလောက်အထိအချိန်ကြာကြာနာကျင်မှုကို
ဒဏ်ခံစားရတတ်သည်။
သတိပြုစရာများမှာ ⤵️
❌ Chikungunya..ဆင်တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေးမရှိသေးပါ။
❌ ဆရာဝန်များ ကုသပေးနေကြသည်မှာ
Chikungunya..ဆင်တုပ်ကွေးရောဂါကို
ကုသပေးနေကြတာမဟုတ်ပါ။
❌ Vaxagrip..လို..တုပ်ကွေးကာကွယ်ဆေးမှာ..
Chikungunya Virus..မပါသည့်အတွက်..
တုပ်ကွေးကာကွယ်ဆေးထိုးထားသော်လည်း
ရောဂါပိုးပါသည့်ခြင်ကိုက်ခံရပါက ရောဂါကူးစက်
ခံရမည်ဖြစ်သည်။
❌ ရောဂါပိုးသယ်ဆောင်လာသည့်
ခြင်ကိုက်ခံရမှု ကြောင့် ရောဂါကူးစက်ခံရတတ်
သောကြောင့် ခြင်ကိုက်မခံရအောင်သတိထားရ
ပါမည်။ ခြင်မပေါက်ပွားအောင်နည်းလမ်းကို
ရှာကြရပါမည်။
❌ Chikingunya..ဆင်တုပ်ကွေးရောဂါအတွက်
ဗိုင်းရပ်စ်ပိုးကိုတိုက်ခိုက်နိုင်သောဆေးမပေါ်
သေးဟုထုတ်ပြန်ချက်များအရသိရသည်။
❗ဆရာဝန်များ ကုသပေးနေကြသည်မှာ တုပ်ကွေးပိုးကြောင့်..
☑ အဖျားကြီးနေသည်ကိုအဖျားလျော့လာအောင်
ဆေးထိုးသောက်ဆေးပေးကြခြင်းဖြစ်သည်။
☑ သွေးပေါင်ချိန်ကျသွားလျင်၊ ရေခမ်းခြောက်သည့်
လက္ခဏာပြလျင် ဓာတ်ဆားရည်သွင်းပေးခြင်းနှင့်
ဓာတ်ဆားရည်သောက်ခိုင်းသည်။
☑ ကိုက်ခဲနာကျင်တာသက်သာအောင်..
အကိုက်အခဲပျောက်ဆေးထိုးပေးခြင်းနှင့်
သောက်ဆေးပေးခြင်းဖြစ်သည်။
☑ တုပ်ကွေးကြောင့် ကိုယ်ခန္ဓာ၏
သဘာဝခုခံအားများကျသွားတတ်ပါသည်။
ထိုအခါမျိုးတွင် ဘက်တီးရီးယားရောဂါပိုးများ
အပိုဝင်လာတတ်သောကြောင့် သင့်လျော်သည့်
ပိုးသတ်ဆေးများထိုးသင့်ပါကထိုးပေးရသကဲ့သို့
သာက်ဆေးပေးသင့်ပါကလည်းပေးရပါသည်။
😰 အမှန်မှာ ယခုဖြစ်နေသည့် Chikungunya virus ပိုးအတွက် သီးသန့်ထုတ်ထားသည့်ဆေး
တစ်ခုမျှမပါသကဲ့သို့ရှိလည်းမရှိေြကာင်းတွေ့ရပါသည်။
++++++++++++++++++++++++++++++++++++
✌ Chikungunya..ဆင်တုပ်ကွေးရောဂါ
ပျောက်ကင်းဖို့အတွက်..အဓိကအရေးကြီးဆုံးမှာ
ခန္ဓာကိုယ်ရဲ့သဘာဝခုခံကာကွယ်အား..
Immunity ကိုမြင့်တင်နိုင်ဖို့ပဲဖြစ်ပါသည်။
☝🏻 လိုက်နာဖို့လိုသည်မှာ....
😌 အိပ်ရေးဝဝအိပ်ရမည်။
😌 သက်တောင့်သက်သာအနားယူရမည်။
😌 ပင်ပန်းသည့်အလုပ် မလုပ်ရပါ။
😌 ပင်ပင်ပန်းပန်းအားကစားမျိုးမလုပ်ရပါ။
😌 အဟာရ ပြည့်ဝသည့် အသား၊ငါး၊ကြက်ဥ၊
နွားနို့၊ ပဲနို့ ၊ ငှက်ပျောသီး များများစားရမည်၊
များများသောက်ရမည်။
😌 သဘာဝသစ်သီးရည်များ၊ လတ်လတ်
ဆတ်ဆတ်အသီးများများစားပေးရမည်။
😌 အိုဗာတင်း၊ကွေကာ၊ ဟောလစ်၊ မိုင်လို၊
အင်ရှူ းယားစသည့် အဟာရမှုန့်များးဖျော်သောက်
ပေးရမည်။
😌 ရေဓာတ်ပြည့်ဝနေအောင်ဂရုတစိုက်ဖြင့်
ရေများများသောက်ပေးရမည်။
😌 သွေးပေါင်ကျနေပါက၊ ခြေလက်ညောင်းပြီး
ပျော့နေပါက ဓာတ်ဆားထုပ်ဖျော်သောက်ရမည်။
😌 Chikungunya..အဆစ်ရောင်ရမ်းနာ
ကြွက်သားရောင်ရမ်းနာအတွက်
အကောင်းဆုံးမှာ
😌 ရေနွေးခပ်နွေးနွေးနဲ့စိမ်ချိုးခြင်း။
😌 ရေစိမ်ကန်မရှိပါက ရေနွေးနဲ့ခပ်ကြာကြာ
ချိုးခြင်း။ အဝတ်လေးကိုရေနွေးမှာစိမ်၊
ဆပ်ပြာအမြုပ်ထအောင်လုပ်၊ ခန္ဓာကိုယ်အနှံ့
ပွတ်တိုက်ခြင်းလည်းထိရောက်ပါသည်။
😌 ရေနွေးကြောင့်ရောင်နေသည့်အဆစ်များ
ရောင်နေသည့်ကြွက်သားများပြေလျော့ပြီး
သိသိသာသာနာကျင်မှုဒဏ်လျော့ကျစေပါသည်။
😌 ရေနွေးဖြင့်ရေချိုးဖို့အတွက်မဖြစ်နိုင်ပါက
ဝန်လေးနေပါက၊ကြောက်နေပါက၊
ရေနွေးအိတ်လေးေ၉ာ်လည်းကောင်း၊
ရေနွေးပုလင်းလေးသော်လည်းကောင်း
နာနေသည့် အဆစ်များကြွက်သားများတွင်
ကပ်ထားလည်းဖြစ်ပါသည်။
အထူးသတိထားရမည်မှာ.....
☑ အဆစ်များ ကြွက်သားများကို လုံးဝလုံးဝ
နှိပ်နှယ်ခြင်း၊ အနင်ခံခြင်း၊အဆစ်ချိုးခြင်း၊
အဆစ်ဆွဲဆန့်ခြင်းမလုပ်ရပါ။
☑ တုပ်ကွေးကြောင့်အဆစ်ရောင်ကြွက်သား
ရောင်သည့်အခါ
အဆစ်များကြွက်သားများနုသွားကြပါသည်။
☑ နုနေသည့် အဆစ်များ ကြွက်သားများကို
ကြမ်းကြမ်းတမ်းတမ်းကိုယ်တွယ်မိပါက
ဒဏ်ရာအကြီးကြီးရသွားနိုင်ပါသည်။
✌Chikungunya တုပ်ကွေးရောဂါသည်
ခန္ဓကိုယ်၏ သဘာဝခုခံအား Immunity နှင့်
အလိုအလျောက်ပျောက်ကင်းနိုင်သော်လည်း
အခန့်မသင့်ပါက နောက်ဆက်တွဲရောဂါ
ကြီးကြီးမားမားရတတ်သောကြောင့်
တတ်ကျွမ်းနားလည်သည့် ဆရာဝန်များထံတွင်
ပြသပြီး ကုသစေဖို့ အကြံပြုပါသည်။
အထူးသဖြင့်....
☑ အကိုက်အခဲအမြန်ပျောက်စေသည့်
စပ်ထုပ်ဆေးများသည် အခုဖြစ်နေသော
တုပ်ကွေးရောဂါအား ပိုဆိုးစေသည့်အတွက်
ရှောင်ကြဖို့အထူးလိုအပ်ပါသည်။
☑ စပ်ထုပ်ဆေးများတွင်
ခန္ဓာကိုယ်၏ သဘာဝခုခံအားကို
ပျက်စီးစေနိုင်သည့် ဒက်စာမီသာစုန်း၊
ပရက်နီဆိုလုံး စသည့် စတီးရွိုက်များ
ပါပါနေတတ်သောကြောင့်ဖြစ်သည်။
ဆင်ခြင်နိုင်ကြပါစေ..🙏🏻
အသိတိုးကြပါစေ.☝🏻
ဖျားသူတွေအမြန်ပျောက်ကြပါစေ..💪🏻
မဖျားသေးသူတွေ..မဖျားကြပါစေနှင့်..🙏🏻
မေတ္တာဖြင့်
crd
ဒေါက်တာဦးစိုင်းဟန်ကျော်စိန်
ဆမ.၁၁၀၀၈
M.B.,B.S;Dip.Med.Sc;
M.Med.(National University of Singapore);
Completion Certificate in Family Medicine
#shadenews
#Zawgyi
Virus များထဲမှ ကာကွယ်ဆေးမရှိသေးသော
Chikungunya Virus ကြောင့်ဖြစ်သည့်
ဆင်တုပ်ကွေးရောဂါ အကြောင်းတစေ့တစောင်း
+++++++++++++++++++++++++++++++
ဆင်တုပ်ကွေးရောဂါ သည်
ဘယ်လိုမျိုး အဆစ် ကြီးကြီးတွေနာကျင်ရမလဲဆိုရင်
🔴 ပုခုံးဆစ်
🔴 တတောင်ဆစ်
🔴 လက်ကောက်ဝတ်ဆစ်
🔴 ခါးရိုးဆစ်
🔴 ကျောရိုးဆစ်
🔴 တင်ပဆုံရိုးဆစ်
🔴 ဆီးခုံရိုးဆစ်
🔴 ဒူးဆစ်..
🔴 ခြေကောက်ဝတ်ဆစ်..
🔴 ဖနောင့်..
🔴 ခြေချောင်းဆစ်
🔵 ပခုံးကြွက်သားများ
🔵 လက်ပြင်ကြွက်သားများ
🔵 ရင်ဘတ်ကြွက်သားများ
🔵 ပုခုံးကြွက်သားများ
🔵 လက်ဖျံကြွက်သားများ
🔵 တင်ပဆုံကြွက်သားများ
🔵 ပေါင်ကြွက်သားများ
ဒဏ်ခံစားရတတ်သည်။
သတိပြုစရာများမှာ ⤵️
ကုသပေးနေကြတာမဟုတ်ပါ။
ခံရမည်ဖြစ်သည်။
ရှာကြရပါမည်။
တစ်ခုမျှမပါသကဲ့သို့ရှိလည်းမရှိကြောင်းတွေ့ရပါသည်။
++++++++++++++++++++++++++++++++++++
😌 အိပ်ရေးဝဝအိပ်ရမည်။
များများသောက်ရမည်။
ပေးရမည်။
အကောင်းဆုံးမှာ
ကပ်ထားလည်းဖြစ်ပါသည်။
အထူးသတိထားရမည်မှာ.....
ရောင်သည့်အခါ
အထူးသဖြင့်....
☑ စပ်ထုပ်ဆေးများတွင်
ဆင်ခြင်နိုင်ကြပါစေ..🙏🏻
အသိတိုးကြပါစေ.☝🏻
မေတ္တာဖြင့်
crd
ဆမ.၁၁၀၀၈
M.B.,B.S;Dip.Med.Sc;
#shadenews